ဘေ့စ် ဂီတလောကရဲ့ ပြိုင်စံရှား ဘုရင်တဆူအဖြစ် လျှမ်းလျှမ်းတောက်ကြော်ကြားခဲ့တဲ့ ဆလိုင်းဇာလျန်းဆိုတဲ့ လူဟာ ဒီလိုလူမျိုးပါ…..

Posted on

ဘေ့စ်ဂီတမှာ ဘုရင်အဖြစ် သတ်မှတ်ရလောက်အောင် ဟုန်းဟုန်းတောက်အောင် နာမည်ကြီးခဲ့တဲ့ ဆလိုင်းဇာလျန်းဆိုတာ အဲ့သလို ဂီတအနုပညာရှင်မျိုးပါ…

တခါတော့ မင်းသားကြီးဦးကျော်ဟိန်းက ကိုဗစ်လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို အိမ်အပြန် လိုက်ပို့တယ်။လိုက်ပို့တော့ ဆင်းရဲသားရပ်ကွက်ပဲလေ။ လမ်းကြိုလမ်းကြားက ဝင်ရမှာမို့ ကိုဗစ်က လမ်းထိပ်ကနေ ဆင်းချင်တယ်။ဦးကျော်ဟိန်းကလည်း အိမ်အထိ လိုက်ပို့ပါ့မယ်တွေ လုပ်တော့ ကိုဗစ်က ဒေါကန်ပြီး ဦးကျော်ဟိန်းရဲ့ ကားအကောင်းစားကြီးကို သုံးချက်လောက် ဆောင့်ကန် ထားခဲ့သတဲ့ဗျာ။ ဂီတသမားတိုင်းက လေးစားကြရတဲ့ ဆလိုင်းဇာလျန်းဆိုတာ အဲ့သလို ဂီတအနုပညာရှင်မျိုးပါ။ဒီနေရာမှာတော့ ကိုယ်တိုင်လည်း သီချင်းတွေအများကြီး သီဆိုခဲ့တဲ့ ဦးကျော်ဟိန်းဟာ ဂီတအနုပညာသမားတွေအပေါ် နားလည်တဲ့စိတ် လေးစားရင်းစွဲစိတ် ရှိတယ်လို့ ထင်ပါတယ်။တစ်ခါသားမှာလည်း သူ့ရုပ်ရှင်ဇာတ်ဝင်တေးမှာ သီဆိုဖို့ ကိုငှက်(ထူးအိမ်သင်) ကို လာခေါ်တယ်။လာခေါ်တော့ ကိုငှက်က ခနစောင့်ဦးဗျာ ကျွန်တော် အိမ်သာတက်လိုက်ဦးမယ်ဆိုပြီးသွားလိုက်တာ၊ ဦးကျော်ဟိန်းက ထိုင်ခုံမရှိတဲ့ ကြမ်းပြင်မှာ နာရီဝက်လောက်ထိ ထိုင်စောင့်နေခဲ့ရဖူးပါတယ်တဲ့။ထားပါတော့ဗျာ၊ ဒါက စကားစပ်မိလို့ပါ။ ကိုဗစ်(ဗစ်တာ)လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို ချင်းပြည်နယ် ဖလမ်းမြို့မှာ မွေးဖွားပါတယ်။ဖခင်ဖြစ်သူက ဆရာဝန်ဖြစ်တာကြောင့် တာဝန်ကျတဲ့ နေရာဒေသမျိုးစုံမှာ လိုက်လံနေထိုင်ပြီး ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းကနေ ဆယ်တန်းအောင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကနေ ဓာတု‌ဗေဒ နဲ့ ဘွဲ့ရကျောင်းပြီးခဲ့ပြီး ၊GTIမှာလည်း ပညာဆက်သင်ခဲ့ပါသေးတယ်။တစ်နေ့မှာတော့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ နိုင်ငံခြားဆေးကိုယ်စားလှယ်တစ်ဦး‌ဆီကနေ ဂီတာသင်ရိုးစာအုပ်တစ်အုပ်ကို လက်ဆောင် ရခဲ့တယ်။ဒါဟာ သူ့အတွက်တော့ ဘုရားသခင်ပေးတဲ့ ပထမဆုံး လက်ဆောင်ပါပဲ။ အဲ့ဒီစာအုပ်ထဲက သင်ရိုးတွေကို လေ့ကျင့်ရင်းနဲ့ ဂီတပညာကို သင်ယူခဲ့တယ်။အပျော်တမ်းတီးဝိုင်းလေးတွေဖွဲ့ပြီး ဂီတလမ်းကြောင်း‌ေပါ်ကို ရောက်လာခဲ့တယ်။ ကိုဗစ်က အစကတော့ လိဒ်တီးတာပါပဲ။ နောက်မှ ဘေ့စ် တီးတာပါ။ဒီနေရာမှာ ကျွန်တော့်ဆရာ ဆလိုင်းတင်မိုး ပြောဖူးတာလေး ပြန်အမှတ်ရပါတယ်။ ဆရာစောဘွဲ့မှူးက အဲ့ဒီ ဦးဇာလျန်းကြီးနဲ့ ပတ်သက်ပြီး ပြောတာလေ။“တော်သေးတယ်ကွာ ကိုဇာလျန်းကြီး လိဒ် မကိုင်လို့၊ သူသာ လိဒ်ကိုင်ရင် ငါ ဘုံပျောက်လောက်တယ်” လို့ ပြောဖူးတယ် ဆိုပါတယ်။

