ကမ္ဘာ့ နာမည်ကြီး အရှည်ဆုံးနဲ့ အကြီးမားဆုံး ရထားတွဲကြီးများအကြောင်း….

Posted on

ကမ္ဘာ့ နာမည်ကြီး အရှည်ဆုံးနဲ့ အကြီးမားဆုံး ရထားတွဲကြီးများအကြောင်း….

ကမ္ဘာပေါ်မှာ သယ်ယူပို့ဆောင်ရေးရဲ့ အစောဆုံးလမ်းကြောင်းတွေကို အင်္ဂလန်က စတင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆,၀၀၀ နီးပါးကို ပြန်ခြေရာခံနိုင်ပါတယ်။အဲဒီနောက် ဂရိနိုင်ငံက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၆၀၀ ကျော်မှာ လှေများဖြင့် ၄-၅ မိုင် အကွာအဝေးကို ဖြတ်ကူးခဲ့ဖူးတဲ့ လမ်းကြောင်းအထောက်အထားတွေလည်း ရှိခဲ့ဖူးပါတယ်။နှစ်ပေါင်း ထောင်ကျော်ကြာပြီးနောက်မှာတော့ တစ်ချိန်က လူနဲ့တိရစ္ဆာန်များ အသုံးပြုခဲ့တဲ့ သယ်ယူပို့ဆောင်ရေး လှည်းများကို ဒီဇယ်အင်ဂျင်ပါ မီးရထားတွေနဲ့ စတင်အစားထိုးခဲ့ပါတော့တယ်။ရထားဟာ လူသားတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ချဲ့ထွင်မှုသမိုင်းမှာ အထင်ရှားဆုံး တီထွင်မှုတစ်ခုဖြစ်ပါတယ်။ နှစ်စဉ် သန်းပေါင်းများစွာသောလူများအတွက် အရေးပါတဲ့ ခရီးသွားလာမှုကို ကူညီပံ့ပိုးပေးနေတဲ့ ရထားတွေဟာ အနာဂတ်မှာလည်း မှိန်ဝါးသွားဖို့ မရှိပါဘူး။

ဒါကြောင့် ဒီနေ့မှာတော့ ဗဟုသုတရဖွယ်ရာ ကမ္ဘာပေါ်မှာ အရှည်တကာ့ အရှည်ဆုံးဆိုတဲ့ ရထားတွေကို ဖော်ပြပေးသွားချင်ပြီး အလျားယူနစ်အဖြစ် သို့မဟုတ် ဆွဲလှည်း အရေအတွက်ဖြင့် တိုင်းတာပါက ကမ္ဘာပေါ်က အကြီးဆုံး ရထားတွေဟာ မိတ်ဆွေထင်ထားတာထက် အဆပေါင်းများစွာ ပိုလျှံနေပါလိမ့်မယ်။

Shinkansen N700 ‘ကျည်ဆန်ရထား’

Shinkansen ကျည်ဆန်ရထားဟာ ကမ္ဘာ့အကျော်ကြားဆုံး ရထားတွေထဲမှ တစ်ခုပါ။ အနာဂတ် N700 စီးရီးဟာ အလေးချိန် ၇၁၆ တန် ရှိပါတယ်။

တိုကျိုမြို့မှ အိုဆာကာသို့ မိုင် ၃၁စ အကွာအဝေးကို တစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ ၂ နာရီအတွင်း မောင်းနှင်နိုင်ပါတယ်။ ၁၉၆၄ မှာ စတင်တည်ထောင်ခဲ့ပြီးကတည်းက ခရီးသည် ၁၂ ဘီလီယံကျော်ကို သယ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

Indian Pacific ရထား

ကမ္ဘာ့အကြီးဆုံး ရထားခရီးစဉ်များထဲမှ တစ်ခုဖြစ်တဲ့ Indian Pacific မီးရထားဟာ ပစိဖိတ်ကမ်းရိုးတန်းရှိ ဆစ်ဒနီမြို့မှ ၂,၇၀၄ မိုင်အကွာအဝေး အိန္ဒိယသမုဒ္ဒရာကမ်းခြေ အခြေစိုက် Perth သို့ ပြေးဆွဲပါတယ်။

