ထိုင္းေငြ (၁)ဘတ္လွ်င္ ျမန္မာေငြ (၇၃)က်ပ္အထိစံခ်ိန္တင္ျမင့္တက္၊ ရက္ပိုင္းအတြင္း (၁၀၀)က်ပ္အထိ ျမင္႔တက္လာႏိုင္ဖြယ္ရွိ ( အရင္တုန္းကဆို ထိုင္း ၁ဘတ္ကို ျမန္မာေငြ ၄၀ ေတာင္မရွိဘူး အခုမ်ားက်ေတာ့… မအလ ေက်းဇူး ဆပ္မကုန္ႏိုင္ေတာ့ဘူး ..)

ထိုင္းေငြ (၁)ဘတ္လွ်င္ ျမန္မာေငြ (၇၃)က်ပ္အထိစံခ်ိန္တင္ျမင့္တက္၊ ရက္ပိုင္းအတြင္း (၁၀၀)က်ပ္အထိ ျမင္႔တက္လာႏိုင္ဖြယ္ရွိ ( အရင္တုန္းကဆို ထိုင္း ၁ဘတ္ကို ျမန္မာေငြ ၄၀ ေတာင္မရွိဘူး အခုမ်ားက်ေတာ့… မအလ ေက်းဇူး ဆပ္မကုန္ႏိုင္ေတာ့ဘူး ..)

ထိုင္း – ျမန္မာ ေငြေၾကး ေဈးကြက္အတြင္း ျမန္မာက်ပ္ေငြ တန္ဖိုးက်ေနၿပီး ထိုင္းဘတ္ေငြ တန္ဖိုးျမင့္တက္လာကာ ထိုင္းေငြ (၁) ဘတ္လ်င္ ျမန္မာေငြ (၇၃) က်ပ္ဝန္းက်င္အထိ ေဈးေပါက္ေနေၾကာင္း သိရသည္။ ယေန႔ ဩဂုတ္လ (၄) ရက္ နံနက္ပိုင္း ေဈးကြက္အတြင္း ေပါက္ေဈးအရ ထိုင္းဘတ္ေငြ ေဈးႏႈန္းမ်ားအေနျဖင့္ က်ပ္ေပးဘတ္ယူ ေဈးႏႈန္းမွာ ထိုင္း‌ေငြ (၁) ဘတ္လ်င္ ျမန္မာက်ပ္ေငြ (၇၃) က်ပ္ဝန္းက်င္ ေဈးေပါက္ၿပီး

ဘတ္ေပး က်ပ္ယူ ေဈးႏႈန္းမွာ ထိုင္းေငြ (၁) ဘတ္လ်င္ ျမန္မာေငြ (၇၁) က်ပ္ျဖစ္ေၾကာင္း ထိုင္း-ျမန္မာ နယ္စပ္ ျမဝတီၿမိဳ႕မွ ေငြလဲေကာင္တာတစ္ခုမွ ပိုင္ရွင္အမ်ိဳးသမီး တစ္ဦးက ေျပာသည္။ ” က်ပ္ေပးက ၁၃၈၀ ၊ ဘတ္ေပးက ၁၄၀၀ ေပါက္တယ္ ။ အခု လက္ရွိေဈးေနာ္ ။ ထပ္တက္ဦးမယ္ထင္တယ္။ အခ်ိန္နဲ႔အမွ် တက္ေနတာ။ စံခ်ိန္တင္ပဲ” ဟု အဆိုပါ အမ်ိဳးသမီးက ေျပာသည္။ ထိုင္းေငြ ေဈးႏႈန္းမွာ

ေဈးကြက္အတြင္း ၿပီးခဲ့သည့္ ဇူလိုင္ လလယ္ပိုင္းက စတင္ျမင့္တက္လာရာမွ ယခု ဩဂုတ္ လ ဆန္းပိုင္းတြင္ (၇၀) ေက်ာ္ အထိေရာက္ရွိလာျခင္း ျဖစ္ သည္။ ယခုလက္ရွိ ေဈးႏႈန္းကြာဟမႈ အရွိန္အရ မၾကာမီရက္ ပိုင္းအတြင္း ထိုင္းေငြ (၁) ဘတ္လ်င္ ျမန္မာေငြ (၁၀၀) က်ပ္‌အထိ ေရာက္လာႏိုင္ေခ်ရွိေၾကာင္း ေငြေၾကးကြၽမ္း က်င္သူလည္းျဖစ္ ထိုင္း – ျမန္မာ ကုန္စည္တင္သြင္းသည့္ လုပ္ငန္းရွင္ တစ္ဦးလည္း ျဖစ္သည့္

သတင္းရင္းျမစ္တဦးက ေျပာသည္။ ” ဒီလို အတက္ၾကမ္းပုံမ်ိဳးနဲ႔ဆိုရင္ သိပ္မၾကာဘူး။ ၁၀၀ အထိေရာက္လာလိမ့္မယ္ ” ဟု ၎က ဆိုသည္။ ၿပီးခဲ့သည့္ ဇူလိုင္လအတြင္းက ျမဝတီ ေငြလဲေဈးကြက္အတြင္း ထိုင္း (၁) ဘတ္လ်င္ ျမန္မာေငြ (၇၀) ေအာက္ အ ေရာင္းအဝယ္ျဖစ္ေနရာမွ ဩဂုတ္လ လဆန္းပိုင္းတြင္ အ ဆမတန္ ျမင့္တက္လာေနျခင္း ျဖစ္သည္။ ယခုကဲ့သို႔ ျမန္မာေငြ ေဈးႏႈန္း စံခ်ိန္တင္က်ဆင္းေနမႈေၾကာင့္ ျပည္တြင္းအေသးစားႏွင့္