ဦးဇာလျန်းကြီးကို ချီးကျူးဂုဏ်ပြုချင်လို့ ဒီလိုပြောတာ ဖြစ်မှာပါ။ စကားစပ်မိလို့ ထပ်ပြီးဖောက်သယ်ချရဦးမယ်။IC က ဘေ့စ်တီးတဲ့ ဆလိုင်းခင်မောင်သန့်နဲ့ ပတ်သက်ပြီး ဦးဇာလျန်းက “ဒီကောင်လေး ဘေ့စ်ပဲတီးနေလို့၊ လိဒ်သာတီးရင် ဘယ်သူမှ လိုက်မှီမှာ မဟုတ်ဘူး” လို့ မှတ်ချက်ပြုဖူးပါတယ်တဲ့။ကိုသစ္စာ ရေးတဲ့ ဆောင်းပါး အင်တာဗျူးထဲမှာ ဖတ်ဖူးတာပါ။ ဦးဇာလျန်း နဲ့ The Aces တီးဝိုင်းရဲ့ ပုံပြင်တွေကတော့ အများကြီးပါ့။The Aces ကို ရောက်လာရတာကတော့ The Aces က ဘေ့စ်သမား ထွက်သွားပြီးတဲ့နောက် ဘေ့စ်သမား ရှာရင်း ဦးဇာလျန်းကို ခေါ်လို့ ရောက်လာရတာလို့ သူက ပြောပြပါတယ်။

ကျွန်တော်တို့ရဲ့ ဂီတနတ်သားလေးတစ်ပါး ဖြစ်တဲ့ ကိုငှက်(ထူးအိမ်သင်)နဲ့လည်း ဇာတ်လမ်းလေး ရှိခဲ့ဖူးသေးတယ်။ကိုငှက်နဲ့ အမှတ်တရ ဖြစ်ခဲ့ပုံကို ဦးဇာလျန်းက ဒီလို ပြောပြပါတယ်။ “ထူးအိမ်သင်က ရှေးရိုးအစဉ်အလာအတိုင်း တည့်တည့်တီးပေးစေချင်တယ်။ကျွန်တော်က စောင်းကန်း စောင်းကန်းတီးတာ။ အဲဒီ အရသာကို သူကမသိဘူး။ မသိတော့ ပြောတာပေါ့။ တည့်တည့်တီးပေးဖို့။ကျွန်တော်က ဟေ့ကောင် မင်းဟာကို မင်းတည့်အောင်ဆို ငါတို့က ငါတို့ဘာသာသွားမယ်။ မင်းဆိုမယ့် အပိုင်းကို ဖြောင့်ဖြောင့်တန်းတန်း တည့်အောင်ဆိုလို့ ပြောတယ်။ဒါပေမဲ့ သူနောက်တော့ သဘောပေါက်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာမှာ ထွက်နေတဲ့ သီချင်းတွေက အဲဒီပုံစံတွေပဲ။ အစောင်း ခေါ်တာပေါ့”

