ရေအောက်တွင် နစ်မြုပ်သွားခဲ့သော ကမ္ဘာပေါ်မှာ အမှန်တကယ်တည်ရှိခဲ့ကြတဲ့ မြို့ကြီးများ..
တစ်စုံတစ်ယောက်က ရေအောက်မှာနစ်မြုပ်နေတဲ့မြို့တွေအကြောင်းပြောမယ်ဆိုပါကလူတွေကတော့အမြဲတမ်းအတ္တလန်တစ်မြို့ကိုပဲ အရင်ဆုံးစဉ်းစားမိကြမှာပါ။တကယ်တော့ ပျောက်ဆုံးနေတဲ့မြို့တွေကိုစာပေများစွာမှာ ဖော်ပြခဲ့ကြပြီးစူပါဟီးရိုးရုပ်ရှင်တစ်ခုဖြစ်တဲ့ Aquaman မှာလည်း ပျောက်ဆုံးခဲ့တဲ့မြို့အကြောင်းသိနိုင်ပါသေးတယ်။ အတ္တလန်တစ်မြို့တော်တစ်ကယ်ရှိခဲ့လားဆိုတာကိုတော့ အခုထိရှင်းရှင်းလင်းလင်းမသိကြပါဘူး။ ထိုမြို့တော်ရဲ့ ပျောက်ဆုံးရတဲ့အကြောင်းကတော့ လူတွေရဲ့ လောဘရမ္မက်ကြီးမားမှုကြောင့်ဖြစ်တယ်လို့ ပလေတိုရေးသားခဲ့တဲ့ စာအရယုံကြည်နေကြပါတယ်။ ယခုဆောင်းပါးထဲမှာတော့ကမ္ဘာတစ်ဝှမ်းရှိ ရေအောက်ကိုရောက်ရှိသွားခဲ့ကြတဲ့မြို့ကြီး(၆)မြို့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) Baiae
Baiae မြို့ကတော့ အီတလီနိုင်ငံ Naples ဒေသအနီးမှာတည်ရှိပါတယ်။ မြို့ရဲ့အစိတ်အပိုင်းအချို့ဟာရေအောက်မှာနစ်မြုပ်နေပြီး ထိုမြို့ကတော့ စိတ်ဝင်စားစရာကောင်းလှတဲ့ နောက်ခံသမိုင်းကြောင်းတွေရှိပါတယ်။ထိုမြို့ကြီးကိုတော့ သာယာတဲ့ရာသီဥတု၊ တန်ဖိုးကြီးအသီးအနှံတွေနဲ့ ရေပူစမ်းတွေကြောင့်လူသိများခဲ့ကြပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ထိုမြို့မှာနေထိုင်သူတွေဟာ အပျော်အပါးလိုက်စားတဲ့နေထိုင်မှုပုံစံကို နှစ်သက်သူတွေဖြစ်လာခဲ့ကြပါတယ်။ ထိုမြို့ကြီးရဲ့ ရေအောက်ကိုရောက်သွားတဲ့အကြောင်းအရင်းတစ်ခုကတော့ မီးတောင်ပေါက်ကွဲမှုတွေကြောင့်ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
(၂) Dunwich
ယခင်က တိုးတက်ခမ်းနားလှတဲ့ လူမှုအသိုင်းအဝိုင်းကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလိပ်မြို့ကြီးတစ်မြို့ဟာရေအောက်ကို ဘယ်လိုအကြောင်းတွေကြောင့် ရောက်ရှိသွားခဲ့ရတာပါသလဲ? Dunwich မြို့ဟာ၁၃ရာစုနဲ့ ၁၄ရာစုကာလတွေမှာ မုန်တိုင်းတွေရဲ့ ဆက်တိုက်ဝင်ရောက်ခြင်းကိုခံရပြီးပင်လယ်ကမ်းရိုးတန်းဒေသတွေဟာ ရေတိုက်စားခံတွေကို ပြင်းထန်စွာခံစား ခဲ့ရပါတယ်။ထိုမြို့မှာနေထိုင်သူများက မြို့ကိုကုန်းပေါ်မှာတည်ရှိနိုင်အော င်မျိုးစုံကြိုးစားခဲ့သော်လည်းDunwich ကတော့ပင်လယ်ရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရပါတယ်။ ဘုရားကျောင်းလေးခုနဲ့အိမ်နဲ့ အခြားအရာများစွာဟာ ရေအောက်မှာရှိနေတာကို တွေ့ရပါတယ်။
(၃) Ravensar Odd
အလယ်ခေတ်က ထင်ရှားလှတဲ့မြို့တစ်မြို့ဖြစ်တဲ့ Ravensar Odd ကတော့ အင်္ဂလန်နိုင်ငံyorkshire ပြည်နယ်ရဲ့ အရှေ့ဘက်ကမ်းခြေဒေသမှာ တည်ရှိခဲ့ပြီး ယနေ့အချိန်မှာတော့ထိုနေရာဟာ အရေးပါတဲ့ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်လို့နေပါပြီ။ ထိုမြို့ဟာ ၁၃ ရာစုနှစ်ကာလများက ပင်လယ်ဓားပြများစွာ အခြေချနေထိုင်တာကြောင့် နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ထိုမြို့ဟာ နှစ်များစွာကြာအောင်ထွန်းကားခဲ့ပေမယ့် သူလည်းပဲ မုန်တိုင်းဒဏ်တွေကိုခံစားခဲ့ရတာကြောင့်ပဲ ရေအောက်ကိုရောက်ရှိခဲ့ရပါတယ်။ ထိုမြို့ကိုပြင်းပြင်းထန်ထန်ဖျက်ဆီးပစ်လိုက်တဲ့မုန်တိုင်းကတော့ ၁၃၆၂ ခုနှစ် ဇန်နဝါရီလက တိုက်ခတ်ခဲ့သော Grote Mandrenke ဖြစ်ကာထိုအချိန်မှစ၍ရေအောက်ကို နှစ်မြုပ်ပျောက်ကွယ်သွားခဲ့ရပါတယ်။
(၄) Heracleion
ဒီမြို့ကတော့ ယခင်က အီဂျစ်ဒဏ္ဍာရီထဲက မြို့တစ်မြို့အဖြစ် ယုံကြည်ကြပါတယ်။ထိုမြို့ကိုတော့ တချိန်က Helem of Troy နဲ့ သူ့ရဲ့ချစ်သူ Paris က သွားရောက်ခဲ့ကြပြီးပြန်လည်ရှာတွေ့ခြင်းမရှိဘူးလို့ ဒဏ္ဍာရီဇာတ်လမ်းအရ သိရပါတယ်။ထိုမြို့ကိုတော့ ၁၉၉၉ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် Franck Goddio ကရှာတွေ့ခဲ့ပါတယ်။ ဒီမြို့ကတော့ အေဒီ ၈ရာစုအကုန်မှာ ရေအောက်ကိုနှစ်မြုပ်သွားခဲ့ရတယ်လို့ ဆိုကြပါတယ်။
(၅) Atlit Yam