ကျယ်ပြောလှတဲ့ Nullarbor လွင်ပြင်ကိုဖြတ်ပြီး ၂၉၇ မိုင်အကွာမှာတော့ ကမ္ဘာ့အရှည်လျားဆုံး ရထားလမ်းကိုလည်း ဖြတ်သန်းသွားပြီး ခရီးစဉ်တစ်ခုဟာ သုံးညနဲ့ လေးရက် ကြာမြင့်မှာဖြစ်ပါတယ်။ ပထမဆုံး ခရီးစဉ်မှာ ၁၉၇၀ ဖေဖော်ဝါရီက ဖြစ်ပါတယ်။

The Ghan ရထား

အလေးချိန် ၂,၁၅၆ တန်ရှိတဲ့ အထင်ကရ Ghan ရထားဟာ သယ်ယူပို့ဆောင်ရေးပုံစံများနဲ့ ပတ်သက်လာလျှင် အတော်လေးကို ကြီးမားတဲ့ ကိုယ်ထည်ကို ပိုင်ဆိုင်ထားပါတယ်။Ghan ဟာ ကမ္ဘာ့အကြီးဆုံး လေယာဉ်များထဲမှ တစ်ခုဖြစ်တဲ့ Antonov An-225 ထက် ၁၂၇ ဆ ပိုရှည်ပြီး ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီးထက်လည်း နှစ်ဆကျော် ရှည်ပါတယ်။

တကယ်တော့ Ghan ဟာ ခရီးသည်တွေကို တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အရှည်ဆုံး ရထားကြီးလည်း ဖြစ်ပါတယ်။

ရထားတွဲ ၄၄ တွဲနဲ့ စက်ခေါင်း ၂ လုံးပါဝင်တဲ့ ရထားဟာ ကမ္ဘာလှည့်ခရီးသည်များကို Adelaide နှင့် Darwin အကြား မိုင်ပေါင်း ၁၈၅၀ ရှည်လျားတဲ့ ခရီးကို တစ်နာရီ ၇၁ မိုင်နှုန်းနဲ့ နှစ်ညနဲ့ သုံးရက်ကြာ သယ်ဆောင်ပေးပါတယ်။

Train du Desert ကုန်တင်ရထား

၁၉၆၃ ခုနှစ်မှာ စတင်ပြေးဆွဲခဲ့တဲ့ ကုန်တင်ရထားဖြစ်ပြီး အနောက်မြောက်ဒေသ Zouerat ရှိ သံရိုင်းမိုင်းတွင်းမှ ၄၃၇ မိုင်ခရီးဖြစ်တဲ့ အတ္တလန်တိတ် ဆိပ်ကမ်း Nouadhibou အထိ ပြေးဆွဲလျက်ရှိတဲ့ ကမ္ဘာပေါ်က အထူးခြားဆုံး ရထားခရီးစဉ်များထဲမှ တစ်ခုလည်းဖြစ်ပါတယ်။နေ့စဉ် နာရီ ၂၀ စာ စီးနင်းမှုကို ဒီဇယ်စက်ခေါင်း လေးလုံးနဲ့ အားဖြည့်ထားပြီး ကုန်စည်တင်ကား အစီး ၂၀၀ ကျော် တင်ဆောင်နိုင်တဲ့ အံ့သြစရာကောင်းတဲ့ ကိုယ်ထည်နဲ့လည်း ဖွဲ့စည်းထားပါတယ်။

တန်ချိန် ၁၇,၀၀၀ အထိ အပြည့်အဝ တင်ဆောင်နိုင်တဲ့ Train du Desert ဟာ ကမ္ဘာ့အကြီးမားဆုံး ရထားရာထူးအတွက် အဆက်မပြတ်ပြိုင်ဆိုင်နေပါတယ်။လူတွေလိုက်ပါချင်ရင်တော့ ကုန်တင်နေရာလွတ်ကြီးတွေမှာ နေ့ဘက်အပူချိန် 40°C ကို ရင်ဆိုင်ရင်း အလကား စီးနင်းနိုင်မှာပါ။