ဂီတနတ်သားလေးနဲ့ ဂီတပညာရှင်ကြီးတို့ရဲ့ ချစ်စရာ အမှတ်တရပါပဲ။ တစ်ခါတော့ ဟော်တယ်တစ်ခုမှာ မင်္ဂလာဧည့်ခံပွဲတီးဖို့ရှိတာ၊ အဲ့ဒီမှာ ဦးဇာလျန်းရဲ့ ဘော်ဒါအပေါင်းအသင်းတွေလည်း ဦးဇာလျန်း မျက်နှာနဲ့ ခန်းမထဲ ရောက်လာကြတယ်။ကုတ်အင်္ကျီကို အထဲခံမပါဘဲ ဝတ်တဲ့သူနဲ့ အားကစားဘောင်းဘီတို ဝတ်ထားတဲ့သူနဲ့၊ အန်တီနွဲ့ယဉ်ဝင်းက Country roads, take me home လည်း ဆိုရော သူ့ဘော်ဒါတွေက ထကတဲ့သူက က၊ ဟာမိုနီ လိုက်တဲ့သူကလိုက်နဲ့ ဝရုန်းသုန်းကား ဖြစ်ကုန်ရော ဆိုပဲ။ဦးဇာလျန်းကြီးကတော့ ပြုံးလို့တဲ့ဗျာ။ ဦးဇာလျန်း ဂစ်တာတီးတာကို Live မမြင်ဖူးလိုက်တဲ့ ကျွန်တော်တို့အတွက် အတော်နာတာပါပဲ။ဆလိုင်းဇာလျန်း လို့ ဟုန်းဟုန်းတောက်အောင် နာမည်ကြီးပြီး တစ်သက်တာဂီတထူးချွန်ပညာရှင်ဆု ရတဲ့သူကို။စောဘွဲ့မှူးကို လိဒ်ဂီတာမှာ ဘုရင်လို့ သတ်မှတ်ရင် ဆလိုင်းဇာလျန်းကို ဘေ့စ်ဂီတမှာ ဘုရင်အဖြစ် သတ်မှတ်ရမှာပဲလို့ ဆိုကြတာကို။ဦးဇာလျန်းက ဘေ့စ်တီးရုံတင်မကဘဲ သီချင်းတွေကိုလည်း ကိုယ်တိုင်ရေး သီဆိုခဲ့ပါသေးတယ်။

နောက်ဆုံး ကိုလေးဖြူနဲ့ လုပ်တဲ့အခွေလည်း ထွက်မလာခဲ့ဘူး ထင်ပါတယ်။ ကိုလေးဖြူရဲ့ အင်တာဗျူးတစ်ခုမှာတော့“ကျွန်တော် အဲ့ဒီ ကိုဇာလျန်းရဲ့အခွေကို သီးသန့်လေး သိမ်းထားပါတယ်၊ ခင်ဗျားတို့သိပါတယ်ဗျာ ဒီလူကြီး ဘယ်လောက်တော်တယ် ဆိုတာကို”လို့ ပြောခဲ့ဖူးတယ်။ဦးဇာလျန်းရဲ့ သီချင်းတွေထဲမှာ နေဝန်းနီ ပေါ်ထွက်ပြီ၊ လိုရင် အကုန်လုံးယူ၊ ဖိုးသာထူး၊ ပြုံးပြလိုက်ပါ အချစ်ရယ်၊ ပန်းကလေးငိုတို့ စစ်နဲ့ငြိမ်းချမ်းရေးတို့ကို လူသိများကြပါတယ်။သီချင်းတွေက ပြုံးမိနေရင်းကနေ တွေးစရာ ဆွေးစရာ ဘဝဒဿနအချို့ကို ရလိုက်နိုင်တာမျိုးတွေလေ။ဦးခိုင်ထူး သီဆိုထားတဲ့ အဲ့ဒီ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ သီချင်းလေးကတော့ မကြာခဏ နားထောင်ဖြစ်တဲ့ သီချင်းလေးပါပဲ။စပါးနှံချီကာ ချိုးဖြူငှက်ငယ်တွေ၊ အာကာတစ်ခွင်မှာ ဝဲလို့ မြူးပျော်စေ၊ သာယာနားဝင်ချို အေးတဲ့တေးသံဝေ၊ ညီညီညာညာ ငြိမ်းချမ်းရေးကို လှမ်း….. တဲ့။ကျွန်တော်တို့ ချစ်ရတဲ့ အလေးအမြတ်ပြုရတဲ့ ဆလိုင်းဇာလျန်းဟာ ၂၀၂၁ မတ်လ ၆ ရက်နေ့မှာတော့ မငြိမ်းချမ်းတဲ့ ကမ္ဘာမြေကြီးကို စွန့်ခွာသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးတေးသံနဲ့ ချိုးဖြူငှက်တွေ ဝဲပျံနေမယ့် ကောင်းကင်ရွှေပြည်တော်မှာ ဆလိုင်းဇာလျန်း ငြိမ်းချမ်းစွာဖြင့် ပျော်ရွှင်ပါစေ…။ကိုးကား; ၁။ The Aces ရဲ့ ပဉ္စမံတပ်မှူးကြီး ဆလိုင်းဇာလျာန်း (ခ) ကိုဗစ်နဲ့ စကားစမြည်၊ ကိုသစ္စာ၊ အလင်္ကာဂီတဂျာနယ်။ ၂။ တစ်သက်တာဂီတထူးချွန်ဆုရှင် ဗေရိဥယျာဥ်ခြံထဲက ခြံစောင့်ကြီး၊ EMG။ ၃။ အရှင်လတ်လတ် တွေ့ဖူးခဲ့သူများ၊ သိမ်းတင်သား။ ၄။ About the Salai Za Lian, Chin World Media.