ကျောက်ခေတ်နှောင်းပိုင်းကပေါ်ပေါက်ခဲ့တဲ့ဒီမြို့ကတော့ အစ္စရေးနိုင်ငံ၊Atlitကမ်းရိုးတန်းတစ်လျောက်မှာတည်ရှိခဲ့ပြီး ဒီမြို့တည်ရှိခဲ့ဟာနှစ်ပေါင်း ၈၉၀၀ကနေ၈၃၀၀ကြားရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။Atlit Yam ဟာလူသားတွေရဲ့သမိုင်းမှာပထမဆုံးရေအောက်ကိုရောက်သွားခဲ့ရတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ထိုမြို့ဟာဘာကြောင့်နစ်မြုပ်ခဲ့ရလည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဘာကြောင့်ဆို ရေအောက်မှာရှိနေနဲ့ ထိုမြို့ရဲ့ အသုံးအဆောင်တွေဟာဆွေးမြေ့နေတာကြောလေ့လာဖို့အတွက်သယ်ဆောင်ရခက်ခဲနေလို့ဘဲဖြစ်ပါတယ်။
(၆) Shicheng
Lion City လို့ခေါ်ကြတဲ့ဒီမြို့ကတော့ တရုတ်ပြည်ရဲ့အတ္တလန်တစ်မြို့အဖြစ်လူသိများကြပါတယ်။ဒီမြို့တော်ကတော့ တခြားရေအောက်ကိုနစ်မြုပ်သွားကြတဲ့ မြို့တော်တွေနဲ့မတူဘဲ ထူးခြားတဲ့အကြောင်းပြချက်တစ်ခုရှိနေပါတယ်။ဒီမြို့ဟာရေအောက်မှာနစ်မြုပ်နေတဲ့မြို့တော်မျိုးဖြစ်အောင် ၁၉၅၉ခုနှစ်မှာတမင်တကာဖန်တီးယူခဲ့ကြတာပါ။ဒီမြို့ဟာ Xin’an ဆည်တည်ဆောက်ဖို့အတွက်နစ်မြုပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပြီး ရေအောက်ကိုမရောက်ခင်အချိန်မှာတော့ Shicheng ဟာအတော်ကိုထွန်းကားခဲ့တာဘဲဖြစ်ပါတယ်။ထိုမြို့ကိုတည်ဆောက်ထားတဲ့ နှစ်၆၀၀သက်တမ်းရှိတဲ့လက်ရာတွေဟာ အေးခဲနေသောရေတွေကြောင့် မူလအတိုင်းမပျောက်မပျက်တည်ရှိနေခဲ့ပါတယ်။ထိုခမ်းနားတဲ့ အနုပညာလက်ရာတွေကိုမြင်တွေ့ချင်ရင်တော့ ယခုအချိန်မှာ ရေငုတ်ကာသွားရောက်လေ့လာနိုင်ပြီဖြစ်ပါတယ်။
crd
zawgyi
ေရေအာက္တြင္ နစ္ျမဳပ္သြားခဲ့ေသာ ကမာၻေပၚမွာ အမွန္တကယ္တည္ရွိခဲ့ၾကတဲ့ ၿမိဳ႕ႀကီးမ်ား..
တစ္စုံတစ္ေယာက္က ေရေအာက္မွာနစ္ျမဳပ္ေနတဲ့ၿမိဳ႕ေတြအေၾကာင္းေျပာမယ္ဆိုပါကလူေတြကေတာ့အၿမဲတမ္းအတၱလန္တစ္ၿမိဳ႕ကိုပဲ အရင္ဆုံးစဥ္းစားမိၾကမွာပါ။တကယ္ေတာ့ ေပ်ာက္ဆုံးေနတဲ့ၿမိဳ႕ေတြကိုစာေပမ်ားစြာမွာ ေဖာ္ျပခဲ့ၾကၿပီးစူပါဟီး႐ိုး႐ုပ္ရွင္တစ္ခုျဖစ္တဲ့ Aquaman မွာလည္း ေပ်ာက္ဆုံးခဲ့တဲ့ၿမိဳ႕အေၾကာင္းသိႏိုင္ပါေသးတယ္။ အတၱလန္တစ္ၿမိဳ႕ေတာ္တစ္ကယ္ရွိခဲ့လားဆိုတာကိုေတာ့ အခုထိရွင္းရွင္းလင္းလင္းမသိၾကပါဘူး။ ထိုၿမိဳ႕ေတာ္ရဲ႕ ေပ်ာက္ဆုံးရတဲ့အေၾကာင္းကေတာ့ လူေတြရဲ႕ ေလာဘရမၼက္ႀကီးမားမႈေၾကာင့္ျဖစ္တယ္လို႔ ပေလတိုေရးသားခဲ့တဲ့ စာအရယုံၾကည္ေနၾကပါတယ္။ ယခုေဆာင္းပါးထဲမွာေတာ့ကမာၻတစ္ဝွမ္းရွိ ေရေအာက္ကိုေရာက္ရွိသြားခဲ့ၾကတဲ့ၿမိဳ႕ႀကီး(၆)ၿမိဳ႕အေၾကာင္းကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။