Shenhua No. 3 ကုန်တင်ရထား

Shenhua No. 3 ကုန်တင်ရထားဟာလည်း တရုတ်နိုင်ငံ၊ ရှန်ရှီပြည်နယ်ရှိ Datong သတ္တုတူးဖော်ရေးစင်တာမှ Hebei ပြည်နယ်ရှိ Qinhuangdao ဆိပ်ကမ်းမြို့သို့ ပြေးဆွဲနေပါတယ်။Shenhua 3 က ကျောက်မီးသွေး ဖြန့်ဖြူးရေးမှာ အဓိက အသုံးပြုနေတဲ့ ရထားအမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်က အရှည်ဆုံး ကုန်တင်ရထားများထဲမှ တစ်ခုဖြစ်ပါတယ်။ စက်ခေါင်းခြောက်လုံးဖြင့် မောင်းနှင်ပြီး သုံးနာရီအတွင်း ကျောက်မီးသွေး တန်ချိန် ၂၀,၀၀၀ ကို ဖြည့်သွင်းနိုင်သလို နှစ်စဉ် တရုတ်ရဲ့ အကြီးဆုံး ကျောက်မီးသွေး ထုတ်လုပ်မှု စင်တာတစ်ခုမှ တန်ချိန် ရာနှင့်ချီ ကို သယ်ဆောင်ပို့ချပေးလေ့ရှိပါတယ်။

Vale ကုန်တင်ရထား

Vale ကတော့ ကမ္ဘာပေါ်က အကြီးဆုံး သတ္တုတူးဖော်ရေး ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်ပြီး ဘရာဇီး၊ Carajás မှာ ကမ္ဘာ့အကြီးဆုံးသော သတ္တုရိုင်းတွင်းကို လည်ပတ်လျက် ရှိပါတယ်။Carajás မှ Ponta da Madeira Port သို့ ၅၅၄ မိုင် ရှည်လျားတဲ့ ခရီးစဉ်ကို ခရီးသည် ၃၅၀,၀၀၀ နဲ့ သံသတ္တုရိုင်း တန်ချိန် ၁၂၀ သန်းခန့်ကို ရထား ၃၅ စီဖြင့် တင်ဆောင်ထားပါတယ်။ယင်းတို့အနက်မှ တစ်စီဟာ ကား ၃၃၀ စီးလောက်ကို တင်ဆောင်နိုင်တဲ့အတွက် Vale ဟာလည်း ကမ္ဘာ့အရှည်ဆုံး ရထားများထဲမှ တစ်ခုဖြစ်ပါတယ်။

Mt. Goldsworthy ကုန်တင်ရထား

ဒီကမ္ဘာ့အရှည်ဆုံး ကုန်တင်ရထားဟာ ရထားလမ်းနည်းပညာရဲ့ ကန့်သတ်ချက်တွေကို တွန်းလှန်ခဲ့ပါတယ်။

၂၀၀၁ ခုနှစ်မှာ သတ္တုတွင်းကုမ္ပဏီ BHP Billiton (ယခု BHP) ဟာ GE AC6000CW ဒီဇယ်စက်ခေါင်းရှစ်ခုဖြင့် မောင်းနှင်ခဲ့ပြီး ကား ၆၂၈ တွဲ ရထားကို 50,000hp ထုတ်ပေးခဲ့ပါတယ်။Mt. Goldsworthy ဟာ အရှည်ဆုံးရထားသာမက ကမ္ဘာပေါ်မှာ အလေးချိန် ၉၉,၇၃၂.၁ တန်ဖြင့် အလေးချိန်အများဆုံး၊ အလေးဆုံးရထားလည်း ဖြစ်ပါတယ်။Yandi နဲ့ Newman မိုင်းတွင်းမှ ၁၇၁ မိုင်အကွာအဝေးရှိ သံသတ္တုရိုင်းများကို သြစတြေးလျအနောက်ပိုင်း Port Hedland သို့ သယ်ဆောင်လျက်ရှိတဲ့ ကြီးမားတဲ့စက်ခေါင်းဟာ ၁၀ နာရီကြာ ပြေးဆွဲလျက်ရှိပါတယ်။

crd
zawgyi
ကမာၻ႔ နာမည္ႀကီး အရွည္ဆုံးနဲ႔ အႀကီးမားဆုံး ရထားတြဲႀကီးမ်ားအေၾကာင္း….