မူရင်း ခေတ်လင်းနေ 27.9.2022 ရေးသားသည်ကို ပြန်လည်မျှဝေပါသည်။ လေးစားစွာဖြင့် ခရက်ဒစ်

zawgyi
ေဘ့စ္ဂီတမွာ ဘုရင္အျဖစ္ သတ္မွတ္ရေလာက္ေအာင္ ဟုန္းဟုန္းေတာက္ေအာင္ နာမည္ႀကီးခဲ့တဲ့ ဆလိုင္းဇာလ်န္းဆိုတာ အဲ့သလို ဂီတအႏုပညာရွင္မ်ိဳးပါ…

တခါေတာ့ မင္းသားႀကီးဦးေက်ာ္ဟိန္းက ကိုဗစ္လို႔ ေခၚၾကတဲ့ ဆလိုင္းဇာလ်န္းကို အိမ္အျပန္ လိုက္ပို႔တယ္။လိုက္ပို႔ေတာ့ ဆင္းရဲသားရပ္ကြက္ပဲေလ။ လမ္းႀကိဳလမ္းၾကားက ဝင္ရမွာမို႔ ကိုဗစ္က လမ္းထိပ္ကေန ဆင္းခ်င္တယ္။ဦးေက်ာ္ဟိန္းကလည္း အိမ္အထိ လိုက္ပို႔ပါ့မယ္ေတြ လုပ္ေတာ့ ကိုဗစ္က ေဒါကန္ၿပီး ဦးေက်ာ္ဟိန္းရဲ႕ ကားအေကာင္းစားႀကီးကို သုံးခ်က္ေလာက္ ေဆာင့္ကန္ ထားခဲ့သတဲ့ဗ်ာ။ ဂီတသမားတိုင္းက ေလးစားၾကရတဲ့ ဆလိုင္းဇာလ်န္းဆိုတာ အဲ့သလို ဂီတအႏုပညာရွင္မ်ိဳးပါ။ဒီေနရာမွာေတာ့ ကိုယ္တိုင္လည္း သီခ်င္းေတြအမ်ားႀကီး သီဆိုခဲ့တဲ့ ဦးေက်ာ္ဟိန္းဟာ ဂီတအႏုပညာသမားေတြအေပၚ နားလည္တဲ့စိတ္ ေလးစားရင္းစြဲစိတ္ ရွိတယ္လို႔ ထင္ပါတယ္။တစ္ခါသားမွာလည္း သူ႔႐ုပ္ရွင္ဇာတ္ဝင္ေတးမွာ သီဆိုဖို႔ ကိုငွက္(ထူးအိမ္သင္) ကို လာေခၚတယ္။လာေခၚေတာ့ ကိုငွက္က ခနေစာင့္ဦးဗ်ာ ကြၽန္ေတာ္ အိမ္သာတက္လိုက္ဦးမယ္ဆိုၿပီးသြားလိုက္တာ၊ ဦးေက်ာ္ဟိန္းက ထိုင္ခုံမရွိတဲ့ ၾကမ္းျပင္မွာ နာရီဝက္ေလာက္ထိ ထိုင္ေစာင့္ေနခဲ့ရဖူးပါတယ္တဲ့။ထားပါေတာ့ဗ်ာ၊ ဒါက စကားစပ္မိလို႔ပါ။ ကိုဗစ္(ဗစ္တာ)လို႔ ေခၚၾကတဲ့ ဆလိုင္းဇာလ်န္းကို ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕မွာ ေမြးဖြားပါတယ္။ဖခင္ျဖစ္သူက ဆရာဝန္ျဖစ္တာေၾကာင့္ တာဝန္က်တဲ့ ေနရာေဒသမ်ိဳးစုံမွာ လိုက္လံေနထိုင္ၿပီး ရန္ကုန္ၿမိဳ႕ စိန႔္ေပါလ္ေက်ာင္းကေန ဆယ္တန္းေအာင္ပါတယ္။