အလတ္စားစီးပြားေရး လုပ္ကိုင္သူမ်ားႏွင့္ ထိုင္းမွာ ကုန္စည္တင္သြင္းသူမ်ားအ တြက္ အထိနာမည့္အေျခအေနႏွင့္ ရင္ဆိုင္ေနရၿပီး သြင္း ကုန္လုပ္ငန္းအမ်ားစု ရပ္တန႔္သြားႏိုင္သည့္အေျခအေနမ်ိဳးအထိရွိေနေၾကာင္း စီးပြားေရး ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကသည္။

crd

ယူနီကုတ္

ထိုင်းငွေ (၁)ဘတ်လျှင် မြန်မာငွေ (၇၃)ကျပ်အထိစံချိန်တင်မြင့်တက်၊ ရက်ပိုင်းအတွင်း (၁၀၀)ကျပ်အထိ မြင့်တက်လာနိုင်ဖွယ်ရှိ ( အရင်တုန်းကဆို ထိုင်း ၁ဘတ်ကို မြန်မာငွေ ၄၀ တောင်မရှိဘူး အခုများကျတော့… မအလ ကျေးဇူး ဆပ်မကုန်နိုင်တော့ဘူး ..)

ထိုင်း – မြန်မာ ငွေကြေး ဈေးကွက်အတွင်း မြန်မာကျပ်ငွေ တန်ဖိုးကျနေပြီး ထိုင်းဘတ်ငွေ တန်ဖိုးမြင့်တက်လာကာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၃) ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ (၄) ရက် နံနက်ပိုင်း ဈေးကွက်အတွင်း ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ဈေးနှုန်းများအနေဖြင့် ကျပ်ပေးဘတ်ယူ ဈေးနှုန်းမှာ ထိုင်း‌ငွေ (၁) ဘတ်လျင် မြန်မာကျပ်ငွေ (၇၃) ကျပ်ဝန်းကျင် ဈေးပေါက်ပြီး

ဘတ်ပေး ကျပ်ယူ ဈေးနှုန်းမှာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၁) ကျပ်ဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှ ငွေလဲကောင်တာတစ်ခုမှ ပိုင်ရှင်အမျိုးသမီး တစ်ဦးက ပြောသည်။ ” ကျပ်ပေးက ၁၃၈၀ ၊ ဘတ်ပေးက ၁၄၀၀ ပေါက်တယ် ။ အခု လက်ရှိဈေးနော် ။ ထပ်တက်ဦးမယ်ထင်တယ်။ အချိန်နဲ့အမျှ တက်နေတာ။ စံချိန်တင်ပဲ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ထိုင်းငွေ ဈေးနှုန်းမှာ

ဈေးကွက်အတွင်း ပြီးခဲ့သည့် ဇူလိုင် လလယ်ပိုင်းက စတင်မြင့်တက်လာရာမှ ယခု ဩဂုတ် လ ဆန်းပိုင်းတွင် (၇၀) ကျော် အထိရောက်ရှိလာခြင်း ဖြစ် သည်။ ယခုလက်ရှိ ဈေးနှုန်းကွာဟမှု အရှိန်အရ မကြာမီရက် ပိုင်းအတွင်း ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၁၀၀) ကျပ်‌အထိ ရောက်လာနိုင်ချေရှိကြောင်း ငွေကြေးကျွမ်း ကျင်သူလည်းဖြစ် ထိုင်း – မြန်မာ ကုန်စည်တင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်သည့်

သတင်းရင်းမြစ်တဦးက ပြောသည်။ ” ဒီလို အတက်ကြမ်းပုံမျိုးနဲ့ဆိုရင် သိပ်မကြာဘူး။ ၁၀၀ အထိရောက်လာလိမ့်မယ် ” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြဝတီ ငွေလဲဈေးကွက်အတွင်း ထိုင်း (၁) ဘတ်လျင် မြန်မာငွေ (၇၀) အောက် အ ရောင်းအဝယ်ဖြစ်နေရာမှ ဩဂုတ်လ လဆန်းပိုင်းတွင် အ ဆမတန် မြင့်တက်လာနေခြင်း ဖြစ်သည်။ ယခုကဲ့သို့ မြန်မာငွေ ဈေးနှုန်း စံချိန်တင်ကျဆင်းနေမှုကြောင့် ပြည်တွင်းအသေးစားနှင့်

အလတ်စားစီးပွားရေး လုပ်ကိုင်သူများနှင့် ထိုင်းမှာ ကုန်စည်တင်သွင်းသူများအ တွက် အထိနာမည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး သွင်း ကုန်လုပ်ငန်းအများစု ရပ်တန့်သွားနိုင်သည့်အခြေအနေမျိုးအထိရှိနေကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*