ကမာၻေပၚမွာ သယ္ယူပို႔ေဆာင္ေရးရဲ႕ အေစာဆုံးလမ္းေၾကာင္းေတြကို အဂၤလန္က စတင္ခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆,၀၀၀ နီးပါးကို ျပန္ေျခရာခံႏိုင္ပါတယ္။အဲဒီေနာက္ ဂရိႏိုင္ငံက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂,၆၀၀ ေက်ာ္မွာ ေလွမ်ားျဖင့္ ၄-၅ မိုင္ အကြာအေဝးကို ျဖတ္ကူးခဲ့ဖူးတဲ့ လမ္းေၾကာင္းအေထာက္အထားေတြလည္း ရွိခဲ့ဖူးပါတယ္။ႏွစ္ေပါင္း ေထာင္ေက်ာ္ၾကာၿပီးေနာက္မွာေတာ့ တစ္ခ်ိန္က လူနဲ႔တိရစာၦန္မ်ား အသုံးျပဳခဲ့တဲ့ သယ္ယူပို႔ေဆာင္ေရး လွည္းမ်ားကို ဒီဇယ္အင္ဂ်င္ပါ မီးရထားေတြနဲ႔ စတင္အစားထိုးခဲ့ပါေတာ့တယ္။ရထားဟာ လူသားေတြ ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ခ်ဲ႕ထြင္မႈသမိုင္းမွာ အထင္ရွားဆုံး တီထြင္မႈတစ္ခုျဖစ္ပါတယ္။ ႏွစ္စဥ္ သန္းေပါင္းမ်ားစြာေသာလူမ်ားအတြက္ အေရးပါတဲ့ ခရီးသြားလာမႈကို ကူညီပံ့ပိုးေပးေနတဲ့ ရထားေတြဟာ အနာဂတ္မွာလည္း မွိန္ဝါးသြားဖို႔ မရွိပါဘူး။

ဒါေၾကာင့္ ဒီေန႔မွာေတာ့ ဗဟုသုတရဖြယ္ရာ ကမာၻေပၚမွာ အရွည္တကာ့ အရွည္ဆုံးဆိုတဲ့ ရထားေတြကို ေဖာ္ျပေပးသြားခ်င္ၿပီး အလ်ားယူနစ္အျဖစ္ သို႔မဟုတ္ ဆြဲလွည္း အေရအတြက္ျဖင့္ တိုင္းတာပါက ကမာၻေပၚက အႀကီးဆုံး ရထားေတြဟာ မိတ္ေဆြထင္ထားတာထက္ အဆေပါင္းမ်ားစြာ ပိုလွ်ံေနပါလိမ့္မယ္။

Shinkansen N700 ‘က်ည္ဆန္ရထား’

Shinkansen က်ည္ဆန္ရထားဟာ ကမာၻ႔အေက်ာ္ၾကားဆုံး ရထားေတြထဲမွ တစ္ခုပါ။ အနာဂတ္ N700 စီးရီးဟာ အေလးခ်ိန္ ၇၁၆ တန္ ရွိပါတယ္။

တိုက်ိဳၿမိဳ႕မွ အိုဆာကာသို႔ မိုင္ ၃၁စ အကြာအေဝးကို တစ္နာရီ ၁၈၆ မိုင္ႏႈန္းနဲ႔ ၂ နာရီအတြင္း ေမာင္းႏွင္ႏိုင္ပါတယ္။ ၁၉၆၄ မွာ စတင္တည္ေထာင္ခဲ့ၿပီးကတည္းက ခရီးသည္ ၁၂ ဘီလီယံေက်ာ္ကို သယ္ေဆာင္ခဲ့ၿပီး ျဖစ္ပါတယ္။

Indian Pacific ရထား

ကမာၻ႔အႀကီးဆုံး ရထားခရီးစဥ္မ်ားထဲမွ တစ္ခုျဖစ္တဲ့ Indian Pacific မီးရထားဟာ ပစိဖိတ္ကမ္း႐ိုးတန္းရွိ ဆစ္ဒနီၿမိဳ႕မွ ၂,၇၀၄ မိုင္အကြာအေဝး အိႏၵိယသမုဒၵရာကမ္းေျခ အေျခစိုက္ Perth သို႔ ေျပးဆြဲပါတယ္။

က်ယ္ေျပာလွတဲ့ Nullarbor လြင္ျပင္ကိုျဖတ္ၿပီး ၂၉၇ မိုင္အကြာမွာေတာ့ ကမာၻ႔အရွည္လ်ားဆုံး ရထားလမ္းကိုလည္း ျဖတ္သန္းသြားၿပီး ခရီးစဥ္တစ္ခုဟာ သုံးညနဲ႔ ေလးရက္ ၾကာျမင့္မွာျဖစ္ပါတယ္။ ပထမဆုံး ခရီးစဥ္မွာ ၁၉၇၀ ေဖေဖာ္ဝါရီက ျဖစ္ပါတယ္။