ရန္ကုန္တကၠသိုလ္ကေန ဓာတု‌ေဗဒ နဲ႔ ဘြဲ႕ရေက်ာင္းၿပီးခဲ့ၿပီး ၊GTIမွာလည္း ပညာဆက္သင္ခဲ့ပါေသးတယ္။တစ္ေန႔မွာေတာ့ ဖခင္ျဖစ္သူရဲ႕ မိတ္ေဆြတစ္ဦးျဖစ္တဲ့ ႏိုင္ငံျခားေဆးကိုယ္စားလွယ္တစ္ဦး‌ဆီကေန ဂီတာသင္႐ိုးစာအုပ္တစ္အုပ္ကို လက္ေဆာင္ ရခဲ့တယ္။ဒါဟာ သူ႔အတြက္ေတာ့ ဘုရားသခင္ေပးတဲ့ ပထမဆုံး လက္ေဆာင္ပါပဲ။ အဲ့ဒီစာအုပ္ထဲက သင္႐ိုးေတြကို ေလ့က်င့္ရင္းနဲ႔ ဂီတပညာကို သင္ယူခဲ့တယ္။အေပ်ာ္တမ္းတီးဝိုင္းေလးေတြဖြဲ႕ၿပီး ဂီတလမ္းေၾကာင္း‌ေပၚကို ေရာက္လာခဲ့တယ္။ ကိုဗစ္က အစကေတာ့ လိဒ္တီးတာပါပဲ။ ေနာက္မွ ေဘ့စ္ တီးတာပါ။ဒီေနရာမွာ ကြၽန္ေတာ့္ဆရာ ဆလိုင္းတင္မိုး ေျပာဖူးတာေလး ျပန္အမွတ္ရပါတယ္။ ဆရာေစာဘြဲ႕မႉးက အဲ့ဒီ ဦးဇာလ်န္းႀကီးနဲ႔ ပတ္သက္ၿပီး ေျပာတာေလ။“ေတာ္ေသးတယ္ကြာ ကိုဇာလ်န္းႀကီး လိဒ္ မကိုင္လို႔၊ သူသာ လိဒ္ကိုင္ရင္ ငါ ဘုံေပ်ာက္ေလာက္တယ္” လို႔ ေျပာဖူးတယ္ ဆိုပါတယ္။

