နည်းပညာ အကူအညီဘာတခုမှ မပါဘဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ မြန်မာနိုင်ငံအတွင်းက ရွှေဘတောင်…
ဘာနည်းပညာ အကူအညီမှ မပါဘဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်၊ နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနားရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်။
ကျောက်စေတီတွေ၊ကျောက်လှိုဏ်ဂူတွေ၊ကျောက်လှေကားတွေ၊ကျောက်ဆင်ရုပ်တွေနှင့်ကျောက်ပန်းပုတွေနှင့်ခမ်းနားစွာတည်ရှိနေတဲ့ရွှေဘတောင်။
နောင်တချိန်သွားရောက် လေ့လာလည်ပတ်ဖို့ နှလုံးသားထဲတေးမှတ်ထားရမယ့်ရွှေဘတောင်။
မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်၊ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်း ဖိုလ်ဝင်တောင်ဘက်ကို သွားတဲ့လမ်းတွေကျော်ပြီးမှရောက်တဲ့နေရာလေး ဖြစ်ပါတယ်။
မုံရွာမြို့နဲ့ ၂၀ မိုင်ခန့်သာ ဝေးပါတယ်။ နည်းနည်းလေးတော့ သွားရတယ်။အဲဒီကိုရောက်တော့ အံသြရပါပေတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာဒီလိုနေရာရှိနေတယ်ဆိုတာ သိရတော့အလွန့်အလွန်ကိုလည်းဂုဏ်ယူမိပါတယ်။
ဖိုလ်ဝင်တောင်နဲ့တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး အခြားသောနွားသိုးတောင်၊ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လည်းတစ်ဆက်တည်း ရှိနေပါတယ်။ရှေးဟောင်း ကျောက်ထွင်း ကျောက်တောင်ကြီးတွေဝန်းရံထားတဲ့ ရွှေဘတောင်ဟာထူးခြားနေပါတယ်။
မြန်မာတို့ရဲ့စေတီဘုရားတွေဟာပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာတည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ဘုရားတွေကတော့ကျောက်တွေနဲ့သာထွင်းထုထားပါတယ်။ကျောက်သားနံရံများကို အင်္ဂတေ လုံးဝ မပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။
ရွှေဘတောင်မှာနာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကိုကျောက်ရေအိုးစဥ် အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။
နောက်ထပ်အထင်ကရ နေရာကတော့ကျောက်ဆင်ရုပ်ကြီးပါ။ ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံး အကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့ အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။
ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်းဦးရွှေဘမှထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့်ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။
ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့်တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှ မပါဝင်ပဲ လက်နှင့်ဆောက်ကိုသာ သုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။
ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင်ဂဝံမြေသားကို အသုံးပြုခဲ့ကြပါသည်။ ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့ အမျိုးအစားဖြစ်ပြီး အေးသောဓာတ် ရှိပါတယ်။လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသော ကျောက် ဖြစ်ပါတယ်။
လူသွားလမ်းများ၊ သာသနာကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှု လက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်း စောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။
ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအားခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။
စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝ ငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်။
crd
zawgyi
နည္းပညာ အကူအညီဘာတခုမွ မပါဘဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လက္နဲ႔သာ ထြင္းထုပုံေဖာ္ထားတဲ့ ျမန္မာႏိုင္ငံအတြင္းက ေ႐ႊဘေတာင္…
ဘာနည္းပညာ အကူအညီမွ မပါဘဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လက္နဲ႔သာ ထြင္းထုပုံေဖာ္ထားတဲ့ ေ႐ႊဘေတာင္၊ ႏွစ္ေပါင္း ၉၀၀ တိုင္ေအာင္ ခမ္းခမ္းနားနားရွိေနဆဲျဖစ္တဲ့ မုံ႐ြာၿမိဳ႕ရဲ႕ေ႐ႊဘေတာင္။
ေက်ာက္ေစတီေတြ၊ေက်ာက္လႈိဏ္ဂူေတြ၊ေက်ာက္ေလွကားေတြ၊ေက်ာက္ဆင္႐ုပ္ေတြႏွင့္ေက်ာက္ပန္းပုေတြႏွင့္ခမ္းနားစြာတည္ရွိေနတဲ့ေ႐ႊဘေတာင္။
ေနာင္တခ်ိန္သြားေရာက္ ေလ့လာလည္ပတ္ဖို႔ ႏွလုံးသားထဲေတးမွတ္ထားရမယ့္ေ႐ႊဘေတာင္။
မုံ႐ြာတစ္ဘက္ကမ္းဆားလင္းႀကီးၿမိဳ႕နယ္၊ယင္းမာပင္ခ႐ိုင္၊ စစ္ကိုင္းတိုင္း ဖိုလ္ဝင္ေတာင္ဘက္ကို သြားတဲ့လမ္းေတြေက်ာ္ၿပီးမွေရာက္တဲ့ေနရာေလး ျဖစ္ပါတယ္။
မုံ႐ြာၿမိဳ႕နဲ႔ ၂၀ မိုင္ခန႔္သာ ေဝးပါတယ္။ နည္းနည္းေလးေတာ့ သြားရတယ္။အဲဒီကိုေရာက္ေတာ့ အံၾသရပါေပတယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာဒီလိုေနရာရွိေနတယ္ဆိုတာ သိရေတာ့အလြန႔္အလြန္ကိုလည္းဂုဏ္ယူမိပါတယ္။
ဖိုလ္ဝင္ေတာင္နဲ႔ေတာင္ေၾကာတစ္ဆက္တည္း ျဖစ္ၿပီး အျခားေသာႏြားသိုးေတာင္၊ဖန္ခါးေတာင္၊ လင္းႏို႔ေတာင္၊ ေက်ာက္တစ္လုံးေတာင္တို႔ႏွင့္လည္းတစ္ဆက္တည္း ရွိေနပါတယ္။ေရွးေဟာင္း ေက်ာက္ထြင္း ေက်ာက္ေတာင္ႀကီးေတြဝန္းရံထားတဲ့ ေ႐ႊဘေတာင္ဟာထူးျခားေနပါတယ္။
ျမန္မာတို႔ရဲ႕ေစတီဘုရားေတြဟာပုံမွန္ေတာ့ အုတ္ေတြသဲေတြနဲ႔သာတည္ထားကိုးကြယ္ၾကေသာ္လည္း ေ႐ႊဘေတာင္မွာရွိတဲ့ဘုရားေတြကေတာ့ေက်ာက္ေတြနဲ႔သာထြင္းထုထားပါတယ္။ေက်ာက္သားနံရံမ်ားကို အဂၤေတ လုံးဝ မပါပဲ ျမန္မာမႈလက္ရာ ေက်ာက္ပန္းတေမာ့ႏွင့္ ေက်ာက္လက္မႈပညာ စစ္စစ္ေတြနဲ႔သာ ထြင္းထုထားပါတယ္။
ေ႐ႊဘေတာင္မွာနာမည္ႀကီး ေက်ာက္ေလွကားကေတာ့ Instragram နာမည္ႀကီးေနရာျဖစ္ၿပီး ေက်ာက္နံရံကိုေက်ာက္ေရအိုးစဥ္ အျဖစ္ အသက္သြင္းထားမႈေတြ၊ ေက်ာက္ေတာင္ႀကီးကို ေက်ာက္လႈိဏ္ဂူအျဖစ္ေဆာက္လုပ္ထားၿပီး အတြင္းမွာ ေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။
ေနာက္ထပ္အထင္ကရ ေနရာကေတာ့ေက်ာက္ဆင္႐ုပ္ႀကီးပါ။ ေက်ာက္ဆင္႐ုပ္ႀကီးဟာ ေက်ာက္တုံး အႀကီးႀကီးကို ထြင္းထုထားၿပီး ဆင္ႀကီးရဲ႕ အတြင္းဂူထဲမွာေတာ့ ဘုရားမ်ားကို ပူေဇာ္ထားပါတယ္။
ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းမွာေတာ့ပုဂံေခတ္ အေလာင္းစည္သူမင္း လက္ထက္တြင္ ေက်ာက္ထြင္း အႏုပညာဆရာႀကီး သူေဌးမင္းဦးေ႐ႊဘမွထိုေက်ာက္ေတာင္ အႀကီးႀကီးတြင္ ေက်ာက္နံရံမ်ား၊ ေက်ာက္႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊ ေက်ာက္ဘုရားမ်ားႏွင့္ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး ေက်ာက္လူသြားလမ္း ေဖာက္လုပ္ရာမွ ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းပါ။
ေက်ာက္ထြင္းအႏုပညာရွင္ ဦးေ႐ႊဘႏွင့္တပည့္မ်ားမွ ထို ေက်ာက္ေတာင္ႀကီးကို ပုံေဖာ္ရာတြင္လည္း မည္သည့္ နည္းပညာမွ မပါဝင္ပဲ လက္ႏွင့္ေဆာက္ကိုသာ သုံး၍ ေက်ာက္သားမ်ားကို ထြင္းထုခဲ့ၾကပါတယ္။
ထိုသို႔ ေက်ာက္သားမ်ားကို ထြင္းထုရာတြင္ဂဝံေျမသားကို အသုံးျပဳခဲ့ၾကပါသည္။ ဂဝံေျမသားဆိုသည္မွာ ေက်ာက္ေပ်ာ့ အမ်ိဳးအစားျဖစ္ၿပီး ေအးေသာဓာတ္ ရွိပါတယ္။လိုသလို ပုံသြင္းႏိုင္ၿပီးေနာက္မွ အလိုလို မာသြားကာ ျဖတ္သုံး၍ ရေသာ ေက်ာက္ ျဖစ္ပါတယ္။
လူသြားလမ္းမ်ား၊ သာသနာေက်ာင္းေဆာင္မ်ား၊ ဘုရားမ်ားေစတီမ်ား၊ ေက်ာက္ပန္းပု႐ုပ္ အစုံ၊ ျမန္မာမႈ လက္ရာမ်ားႏွင့္ ခမ္းနားေနတဲ့ ေ႐ႊဘေတာင္ဟာ ထိန္းသိမ္း ေစာင့္ေရွာက္မႈမ်ား အားနည္းေနေသးတာေတာ့ ေတြ႕ရပါတယ္။
ဥပမာေျပာရရင္ အေဆာက္အဦးေတြနား အမႈိက္ပြေနျခင္းေတြ၊ ေရွးေဟာင္းလက္ရာ ေက်ာင္းေဆာင္မ်ားအားေခတ္လက္ရာေဆးမ်ား သုတ္ပစ္ျခင္းတို႔ ျဖစ္ပါတယ္။
စစ္ကိုင္းဘက္ကို ေရာက္ျဖစ္ခဲ့ရင္ေတာ့ ေ႐ႊဘေတာင္ကို ဝင္ၿပီး ျမန္မာေက်ာက္ပန္းပု လက္ရာေတြကို အဝ ေငးေမာရန္ ႏွလုံးသားထဲ ေတးမွတ္ ထားသင့္ပါတယ္။
crd