The Ghan ရထား

အေလးခ်ိန္ ၂,၁၅၆ တန္ရွိတဲ့ အထင္ကရ Ghan ရထားဟာ သယ္ယူပို႔ေဆာင္ေရးပုံစံမ်ားနဲ႔ ပတ္သက္လာလွ်င္ အေတာ္ေလးကို ႀကီးမားတဲ့ ကိုယ္ထည္ကို ပိုင္ဆိုင္ထားပါတယ္။Ghan ဟာ ကမာၻ႔အႀကီးဆုံး ေလယာဥ္မ်ားထဲမွ တစ္ခုျဖစ္တဲ့ Antonov An-225 ထက္ ၁၂၇ ဆ ပိုရွည္ၿပီး ကမာၻ႔အႀကီးဆုံး သေဘၤာႀကီးထက္လည္း ႏွစ္ဆေက်ာ္ ရွည္ပါတယ္။

တကယ္ေတာ့ Ghan ဟာ ခရီးသည္ေတြကို တင္ေဆာင္ႏိုင္တဲ့ ကမာၻ႔အရွည္ဆုံး ရထားႀကီးလည္း ျဖစ္ပါတယ္။

ရထားတြဲ ၄၄ တြဲနဲ႔ စက္ေခါင္း ၂ လုံးပါဝင္တဲ့ ရထားဟာ ကမာၻလွည့္ခရီးသည္မ်ားကို Adelaide ႏွင့္ Darwin အၾကား မိုင္ေပါင္း ၁၈၅၀ ရွည္လ်ားတဲ့ ခရီးကို တစ္နာရီ ၇၁ မိုင္ႏႈန္းနဲ႔ ႏွစ္ညနဲ႔ သုံးရက္ၾကာ သယ္ေဆာင္ေပးပါတယ္။

Train du Desert ကုန္တင္ရထား

၁၉၆၃ ခုႏွစ္မွာ စတင္ေျပးဆြဲခဲ့တဲ့ ကုန္တင္ရထားျဖစ္ၿပီး အေနာက္ေျမာက္ေဒသ Zouerat ရွိ သံ႐ိုင္းမိုင္းတြင္းမွ ၄၃၇ မိုင္ခရီးျဖစ္တဲ့ အတၱလန္တိတ္ ဆိပ္ကမ္း Nouadhibou အထိ ေျပးဆြဲလ်က္ရွိတဲ့ ကမာၻေပၚက အထူးျခားဆုံး ရထားခရီးစဥ္မ်ားထဲမွ တစ္ခုလည္းျဖစ္ပါတယ္။ေန႔စဥ္ နာရီ ၂၀ စာ စီးနင္းမႈကို ဒီဇယ္စက္ေခါင္း ေလးလုံးနဲ႔ အားျဖည့္ထားၿပီး ကုန္စည္တင္ကား အစီး ၂၀၀ ေက်ာ္ တင္ေဆာင္ႏိုင္တဲ့ အံ့ၾသစရာေကာင္းတဲ့ ကိုယ္ထည္နဲ႔လည္း ဖြဲ႕စည္းထားပါတယ္။

တန္ခ်ိန္ ၁၇,၀၀၀ အထိ အျပည့္အဝ တင္ေဆာင္ႏိုင္တဲ့ Train du Desert ဟာ ကမာၻ႔အႀကီးမားဆုံး ရထားရာထူးအတြက္ အဆက္မျပတ္ၿပိဳင္ဆိုင္ေနပါတယ္။လူေတြလိုက္ပါခ်င္ရင္ေတာ့ ကုန္တင္ေနရာလြတ္ႀကီးေတြမွာ ေန႔ဘက္အပူခ်ိန္ 40°C ကို ရင္ဆိုင္ရင္း အလကား စီးနင္းႏိုင္မွာပါ။