ဦးဇာလ်န္းႀကီးကို ခ်ီးက်ဴးဂုဏ္ျပဳခ်င္လို႔ ဒီလိုေျပာတာ ျဖစ္မွာပါ။ စကားစပ္မိလို႔ ထပ္ၿပီးေဖာက္သယ္ခ်ရဦးမယ္။IC က ေဘ့စ္တီးတဲ့ ဆလိုင္းခင္ေမာင္သန႔္နဲ႔ ပတ္သက္ၿပီး ဦးဇာလ်န္းက “ဒီေကာင္ေလး ေဘ့စ္ပဲတီးေနလို႔၊ လိဒ္သာတီးရင္ ဘယ္သူမွ လိုက္မွီမွာ မဟုတ္ဘူး” လို႔ မွတ္ခ်က္ျပဳဖူးပါတယ္တဲ့။ကိုသစၥာ ေရးတဲ့ ေဆာင္းပါး အင္တာဗ်ဴးထဲမွာ ဖတ္ဖူးတာပါ။ ဦးဇာလ်န္း နဲ႔ The Aces တီးဝိုင္းရဲ႕ ပုံျပင္ေတြကေတာ့ အမ်ားႀကီးပါ့။The Aces ကို ေရာက္လာရတာကေတာ့ The Aces က ေဘ့စ္သမား ထြက္သြားၿပီးတဲ့ေနာက္ ေဘ့စ္သမား ရွာရင္း ဦးဇာလ်န္းကို ေခၚလို႔ ေရာက္လာရတာလို႔ သူက ေျပာျပပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ ဂီတနတ္သားေလးတစ္ပါး ျဖစ္တဲ့ ကိုငွက္(ထူးအိမ္သင္)နဲ႔လည္း ဇာတ္လမ္းေလး ရွိခဲ့ဖူးေသးတယ္။ကိုငွက္နဲ႔ အမွတ္တရ ျဖစ္ခဲ့ပုံကို ဦးဇာလ်န္းက ဒီလို ေျပာျပပါတယ္။ “ထူးအိမ္သင္က ေရွး႐ိုးအစဥ္အလာအတိုင္း တည့္တည့္တီးေပးေစခ်င္တယ္။ကြၽန္ေတာ္က ေစာင္းကန္း ေစာင္းကန္းတီးတာ။ အဲဒီ အရသာကို သူကမသိဘူး။ မသိေတာ့ ေျပာတာေပါ့။ တည့္တည့္တီးေပးဖို႔။ကြၽန္ေတာ္က ေဟ့ေကာင္ မင္းဟာကို မင္းတည့္ေအာင္ဆို ငါတို႔က ငါတို႔ဘာသာသြားမယ္။ မင္းဆိုမယ့္ အပိုင္းကို ေျဖာင့္ေျဖာင့္တန္းတန္း တည့္ေအာင္ဆိုလို႔ ေျပာတယ္။ဒါေပမဲ့ သူေနာက္ေတာ့ သေဘာေပါက္ပါတယ္။ အဲဒီအခ်ိန္မွာ ကမာၻမွာ ထြက္ေနတဲ့ သီခ်င္းေတြက အဲဒီပုံစံေတြပဲ။ အေစာင္း ေခၚတာေပါ့”

ဂီတနတ္သားေလးနဲ႔ ဂီတပညာရွင္ႀကီးတို႔ရဲ႕ ခ်စ္စရာ အမွတ္တရပါပဲ။ တစ္ခါေတာ့ ေဟာ္တယ္တစ္ခုမွာ မဂၤလာဧည့္ခံပြဲတီးဖို႔ရွိတာ၊ အဲ့ဒီမွာ ဦးဇာလ်န္းရဲ႕ ေဘာ္ဒါအေပါင္းအသင္းေတြလည္း ဦးဇာလ်န္း မ်က္ႏွာနဲ႔ ခန္းမထဲ ေရာက္လာၾကတယ္။ကုတ္အက်ႌကို အထဲခံမပါဘဲ ဝတ္တဲ့သူနဲ႔ အားကစားေဘာင္းဘီတို ဝတ္ထားတဲ့သူနဲ႔၊ အန္တီႏြဲ႕ယဥ္ဝင္းက Country roads, take me home လည္း ဆိုေရာ သူ႔ေဘာ္ဒါေတြက ထကတဲ့သူက က၊ ဟာမိုနီ လိုက္တဲ့သူကလိုက္နဲ႔ ဝ႐ုန္းသုန္းကား ျဖစ္ကုန္ေရာ ဆိုပဲ။ဦးဇာလ်န္းႀကီးကေတာ့ ၿပဳံးလို႔တဲ့ဗ်ာ။ ဦးဇာလ်န္း ဂစ္တာတီးတာကို Live မျမင္ဖူးလိုက္တဲ့ ကြၽန္ေတာ္တို႔အတြက္ အေတာ္နာတာပါပဲ။ဆလိုင္းဇာလ်န္း လို႔ ဟုန္းဟုန္းေတာက္ေအာင္ နာမည္ႀကီးၿပီး တစ္သက္တာဂီတထူးခြၽန္ပညာရွင္ဆု ရတဲ့သူကို။ေစာဘြဲ႕မႉးကို လိဒ္ဂီတာမွာ ဘုရင္လို႔ သတ္မွတ္ရင္ ဆလိုင္းဇာလ်န္းကို ေဘ့စ္ဂီတမွာ ဘုရင္အျဖစ္ သတ္မွတ္ရမွာပဲလို႔ ဆိုၾကတာကို။ဦးဇာလ်န္းက ေဘ့စ္တီး႐ုံတင္မကဘဲ သီခ်င္းေတြကိုလည္း ကိုယ္တိုင္ေရး သီဆိုခဲ့ပါေသးတယ္။

