ဂ်ဳံေဈး အဆမတန္ျမင့္တက္မႈနဲ႔အတူ ဂ်ဳံႏွင့္လုပ္တဲ့စားေသာက္ကုန္မ်ိဳးစုံ ထပ္မံေဈးတက္လာႏိုင္ ( အီၾကာေကြးေတြ စမူဆာေတြ ေဈးတက္ေတာ့မယ္ … )

ဂ်ဳံေဈး အဆမတန္ျမင့္တက္မႈနဲ႔အတူ ဂ်ဳံႏွင့္လုပ္တဲ့စားေသာက္ကုန္မ်ိဳးစုံ ထပ္မံေဈးတက္လာႏိုင္ ( အီၾကာေကြးေတြ စမူဆာေတြ ေဈးတက္ေတာ့မယ္ … )

ျပည္ပမွ ဂ်ဳံအဝင္မရွိတာေၾကာင့္ ျပည္တြင္းဂ်ဳံေဈးဟာ ယခင္ သုံးတင္းဝင္တစ္အိတ္က်ပ္ ၉ ေသာင္းခြဲရွိရာမွ ယခုအခါ က်ပ္ ၂ သိန္းထိေဈးျမင့္တက္သြားတယ္လို႔ သိရပါတယ္။ လက္ရွိမွာ ျပည္တြင္း ဂ်ဳံေဈးဟာ ယခင္ႏွစ္ေတြကထက္ ေဈးႏႈန္းျမင့္လာၿပီး ဂ်ဳံသီးႏွံ သုံးတင္းဝင္တစ္အိတ္လ်င္ေငြက်ပ္ ၂ သိန္း အထိ ေဈးျမင့္လာတယ္လို႔

ေရာင္းခ်သူကုန္သည္ေတြထံကေျပာဆိုထားပါတယ္။ ယခင္ေဈးျမင့္တက္မႈမရွိခင္က ဂ်ဳံ သုံးတင္းဝင္ တစ္အိတ္ဟာ တစ္အိတ္ကို ၉ ေသာင္းခြဲႏႈန္းေရာင္းခ်ရာကေန အခုကာလမွာ တစ္အိတ္ကို က်ပ္ ၂ သိန္းႏႈန္းျဖစ္လာတာေၾကာင့္ ေဈးႏႈန္းအတက္ၾကမ္းသြားတယ္လို႔ဝယ္ယူသုံးစြဲသူေတြက သုံးသပ္ေျပာၾကားထားပါတယ္။ ဂ်ဳံအသုံးျပဳကာ

မုန႔္လုပ္ျဖန႔္ျဖဴးေနသူတစ္ဦးက ” ဂ်ဳံေဈးကေတာ့ေတာ္ေတာ္တက္သြားတာ အရင္က ဂရမ္နဲ႔ေရာင္းတဲ့ ဒုံးပ်ံ 1.6 ကီလိုဂရမ္တစ္ထုပ္ကို ၁၉၀၀ က်ပ္ႏႈန္းနဲ႔ဝယ္ခဲ့ရတာကေန အခုေတာ့ ၆၀၀၀ က်ပ္နီးပါးျဖစ္ေနေတာ့ ေဈးကတစ္ဆႏွစ္ဆတက္တယ္လို႔ကိုေျပာလို႔ကိုမရေတာ့တာ အေတာ္ကိုအတက္ၾကမ္းသြားတာပါလို႔”ေျပာဆိုထားပါတယ္။ လက္ရွိျပည္တြင္းမွာ

အစစအရာရာ ေစ်းႏႈန္းမ်ားျမႇင့္တက္လ်က္ရွိေနၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ားနည္းပါးက ျပည္သူေတြရဲ႕ စားဝတ္ေနေရး အခက္ခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

crd-

ဂျုံဈေး အဆမတန်မြင့်တက်မှုနဲ့အတူ ဂျုံနှင့်လုပ်တဲ့စားသောက်ကုန်မျိုးစုံ ထပ်မံဈေးတက်လာနိုင် ( အီကြာကွေးတွေ စမူဆာတွေ ဈေးတက်တော့မယ် … )

ပြည်ပမှ ဂျုံအဝင်မရှိတာကြောင့် ပြည်တွင်းဂျုံဈေးဟာ ယခင် သုံးတင်းဝင်တစ်အိတ်ကျပ် ၉ သောင်းခွဲရှိရာမှ ယခုအခါ ကျပ် ၂ သိန်းထိဈေးမြင့်တက်သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပြည်တွင်း ဂျုံဈေးဟာ ယခင်နှစ်တွေကထက် ဈေးနှုန်းမြင့်လာပြီး ဂျုံသီးနှံ သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၂ သိန်း အထိ ဈေးမြင့်လာတယ်လို့

ရောင်းချသူကုန်သည်တွေထံကပြောဆိုထားပါတယ်။ ယခင်ဈေးမြင့်တက်မှုမရှိခင်က ဂျုံ သုံးတင်းဝင် တစ်အိတ်ဟာ တစ်အိတ်ကို ၉ သောင်းခွဲနှုန်းရောင်းချရာကနေ အခုကာလမှာ တစ်အိတ်ကို ကျပ် ၂ သိန်းနှုန်းဖြစ်လာတာကြောင့် ဈေးနှုန်းအတက်ကြမ်းသွားတယ်လို့ဝယ်ယူသုံးစွဲသူတွေက သုံးသပ်ပြောကြားထားပါတယ်။ ဂျုံအသုံးပြုကာ

မုန့်လုပ်ဖြန့်ဖြူးနေသူတစ်ဦးက ” ဂျုံဈေးကတော့တော်တော်တက်သွားတာ အရင်က ဂရမ်နဲ့ရောင်းတဲ့ ဒုံးပျံ 1.6 ကီလိုဂရမ်တစ်ထုပ်ကို ၁၉၀၀ ကျပ်နှုန်းနဲ့ဝယ်ခဲ့ရတာကနေ အခုတော့ ၆၀၀၀ ကျပ်နီးပါးဖြစ်နေတော့ ဈေးကတစ်ဆနှစ်ဆတက်တယ်လို့ကိုပြောလို့ကိုမရတော့တာ အတော်ကိုအတက်ကြမ်းသွားတာပါလို့”ပြောဆိုထားပါတယ်။ လက်ရှိပြည်တွင်းမှာ

အစစအရာရာ ဈေးနှုန်းများမြှင့်တက်လျက်ရှိနေပြီး အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးက ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

crd-

Be the first to comment

Leave a Reply

Your email address will not be published.


*