တယောက်တည်း အထီးကျန်ကာ ညိုးနွမ်းနေတဲ့ မျက်နှာကြီးကို မိတ်ကပ် နှုတ်ခမ်းနီတွေလိမ်းခြယ်ကာ လှပအောင်ပြင်ဆင်ခဲ့သည့် ဗီယက်နမ်နိုင်ငံက ပလုံကောက် အဖိုးအို…
များသောဖြင့် စိတ်ညစ်သည့်အခါ ကိုယ့်ကိုယ်ကို လှအောင် ပြင်ဆင်ပြီး နေလိုက်ခြင်းသည် ယုံကြည်မှုရှိခြင်းအတွက် အနည်းငယ် သက်သာစေသော နည်းလမ်းအဖြစ် သုံးကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Ninh Kieu ခရိုင်တွင်နေထိုင်သော အသက် ၆၃နှစ်အရွယ် အဖိုးအိုသည် စားဝတ်နေရေးအတွက် နှစ် ၂၀နီးပါး လမ်းမပေါ်တွင် စွန့်ပစ်ထားသော ဘူးခွံ ပုလင်းခွံများကောက်ကာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
အဖိုးအိုမှာ ယခင်က ဇနီးနှင့် သားသမီးများရှိသော်လည်း ကွာရှင်းပြတ်စဲပြီးနောက် တစ်ယောက်တည်း အထီးကျန်သည့်ဘဝကြီးကို ရင်နာနာနှင့် ဖြတ်သန်းလာခဲ့ရသည်။အဖိုးအိုသည် နာကျင်မှုဒဏ်ကို အချိန်တော်ကြာ ခံစားရပြီးနောက်ပိုင်း သူဧ။် မျက်နှာမှာ အမြဲညှိုးနွမ်းကာ မရှူမလှဖြစ်နေသည်ကို မမြင်ချင်၍ မိတ်ကပ်များလိမ်းကာ လှအောင်နေခဲ့သည်။
အဖိုးအိုသည် ဆင်းရဲသော်လည်း ကိုယ့်ကိုယ်ကို စိတ်ဓာတ်မကျဖို့နှင့် အမြဲရွှင်လန်းနေစေရန် မိတ်ကပ်နှင့် နှုတ်ခမ်းနီများကို အမြဲလိမ်းခြယ်ကာ ပျော်ရွှင်မှုကို ကိုယ့်ဟာကို ရှာပြီး ဘူးခွံများကောက်ခဲ့ခြင်းဖြင့် လူသိများလာခဲ့သည်။
crd
zawgyi
တေယာက္တည္း အထီးက်န္ကာ ညိဳးႏြမ္းေနတဲ့ မ်က္ႏွာႀကီးကို မိတ္ကပ္ ႏႈတ္ခမ္းနီေတြလိမ္းျခယ္ကာ လွပေအာင္ျပင္ဆင္ခဲ့သည့္ ဗီယက္နမ္ႏိုင္ငံက ပလုံေကာက္ အဖိုးအို…
မ်ားေသာျဖင့္ စိတ္ညစ္သည့္အခါ ကိုယ့္ကိုယ္ကို လွေအာင္ ျပင္ဆင္ၿပီး ေနလိုက္ျခင္းသည္ ယုံၾကည္မႈရွိျခင္းအတြက္ အနည္းငယ္ သက္သာေစေသာ နည္းလမ္းအျဖစ္ သုံးၾကသည္။သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ Ninh Kieu ခ႐ိုင္တြင္ေနထိုင္ေသာ အသက္ ၆၃ႏွစ္အ႐ြယ္ အဖိုးအိုသည္ စားဝတ္ေနေရးအတြက္ ႏွစ္ ၂၀နီးပါး လမ္းမေပၚတြင္ စြန႔္ပစ္ထားေသာ ဘူးခြံ ပုလင္းခြံမ်ားေကာက္ကာ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့သည္။အဖိုးအိုမွာ ယခင္က ဇနီးႏွင့္ သားသမီးမ်ားရွိေသာ္လည္း ကြာရွင္းျပတ္စဲၿပီးေနာက္ တစ္ေယာက္တည္း အထီးက်န္သည့္ဘဝႀကီးကို ရင္နာနာႏွင့္ ျဖတ္သန္းလာခဲ့ရသည္။အဖိုးအိုသည္ နာက်င္မႈဒဏ္ကို အခ်ိန္ေတာ္ၾကာ ခံစားရၿပီးေနာက္ပိုင္း သူဧ။္ မ်က္ႏွာမွာ အၿမဲညႇိဳးႏြမ္းကာ မရႉမလွျဖစ္ေနသည္ကို မျမင္ခ်င္၍ မိတ္ကပ္မ်ားလိမ္းကာ လွေအာင္ေနခဲ့သည္။
အဖိုးအိုသည္ ဆင္းရဲေသာ္လည္း ကိုယ့္ကိုယ္ကို စိတ္ဓာတ္မက်ဖို႔ႏွင့္ အၿမဲ႐ႊင္လန္းေနေစရန္ မိတ္ကပ္ႏွင့္ ႏႈတ္ခမ္းနီမ်ားကို အၿမဲလိမ္းျခယ္ကာ ေပ်ာ္႐ႊင္မႈကို ကိုယ့္ဟာကို ရွာၿပီး ဘူးခြံမ်ားေကာက္ခဲ့ျခင္းျဖင့္ လူသိမ်ားလာခဲ့သည္။
crd