ဘိလပ်မြေ မပေါ်ပေါက်မီက မြန်မာ့နည်းမြန်မာ့ဟန်ဖြင့်ဖော်စပ်ခဲ့သည့် မြန်မာ့ရိုးရာ အင်္ဂတေအကြောင်း…
ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကိုသုံးစွဲခဲ့ကြစဉ်ကမြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာအင်္ဂတေကိုမြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။
ပုဂံခေတ် အင်္ဂတေစပ်နည်းကတော့အုံတုံအပင်ကအခေါက်ကိုခွာပြီးကြိုရတဲ့အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ နွားသားရေ ကြိုပြီး ရတဲ့အရည်) ခြောက်ဆ၊ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊ တင်လဲရည် နှစ်ဆတို့နဲ့ ထုံးနဲ့သဲ ဇတူစပ်ပြီး အင်္ဂတေကို ပြုလုပ်ကြပါတယ်။နောက်တစ်နည်းကကျွဲကော်၊ရေ၊ အုံတုံ၊ဥသျှစ်၊နွားနို့အသစ်၊လက်ပံရေ၊ကောက်ညှင်း၊ ထမင်းနယ်ပျားရည်၊ရှားစောင်းသဖန်းခါး၊လက်ပံသီးကရတဲ့လဲဝါချဉ်ရည် စတဲ့အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။
နောက်တနည်းက ကျွဲကော်ရည်၊ အုံတုံ၊ ဥသျှစ်၊ နွားနို့၊ လက်ပံတရော်၊ ကောက်ညှင်း၊ ထမနဲပျားရည်၊ တင်လဲဖုတ်ခြောက်ချင်ရွေးရှားစောင်း၊သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုးကိုဆယ့်နှစ်ခါ ပြန်ထောင်းပြီး ပြုလုပ်ပါတယ်။
“ အုံတုံသတ္တ၊ နဝကျွဲကော်
ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့်
လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို
မယုတ်စုပေါင်း ညက်စွာထောင်းတော့
ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့်
အုံတုံပဉ္စ၊ ကျွဲကော်ဆ
မှတ်ကြ အင်္ဂတေ ”
အထက်ဖော်ပြပါ အလင်္ကာသည်အင်္ဂတေဖော်စပ်နည်းသံပေါက်များမှာများစွာသောဖော်စပ်နည်းများမှ ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီးတည်ရာမှာအသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့ကြဇုသီးတစ်ဆ၊တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊ ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆကို ရောပြီး ကော်ရည်ကို စပ်ပါတယ်။
ရလာတဲ့ ကော်ရည်ကို အချိုးညီတဲ့ (ဆတူ)သဲနဲ့ထုံးတို့ ရောစပ်ပြီး မောင်းနဲ့ တခါထောင်း၊ အဲ့ဒီမှာ အင်္ဂတေ ရပါတယ်” အဲ့ဒီ မယ်ကြဇုသီးကို သုံးတာက ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊ တင်လဲကြတော့ အင်္ဂတေကို မာစေဖို့၊ ဥသျှစ်ကြတော့ ခိုင်ခံ့ပြီး အရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။
မြန်မာ့ အင်္ဂတေသည်လည်း အခြား ကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့် Lime Motor များနည်းတူထုံးနှင့် သဲကိုပင် အခြေခံပါသည်။သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာတွဲကပ်စေရန်အတွက်ကျွဲကော်ရည်၊ အုံတုံ ခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး၊အစရှိသော Organic Glue များနှင့် ကောင်းစွာသမအောင်ရောစပ်ပြီးအသုံးပြုခဲ့ကြသည်။ထုံးတစ်တင်းနှင့်သဲတစ်တင်းမှာအခြေခံဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။
ဒါကတော့ ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်တဲ့အခါ အဓိကသုံးရမဲ့ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့ ပြုလုပ်ပုံ သမိုင်းအကျဉ်းလေး ဖြစ်ပါတယ်။
အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟုသုတ ရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။
crd… နော်ဂဲလယ်ထူး (စာပေပရဟိတ)
zawgyi
ဘိလပ္ေျမ မေပၚေပါက္မီက ျမန္မာ့နည္းျမန္မာ့ဟန္ျဖင့္ေဖာ္စပ္ခဲ့သည့္ ျမန္မာ့႐ိုးရာ အဂၤေတအေၾကာင္း…
ဘိလပ္ေျမ မေပၚေပါက္မီ ကမာၻတစ္ဝွမ္းလုံး ထုံး၊အဂၤေတကိုသုံးစြဲခဲ့ၾကစဥ္ကျမန္မာႏိုင္ငံတြင္လည္း ျမန္မာ့႐ိုးရာအဂၤေတကိုျမန္မာ့နည္း ျမန္မာ့ဟန္ျဖင့္ေဖာ္စပ္သုံးစြဲခဲ့ၾကပါတယ္။
ပုဂံေခတ္ အဂၤေတစပ္နည္းကေတာ့အုံတုံအပင္ကအေခါက္ကိုခြာၿပီးႀကိဳရတဲ့အရည္ငါးဆ ကြၽဲေကာ္ရည္ (ကြၽဲသားေရ ႏြားသားေရ ႀကိဳၿပီး ရတဲ့အရည္) ေျခာက္ဆ၊ဥသွ်စ္သီးမွရတဲ့ အေစးတစ္ဆ၊ တင္လဲရည္ ႏွစ္ဆတို႔နဲ႔ ထုံးနဲ႔သဲ ဇတူစပ္ၿပီး အဂၤေတကို ျပဳလုပ္ၾကပါတယ္။ေနာက္တစ္နည္းကကြၽဲေကာ္၊ေရ၊ အုံတုံ၊ဥသွ်စ္၊ႏြားႏို႔အသစ္၊လက္ပံေရ၊ေကာက္ညႇင္း၊ ထမင္းနယ္ပ်ားရည္၊ရွားေစာင္းသဖန္းခါး၊လက္ပံသီးကရတဲ့လဲဝါခ်ဥ္ရည္ စတဲ့အရာေတြနဲ႔လည္း အဂၤေတစပ္ပါတယ္။
ေနာက္တနည္းက ကြၽဲေကာ္ရည္၊ အုံတုံ၊ ဥသွ်စ္၊ ႏြားႏို႔၊ လက္ပံတေရာ္၊ ေကာက္ညႇင္း၊ ထမနဲပ်ားရည္၊ တင္လဲဖုတ္ေျခာက္ခ်င္ေ႐ြးရွားေစာင္း၊သဖန္းခါးလက္ဝါ စတဲ့ဆယ္မ်ိဳးကိုဆယ့္ႏွစ္ခါ ျပန္ေထာင္းၿပီး ျပဳလုပ္ပါတယ္။
“ အုံတုံသတၱ၊ နဝကြၽဲေကာ္
ေဒြးေနာ္တင္လဲ ၊ အုတ္သွ်စ္ခြဲႏွင့္
လဲဝါတစ္ဆုတ္၊ ဆီတစ္မႈတ္ကို
မယုတ္စုေပါင္း ညက္စြာေထာင္းေတာ့
ဥသွ်စ္ဧေကး၊ တင္လဲေဒြးႏွင့္
အုံတုံပၪၥ၊ ကြၽဲေကာ္ဆ
မွတ္ၾက အဂၤေတ ”
အထက္ေဖာ္ျပပါ အလကၤာသည္အဂၤေတေဖာ္စပ္နည္းသံေပါက္မ်ားမွာမ်ားစြာေသာေဖာ္စပ္နည္းမ်ားမွ ထုတ္ႏႈတ္တင္ျပျခင္းသာျဖစ္ပါသည္။ကမာၻေက်ာ္ ေ႐ႊတိဂုံေစတီေတာ္ႀကီးတည္ရာမွာအသုံးျပဳခဲ့တဲ့ အဂၤေတစပ္နည္းကေတာ့ၾကဇုသီးတစ္ဆ၊တင္လဲႏွစ္ဆ၊ ဥသွ်စ္သုံးဆ၊ ကြၽဲေကာ္ရည္ေျခာက္ဆ၊ အုံတုံဆယ့္ႏွစ္ဆကို ေရာၿပီး ေကာ္ရည္ကို စပ္ပါတယ္။
ရလာတဲ့ ေကာ္ရည္ကို အခ်ိဳးညီတဲ့ (ဆတူ)သဲနဲ႔ထုံးတို႔ ေရာစပ္ၿပီး ေမာင္းနဲ႔ တခါေထာင္း၊ အဲ့ဒီမွာ အဂၤေတ ရပါတယ္” အဲ့ဒီ မယ္ၾကဇုသီးကို သုံးတာက ထုံးသည္ အုတ္ကို စားျခင္းကေန ကာကြယ္ဖို႔၊ တင္လဲၾကေတာ့ အဂၤေတကို မာေစဖို႔၊ ဥသွ်စ္ၾကေတာ့ ခိုင္ခံ့ၿပီး အေရာင္ေကာင္းေစဖို႔ ျဖစ္ပါတယ္။
ျမန္မာ့ အဂၤေတသည္လည္း အျခား ကမာၻ႔ႏိုင္ငံအသီးသီးတြင္ သုံးစြဲၾကသည့္ Lime Motor မ်ားနည္းတူထုံးႏွင့္ သဲကိုပင္ အေျခခံပါသည္။သို႔ေသာ္ ျမန္မာ့အဂၤေတ၏ ထူးျခားမႈမွာ အဂၤေတအား အုတ္လႊာမ်ားႏွင့္ ေကာင္းစြာတြဲကပ္ေစရန္အတြက္ကြၽဲေကာ္ရည္၊ အုံတုံ ေခါက္ျပဳတ္ရည္၊ တင္လဲရည္၊ ဥသွ်စ္ေစး၊အစရွိေသာ Organic Glue မ်ားႏွင့္ ေကာင္းစြာသမေအာင္ေရာစပ္ၿပီးအသုံးျပဳခဲ့ၾကသည္။ထုံးတစ္တင္းႏွင့္သဲတစ္တင္းမွာအေျခခံျဖစ္ၿပီး အပိုထည့္သြင္းေသာ Additive မ်ားကို သံေပါက္စပ္၍ မွတ္သားခဲ့ၾကသည္။
ဒါကေတာ့ ေရွးျမန္မာတို႔ရဲ႕ ေစတီပုထိုးဘုရားေက်ာင္းကန္ေတြကို တည္ထား ေဆာက္လုပ္တဲ့အခါ အဓိကသုံးရမဲ့ အဂၤေတကို ျမန္မာ့နည္း ျမန္မာ့ဟန္နဲ႔ တီထြင္ႀကံဆလုပ္ခဲ့ၾကတဲ့ ျပဳလုပ္ပုံ သမိုင္းအက်ဥ္းေလး ျဖစ္ပါတယ္။
အျခားျပဳလုပ္ပုံ တည္ေဆာက္ပုံေတြလည္း ရွိႏိုင္ေသးေပမဲ့ ေလ့လာမိသေလာက္ ဗဟုသုတ ရေစရန္အလို႔ငွာ ေဖာ္ျပေပးလိုက္ပါတယ္။
crd… ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)