ေနာက္ဆုံး ကိုေလးျဖဴနဲ႔ လုပ္တဲ့အေခြလည္း ထြက္မလာခဲ့ဘူး ထင္ပါတယ္။ ကိုေလးျဖဴရဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့“ကြၽန္ေတာ္ အဲ့ဒီ ကိုဇာလ်န္းရဲ႕အေခြကို သီးသန႔္ေလး သိမ္းထားပါတယ္၊ ခင္ဗ်ားတို႔သိပါတယ္ဗ်ာ ဒီလူႀကီး ဘယ္ေလာက္ေတာ္တယ္ ဆိုတာကို”လို႔ ေျပာခဲ့ဖူးတယ္။ဦးဇာလ်န္းရဲ႕ သီခ်င္းေတြထဲမွာ ေနဝန္းနီ ေပၚထြက္ၿပီ၊ လိုရင္ အကုန္လုံးယူ၊ ဖိုးသာထူး၊ ၿပဳံးျပလိုက္ပါ အခ်စ္ရယ္၊ ပန္းကေလးငိုတို႔ စစ္နဲ႔ၿငိမ္းခ်မ္းေရးတို႔ကို လူသိမ်ားၾကပါတယ္။သီခ်င္းေတြက ၿပဳံးမိေနရင္းကေန ေတြးစရာ ေဆြးစရာ ဘဝဒႆနအခ်ိဳ႕ကို ရလိုက္ႏိုင္တာမ်ိဳးေတြေလ။ဦးခိုင္ထူး သီဆိုထားတဲ့ အဲ့ဒီ စစ္နဲ႔ ၿငိမ္းခ်မ္းေရး ဆိုတဲ့ သီခ်င္းေလးကေတာ့ မၾကာခဏ နားေထာင္ျဖစ္တဲ့ သီခ်င္းေလးပါပဲ။စပါးႏွံခ်ီကာ ခ်ိဳးျဖဴငွက္ငယ္ေတြ၊ အာကာတစ္ခြင္မွာ ဝဲလို႔ ျမဴးေပ်ာ္ေစ၊ သာယာနားဝင္ခ်ိဳ ေအးတဲ့ေတးသံေဝ၊ ညီညီညာညာ ၿငိမ္းခ်မ္းေရးကို လွမ္း….. တဲ့။ကြၽန္ေတာ္တို႔ ခ်စ္ရတဲ့ အေလးအျမတ္ျပဳရတဲ့ ဆလိုင္းဇာလ်န္းဟာ ၂၀၂၁ မတ္လ ၆ ရက္ေန႔မွာေတာ့ မၿငိမ္းခ်မ္းတဲ့ ကမာၻေျမႀကီးကို စြန႔္ခြာသြားခဲ့ပါတယ္။

ၿငိမ္းခ်မ္းေရးေတးသံနဲ႔ ခ်ိဳးျဖဴငွက္ေတြ ဝဲပ်ံေနမယ့္ ေကာင္းကင္ေ႐ႊျပည္ေတာ္မွာ ဆလိုင္းဇာလ်န္း ၿငိမ္းခ်မ္းစြာျဖင့္ ေပ်ာ္႐ႊင္ပါေစ…။ကိုးကား; ၁။ The Aces ရဲ႕ ပၪၥမံတပ္မႉးႀကီး ဆလိုင္းဇာလ်ာန္း (ခ) ကိုဗစ္နဲ႔ စကားစျမည္၊ ကိုသစၥာ၊ အလကၤာဂီတဂ်ာနယ္။ ၂။ တစ္သက္တာဂီတထူးခြၽန္ဆုရွင္ ေဗရိဥယ်ာဥ္ၿခံထဲက ၿခံေစာင့္ႀကီး၊ EMG။ ၃။ အရွင္လတ္လတ္ ေတြ႕ဖူးခဲ့သူမ်ား၊ သိမ္းတင္သား။ ၄။ About the Salai Za Lian, Chin World Media.

မူရင္း ေခတ္လင္းေန 27.9.2022 ေရးသားသည္ကို ျပန္လည္မွ်ေဝပါသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္

Leave a Reply

Your email address will not be published. Required fields are marked *