Shenhua No. 3 ကုန္တင္ရထား

Shenhua No. 3 ကုန္တင္ရထားဟာလည္း တ႐ုတ္ႏိုင္ငံ၊ ရွန္ရွီျပည္နယ္ရွိ Datong သတၱဳတူးေဖာ္ေရးစင္တာမွ Hebei ျပည္နယ္ရွိ Qinhuangdao ဆိပ္ကမ္းၿမိဳ႕သို႔ ေျပးဆြဲေနပါတယ္။Shenhua 3 က ေက်ာက္မီးေသြး ျဖန္႔ျဖဴးေရးမွာ အဓိက အသုံးျပဳေနတဲ့ ရထားအမ်ိဳးအစားျဖစ္ၿပီး ကမာၻေပၚက အရွည္ဆုံး ကုန္တင္ရထားမ်ားထဲမွ တစ္ခုျဖစ္ပါတယ္။ စက္ေခါင္းေျခာက္လုံးျဖင့္ ေမာင္းႏွင္ၿပီး သုံးနာရီအတြင္း ေက်ာက္မီးေသြး တန္ခ်ိန္ ၂၀,၀၀၀ ကို ျဖည့္သြင္းႏိုင္သလို ႏွစ္စဥ္ တ႐ုတ္ရဲ႕ အႀကီးဆုံး ေက်ာက္မီးေသြး ထုတ္လုပ္မႈ စင္တာတစ္ခုမွ တန္ခ်ိန္ ရာႏွင့္ခ်ီ ကို သယ္ေဆာင္ပို႔ခ်ေပးေလ့ရွိပါတယ္။

Vale ကုန္တင္ရထား

Vale ကေတာ့ ကမာၻေပၚက အႀကီးဆုံး သတၱဳတူးေဖာ္ေရး ကုမၸဏီမ်ားအနက္မွ တစ္ခုျဖစ္ၿပီး ဘရာဇီး၊ Carajás မွာ ကမာၻ႔အႀကီးဆုံးေသာ သတၱဳ႐ိုင္းတြင္းကို လည္ပတ္လ်က္ ရွိပါတယ္။Carajás မွ Ponta da Madeira Port သို႔ ၅၅၄ မိုင္ ရွည္လ်ားတဲ့ ခရီးစဥ္ကို ခရီးသည္ ၃၅၀,၀၀၀ နဲ႔ သံသတၱဳ႐ိုင္း တန္ခ်ိန္ ၁၂၀ သန္းခန္႔ကို ရထား ၃၅ စီျဖင့္ တင္ေဆာင္ထားပါတယ္။ယင္းတို႔အနက္မွ တစ္စီဟာ ကား ၃၃၀ စီးေလာက္ကို တင္ေဆာင္ႏိုင္တဲ့အတြက္ Vale ဟာလည္း ကမာၻ႔အရွည္ဆုံး ရထားမ်ားထဲမွ တစ္ခုျဖစ္ပါတယ္။

Mt. Goldsworthy ကုန္တင္ရထား

ဒီကမာၻ႔အရွည္ဆုံး ကုန္တင္ရထားဟာ ရထားလမ္းနည္းပညာရဲ႕ ကန္႔သတ္ခ်က္ေတြကို တြန္းလွန္ခဲ့ပါတယ္။

၂၀၀၁ ခုႏွစ္မွာ သတၱဳတြင္းကုမၸဏီ BHP Billiton (ယခု BHP) ဟာ GE AC6000CW ဒီဇယ္စက္ေခါင္းရွစ္ခုျဖင့္ ေမာင္းႏွင္ခဲ့ၿပီး ကား ၆၂၈ တြဲ ရထားကို 50,000hp ထုတ္ေပးခဲ့ပါတယ္။Mt. Goldsworthy ဟာ အရွည္ဆုံးရထားသာမက ကမာၻေပၚမွာ အေလးခ်ိန္ ၉၉,၇၃၂.၁ တန္ျဖင့္ အေလးခ်ိန္အမ်ားဆုံး၊ အေလးဆုံးရထားလည္း ျဖစ္ပါတယ္။Yandi နဲ႔ Newman မိုင္းတြင္းမွ ၁၇၁ မိုင္အကြာအေဝးရွိ သံသတၱဳ႐ိုင္းမ်ားကို ၾသစေၾတးလ်အေနာက္ပိုင္း Port Hedland သို႔ သယ္ေဆာင္လ်က္ရွိတဲ့ ႀကီးမားတဲ့စက္ေခါင္းဟာ ၁၀ နာရီၾကာ ေျပးဆြဲလ်က္ရွိပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *