ကမ္ဘာစစ်ကြောင့် ပျောက်ကွယ်သွားခဲ့ရတဲ့ အမှတ်တရတခု (သို့) ကွမ်းခြံဘူတာ ခေါ် ရန်ကုန်ဘူတာကြီး…

Posted on

ကမ္ဘာစစ်ကြောင့် ပျောက်ကွယ်သွားခဲ့ရတဲ့ အမှတ်တရတခု (သို့) ကွမ်းခြံဘူတာ ခေါ် ရန်ကုန်ဘူတာကြီး…

အောက်ဖော်ပြပါ ရန်ကုန်ဘူတာ အဆောက်အဦးအား (၁၉၁၀) ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါသည်။

(၁၈၇၆)ခုနှစ်၌ ပထမဦးဆုံး ဆောက်လုပ်ခဲ့သော သွပ်မိုးသစ်သားနှင့်ဘူတာရုံအဆောက်အဦးအား ဖျက်သိမ်းလိုက်ကာ ယခုဘူတာရုံအား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆာက်အဦးဒီဇိုင်းအား အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှ အစုိးရ ဗိသုကာအကြံပေးဟောင်း “မစ္စတာဝီလ်ကော့” မှ ဒီဇိုင်းပုံစံရေးဆွဲပေးခဲ့သည်။

မစ္စတာဝီကော့သည် ရန်ကုန်ဘူတာကြီးကို စီမံကိန်းဧရိယာ စတုန်ရန်းပေ (၁၀၀၀၀၀) အနက် ဘူတာကြီး ပင်မအဆောက်အဦအတွက် စတုရန်းပေ ( ၆၀၄၀၀) နှင့် ကျန်အဆောက်အဦများနှင့် ရထားလမ်းအတွက် ၅၈၄၀၀ စတုရန်းပေ အသုံးပြုရန် ပုံစံထုတ်ခဲ့သည်။

ထိုဘူတာကြီးတွင် ပေ (၁၀၀၀) ရှည်ပီး (၅)ပေ ကျယ်သော စကြင်္ ံများနှင့် ပေ (၂၅၀) ရှည်သော ကုန်လှောင်ရုံများလည်းပါဝင်ခဲ့သည်။

အဆောက်အဦးပုံစံမှာ ကိုလိုနီခေတ် လက်ရာ ဝိတိုရိယအဆောက်အဦးဖြစ်သည်။ဘူတာကြီး၏ မျက်နှာစာတွင် မော်တော်ကား၊ မြင်းလှည်း၊ လန်ချားနှင့်လက်တွန်းလှည်းများ ရပ်နားရန်နေရာနှင့် ကုန်ပစ္စည်းများ သယ်ယူရန်နေရာများ ပြုလုပ်ခဲ့သည်။

ဘူတာကြီး၏ တောင်ဘက်တွင် ဗိသုကာပညာရှင် မစ္စတာဝီလ်ကော့ကို ဂုဏ်ပြုသော နာရီစင်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဘူတာဝင်းကြီး၏ အနောက်ဘက်တွင် မီးရထားဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ထိုဘူတာရုံအတွက် ကုန်ကျစရိတ်မှာ (၃,၂၄၂,၀၀၀) ကျပ်ကုန်ကျခဲ့၏။

ဘူတာရုံအား (၁၉၁၁) ခုနှစ် ဧပြီလ (၄)ရက်နေ့တွက် ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင် ကိုယ်တိုင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

ဘူတာရုံအနီးတွင် ကွမ်းခြံများရှိသောကြောင့် “ကွမ်းခြံဘူတာ”ဟူ၍လည်း ခေါ်တွင်လေသည်။

ဒုတိယကမ္ဘာစစ်၌ ထိုဘူတာရုံအဆောက်အဦးမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့လေသည်။

ယနေ့ခေတ် မြင်တွေ့နေရသော ရန်ကုန်ဘူတာကြီးအဆောက်အဦးမှာ (၁၉၄၇ ) ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကိုးကား – မြန်မာတိုင်းမ် Web Page မှ ဇင်ယော် (မာန်) ၏ ရှေးဟောင်းသမိုင်းဝင် ရန်ကုန်ဘူတာကြီး ◾အောင်မင်းမြင့် – မီးရထားသမိုင်း ◾ဓာတ်ပုံ – Alamy stock photo website

မူရင်း ဆရာ Zaw Moe Aung (၁၅.၁၀.၂၀၂၁) ရေးသားသည်။ လေးစားစွာဖြင့် ခရက်ဒစ် / ပြန်လည်မျှဝေဖော်ပြပါသည်။

crd
zawgyi
ကမာၻစစ္ေၾကာင့္ ေပ်ာက္ကြယ္သြားခဲ့ရတဲ့ အမွတ္တရတခု (သို႔) ကြမ္းၿခံဘူတာ ေခၚ ရန္ကုန္ဘူတာႀကီး…

ေအာက္ေဖာ္ျပပါ ရန္ကုန္ဘူတာ အေဆာက္အဦးအား (၁၉၁၀) ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ပါသည္။

(၁၈၇၆)ခုႏွစ္၌ ပထမဦးဆုံး ေဆာက္လုပ္ခဲ့ေသာ သြပ္မိုးသစ္သားႏွင့္ဘူတာ႐ုံအေဆာက္အဦးအား ဖ်က္သိမ္းလိုက္ကာ ယခုဘူတာ႐ုံအား ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

အဆာက္အဦးဒီဇိုင္းအား အိႏၵိယႏိုင္ငံ ဘုံေဘၿမိဳ႕မွ အစုိးရ ဗိသုကာအႀကံေပးေဟာင္း “မစၥတာဝီလ္ေကာ့” မွ ဒီဇိုင္းပုံစံေရးဆြဲေပးခဲ့သည္။

မစၥတာဝီေကာ့သည္ ရန္ကုန္ဘူတာႀကီးကို စီမံကိန္းဧရိယာ စတုန္ရန္းေပ (၁၀၀၀၀၀) အနက္ ဘူတာႀကီး ပင္မအေဆာက္အဦအတြက္ စတုရန္းေပ ( ၆၀၄၀၀) ႏွင့္ က်န္အေဆာက္အဦမ်ားႏွင့္ ရထားလမ္းအတြက္ ၅၈၄၀၀ စတုရန္းေပ အသုံးျပဳရန္ ပုံစံထုတ္ခဲ့သည္။

ထိုဘူတာႀကီးတြင္ ေပ (၁၀၀၀) ရွည္ပီး (၅)ေပ က်ယ္ေသာ စၾကၤ ံမ်ားႏွင့္ ေပ (၂၅၀) ရွည္ေသာ ကုန္ေလွာင္႐ုံမ်ားလည္းပါဝင္ခဲ့သည္။

အေဆာက္အဦးပုံစံမွာ ကိုလိုနီေခတ္ လက္ရာ ဝိတိုရိယအေဆာက္အဦးျဖစ္သည္။ဘူတာႀကီး၏ မ်က္ႏွာစာတြင္ ေမာ္ေတာ္ကား၊ ျမင္းလွည္း၊ လန္ခ်ားႏွင့္လက္တြန္းလွည္းမ်ား ရပ္နားရန္ေနရာႏွင့္ ကုန္ပစၥည္းမ်ား သယ္ယူရန္ေနရာမ်ား ျပဳလုပ္ခဲ့သည္။

ဘူတာႀကီး၏ ေတာင္ဘက္တြင္ ဗိသုကာပညာရွင္ မစၥတာဝီလ္ေကာ့ကို ဂုဏ္ျပဳေသာ နာရီစင္တစ္ခုကို တည္ေဆာက္ခဲ့ၿပီး ဘူတာဝင္းႀကီး၏ အေနာက္ဘက္တြင္ မီးရထားဟိုတယ္တစ္ခုကို ဖြင့္လွစ္ခဲ့သည္။

ထိုဘူတာ႐ုံအတြက္ ကုန္က်စရိတ္မွာ (၃,၂၄၂,၀၀၀) က်ပ္ကုန္က်ခဲ့၏။

ဘူတာ႐ုံအား (၁၉၁၁) ခုႏွစ္ ဧၿပီလ (၄)ရက္ေန႔တြက္ ဒုတိယဘုရင္ခံခ်ဳပ္ ဆာဟင္နရီအဒမ္ဆင္ ကိုယ္တိုင္ အခမ္းအနားျဖင့္ ဖြင့္လွစ္ေပးခဲ့သည္။

ဘူတာ႐ုံအနီးတြင္ ကြမ္းၿခံမ်ားရွိေသာေၾကာင့္ “ကြမ္းၿခံဘူတာ”ဟူ၍လည္း ေခၚတြင္ေလသည္။

ဒုတိယကမာၻစစ္၌ ထိုဘူတာ႐ုံအေဆာက္အဦးမွာ ဗုံးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ေလသည္။

ယေန႔ေခတ္ ျမင္ေတြ႕ေနရေသာ ရန္ကုန္ဘူတာႀကီးအေဆာက္အဦးမွာ (၁၉၄၇ ) ခုႏွစ္တြင္ ျပန္လည္တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

ကိုးကား – ျမန္မာတိုင္းမ္ Web Page မွ ဇင္ေယာ္ (မာန္) ၏ ေရွးေဟာင္းသမိုင္းဝင္ ရန္ကုန္ဘူတာႀကီး ◾ေအာင္မင္းျမင့္ – မီးရထားသမိုင္း ◾ဓာတ္ပုံ – Alamy stock photo website

မူရင္း ဆရာ Zaw Moe Aung (၁၅.၁၀.၂၀၂၁) ေရးသားသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္ / ျပန္လည္မွ်ေဝေဖာ္ျပပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *