မုန်လာဥနီဖျော်ရည်တခွက် မှာသောက်မိရာမှ ရယ်ရအခက် ငိုရအခက်ဖြစ်သွားတဲ့ အဖြစ်အပျက်…

Posted on

မုန်လာဥနီဖျော်ရည်တခွက် မှာသောက်မိရာမှာ ရယ်ရအခက် ငိုရအခက်ဖြစ်သွားတဲ့ အဖြစ်အပျက်…

ယနေ့ အွန်လိုင်းပေါ်မှာ လူမှုကွန်ရက် အသုံးပြုသူတွေ အပြောများနေတာကတော့ ထူးဆန်းတဲ့ မုန်လာဥနီ အကြောင်းပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေ တင်ထားသူကတော့ လက်ဖက်ရည်ဆိုင်လို ဆိုင်မျိုးမှာ မုန်လာဥနီ ဖျော်ရည်ကို မှာယူခဲ့ပြီးနောက် ဆိုင်က ဖျော်လာတဲ့ပုံကိုကြည့်ပြီး မနေနိုင်လို့ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာလို့ ရေးသားထားပါတယ်။ပုံမှန် မုန်လာဥနီဖျော်ရည်တွေဟာ မုန်လာဥနီကို ကြိတ်စက်နဲ့ မွှေကြိတ်ပြီး သကြားရည်နဲ့ ဖျော်ထားတာ ဖြစ်ပေမယ့် ယခု ဖျော်ရည်ကတော့ မုန်လာဥနီကို အစိမ်းကြော် ကြော်သလို အသီးခြစ်တံနဲ့ ခြစ်ထားပြီး ဒီအတိုင်း ခွက်ထဲ ထည့်ပေးထားတာကို တွေ့ရပါတယ်။

အဆိုပါ ဖျော်ရည်ကို တွေ့တဲ့သူတိုင်းက အံ့ဩခဲ့ကာ ငိုအားထက် ရယ်အားသန်ခဲ့ရပြီး နောက်ပြောင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ မီးပြတ်သွားလို့ ကြိတ်စက် ဖွင့်မရလို့ ဖြစ်နိုင်ကြောင်း၊ အစိမ်းကြော် ကြော်စားရင်းနဲ့ ဖျော်ပေးလိုက်တာ ဖြစ်ကြောင်း စသဖြင့် မှတ်ချက်တွေ ပေးခဲ့ပါတယ်။အစားအသောက် မျိုးစုံရတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေအနေနဲ့ အမယ်တွေ စုံတကာစေ့နေအောင် လုပ်ပြီး ယခုလို မထော်မနန်းတွေ ဖြစ်နေမယ့်အစား မိမိနိုင်နင်းတဲ့ အစားအသောက် အနည်းငယ်ကိုပဲ မီနူးထဲမှာ ထည့်ထားသင့်ပါတယ်။

ယခုနောက်ပိုင်း တရုတ်၊ အိန္ဒိယ၊ မြန်မာနဲ့ အနောက်တိုင်း အစားအသောက်တွေ မျိုးစုံရတဲ့ လက်ဖက်ရည်ဆိုင် အမည်ခံ စားသောက်ဆိုင်ကြီးတွေရဲ့ အစားအသောက်လက်ရာဟာ အရမ်းဆိုးရွားလာတာကို တွေ့ရပါတယ်။ အချက်အချာကျတဲ့နေရာမှာ ဖွင့်ထားတာ ဖြစ်တာကြောင့် အစားအသောက် မကောင်းပေမယ့် ထိုင်တဲ့သူတွေက မဖြစ်မနေ ထိုင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒါကြောင့် ယခုလို လူရယ်စရာ အဖြစ်မျိုးတွေ မဖြစ်အောင် ဆင်ခြင်ကြဖို့ အသိပေးလိုက်ပါတယ် ခင်ဗျာ။

crd
zawgyi
မုန္လာဥနီေဖ်ာ္ရည္တခြက္ မွာေသာက္မိရာမွာ ရယ္ရအခက္ ငိုရအခက္ျဖစ္သြားတဲ့ အျဖစ္အပ်က္…

ယေန႔ အြန္လိုင္းေပၚမွာ လူမႈကြန္ရက္ အသုံးျပဳသူေတြ အေျပာမ်ားေနတာကေတာ့ ထူးဆန္းတဲ့ မုန္လာဥနီ အေၾကာင္းပဲ ျဖစ္ပါတယ္။ ဓာတ္ပုံေတြ တင္ထားသူကေတာ့ လက္ဖက္ရည္ဆိုင္လို ဆိုင္မ်ိဳးမွာ မုန္လာဥနီ ေဖ်ာ္ရည္ကို မွာယူခဲ့ၿပီးေနာက္ ဆိုင္က ေဖ်ာ္လာတဲ့ပုံကိုၾကည့္ၿပီး မေနႏိုင္လို႔ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တာလို႔ ေရးသားထားပါတယ္။ပုံမွန္ မုန္လာဥနီေဖ်ာ္ရည္ေတြဟာ မုန္လာဥနီကို ႀကိတ္စက္နဲ႔ ေမႊႀကိတ္ၿပီး သၾကားရည္နဲ႔ ေဖ်ာ္ထားတာ ျဖစ္ေပမယ့္ ယခု ေဖ်ာ္ရည္ကေတာ့ မုန္လာဥနီကို အစိမ္းေၾကာ္ ေၾကာ္သလို အသီးျခစ္တံနဲ႔ ျခစ္ထားၿပီး ဒီအတိုင္း ခြက္ထဲ ထည့္ေပးထားတာကို ေတြ႕ရပါတယ္။

အဆိုပါ ေဖ်ာ္ရည္ကို ေတြ႕တဲ့သူတိုင္းက အံ့ဩခဲ့ကာ ငိုအားထက္ ရယ္အားသန္ခဲ့ရၿပီး ေနာက္ေျပာင္တဲ့ မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။ မီးျပတ္သြားလို႔ ႀကိတ္စက္ ဖြင့္မရလို႔ ျဖစ္ႏိုင္ေၾကာင္း၊ အစိမ္းေၾကာ္ ေၾကာ္စားရင္းနဲ႔ ေဖ်ာ္ေပးလိုက္တာ ျဖစ္ေၾကာင္း စသျဖင့္ မွတ္ခ်က္ေတြ ေပးခဲ့ပါတယ္။အစားအေသာက္ မ်ိဳးစုံရတဲ့ လက္ဖက္ရည္ဆိုင္ႀကီးေတြအေနနဲ႔ အမယ္ေတြ စုံတကာေစ့ေနေအာင္ လုပ္ၿပီး ယခုလို မေထာ္မနန္းေတြ ျဖစ္ေနမယ့္အစား မိမိႏိုင္နင္းတဲ့ အစားအေသာက္ အနည္းငယ္ကိုပဲ မီႏူးထဲမွာ ထည့္ထားသင့္ပါတယ္။

ယခုေနာက္ပိုင္း တ႐ုတ္၊ အိႏၵိယ၊ ျမန္မာနဲ႔ အေနာက္တိုင္း အစားအေသာက္ေတြ မ်ိဳးစုံရတဲ့ လက္ဖက္ရည္ဆိုင္ အမည္ခံ စားေသာက္ဆိုင္ႀကီးေတြရဲ႕ အစားအေသာက္လက္ရာဟာ အရမ္းဆိုး႐ြားလာတာကို ေတြ႕ရပါတယ္။ အခ်က္အခ်ာက်တဲ့ေနရာမွာ ဖြင့္ထားတာ ျဖစ္တာေၾကာင့္ အစားအေသာက္ မေကာင္းေပမယ့္ ထိုင္တဲ့သူေတြက မျဖစ္မေန ထိုင္ေနရတဲ့ အေနအထား ျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ ယခုလို လူရယ္စရာ အျဖစ္မ်ိဳးေတြ မျဖစ္ေအာင္ ဆင္ျခင္ၾကဖို႔ အသိေပးလိုက္ပါတယ္ ခင္ဗ်ာ။

crd

Leave a Reply

Your email address will not be published. Required fields are marked *