





crd-

ယူနီကုတ်

ထိုင်ဝမ်ရောက်လာတဲ့ အမေရိကန်လေယာဉ်ကြီးနဲ့ မြန်မာပြည် အွန်လိုင်းသုံးသူများ ဂယက် ( ထိုင်ဝမ် ကို ပလိုစီ လေယာဉ်ကမရောက်သေးဘူး မြန်မာအွန်လိုင်းမှာတော့ တတိယကမ္ဘာစစ်ဖြစ်နေပီ )

ရေးသားသူ – ရာဇဝိဇယ၊ ကန်.. တရုဂ်နဲ့ ထိုင်ဝမ်ကိစ္စက ဘာဖြစ်လာမလဲတော့မပြောတတ်ဘူး.. ဟိုကတိုက်မယ်ပြောတာနဲ့ မရောက်ရောက်အောင်ကိုသွားတာ.. ငါ့လိုပဲ ဟီဟိ ဆိုပြီး ဒီ ဝေါဝါးသရီးကိစ္စကို စခွီထကြတော့မယ်သူတွေအရင်လာမယ်။ ပြီးရင်.. ဇောက်ပေါလုပ်မနေကြနဲ့.. ဒီကိစ္စ ဟာသမဟုတ်ဘူး.. တစ်ကမ္ဘာလုံးကိုယ်ကျိုးနည်းကုန်မှာ.. ဘာညာ စာအရှည်ကြီးရေးပြီး

ထ ဆူကြမယ့်သူတွေ ရောက်လာမယ်။ ကြောက်ပါတယ်.. လက်အုပ်ချီပါတယ်.. ဇောက်ဆရာကြီးများ ဆိုပြီး ပြန်ရွဲ့မှာတွေက ပထမအဖွဲ့.. ပထမအဖွဲ့ထဲမှာ မပါခဲ့ပဲ အပေါက်ထဆိုးတဲ့ ဆူဆူပူပူအဖွဲ့ကို အချင်းချင်းထိန်းထိန်းသိမ်းသိမ်း ပြောမှပေါ့ဆိုပြီး ပြေရာပြေကြောင်းပြောရင်း ဆရာကြီးတွေကို ပညာရှိအမျက် အပြင်မထွက် ဘာညာနဲ့ နှက်မယ့်နောက်တစ်ဖွဲ့က ထပ်ရောက်လာတုန်းမှာ

ရေနံဈေး.. ကမ္ဘာ့ရွှေဈေး.. ဆီဈေး.. စတော့ရှယ်ယာ.. NFT.. ဘစ်ကွိုင်.. ကနေ အာလူး ကြက်သွန်ဈေးအထိ တွက်ချက်ပြမယ့် စီးပွါးရေးပညာရှင်တွေက နည်းနည်းကြာမယ်။ သူတို့ထက် အရင်လာမှာက မနက်ဖြန်တွေဟာမသေချာတော့ဘူး။ မမရင်ခွင်ထဲပဲနေချင်တယ်။ မောင်လေးဂျိုင်းကြားထဲပဲညှပ်ထားပေး.. ဆိုတဲ့ အချစ်သမားတွေ။ သူတို့ကိုတော့ တတိယ ကဘာဆစ်ဖြစ်တာ ဇောက်ရေးကြီးလို့လားဟ ဆိုပြီး

တစ်ယောက်ယောက်က အစားထိုး ခဏဝင်ဆဲမှကို ငြိမ်သွားတော့မှာပဲ။ ဘယ်ကိစ္စနေနေ ဒီနိုင်ငံမှာက ဒီကလင်ဒါအတိုင်းပဲ လာတာ..

crd-

Be the first to comment

Leave a Reply

Your email address will not be published.


*