(၁) Baiae
Baiae ၿမိဳ႕ကေတာ့ အီတလီႏိုင္ငံ Naples ေဒသအနီးမွာတည္ရွိပါတယ္။ ၿမိဳ႕ရဲ႕အစိတ္အပိုင္းအခ်ိဳ႕ဟာေရေအာက္မွာနစ္ျမဳပ္ေနၿပီး ထိုၿမိဳ႕ကေတာ့ စိတ္ဝင္စားစရာေကာင္းလွတဲ့ ေနာက္ခံသမိုင္းေၾကာင္းေတြရွိပါတယ္။ထိုၿမိဳ႕ႀကီးကိုေတာ့ သာယာတဲ့ရာသီဥတု၊ တန္ဖိုးႀကီးအသီးအႏွံေတြနဲ႔ ေရပူစမ္းေတြေၾကာင့္လူသိမ်ားခဲ့ၾကပါတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ ထိုၿမိဳ႕မွာေနထိုင္သူေတြဟာ အေပ်ာ္အပါးလိုက္စားတဲ့ေနထိုင္မႈပုံစံကို ႏွစ္သက္သူေတြျဖစ္လာခဲ့ၾကပါတယ္။ ထိုၿမိဳ႕ႀကီးရဲ႕ ေရေအာက္ကိုေရာက္သြားတဲ့အေၾကာင္းအရင္းတစ္ခုကေတာ့ မီးေတာင္ေပါက္ကြဲမႈေတြေၾကာင့္ျဖစ္တယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။
(၂) Dunwich
ယခင္က တိုးတက္ခမ္းနားလွတဲ့ လူမႈအသိုင္းအဝိုင္းကိုပိုင္ဆိုင္ထားတဲ့ အဂၤလိပ္ၿမိဳ႕ႀကီးတစ္ၿမိဳ႕ဟာေရေအာက္ကို ဘယ္လိုအေၾကာင္းေတြေၾကာင့္ ေရာက္ရွိသြားခဲ့ရတာပါသလဲ? Dunwich ၿမိဳ႕ဟာ၁၃ရာစုနဲ႔ ၁၄ရာစုကာလေတြမွာ မုန္တိုင္းေတြရဲ႕ ဆက္တိုက္ဝင္ေရာက္ျခင္းကိုခံရၿပီးပင္လယ္ကမ္း႐ိုးတန္းေဒသေတြဟာ ေရတိုက္စားခံေတြကို ျပင္းထန္စြာခံစား ခဲ့ရပါတယ္။ထိုၿမိဳ႕မွာေနထိုင္သူမ်ားက ၿမိဳ႕ကိုကုန္းေပၚမွာတည္ရွိႏိုင္ေအာ င္မ်ိဳးစုံႀကိဳးစားခဲ့ေသာ္လည္းDunwich ကေတာ့ပင္လယ္ရဲ႕ ဝါးမ်ိဳျခင္းကို ခံခဲ့ရပါတယ္။ ဘုရားေက်ာင္းေလးခုနဲ႔အိမ္နဲ႔ အျခားအရာမ်ားစြာဟာ ေရေအာက္မွာရွိေနတာကို ေတြ႕ရပါတယ္။
(၃) Ravensar Odd
အလယ္ေခတ္က ထင္ရွားလွတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ Ravensar Odd ကေတာ့ အဂၤလန္ႏိုင္ငံyorkshire ျပည္နယ္ရဲ႕ အေရွ႕ဘက္ကမ္းေျခေဒသမွာ တည္ရွိခဲ့ၿပီး ယေန႔အခ်ိန္မွာေတာ့ထိုေနရာဟာ အေရးပါတဲ့ ဆိပ္ကမ္းႀကီးတစ္ခု ျဖစ္လို႔ေနပါၿပီ။ ထိုၿမိဳ႕ဟာ ၁၃ ရာစုႏွစ္ကာလမ်ားက ပင္လယ္ဓားျပမ်ားစြာ အေျခခ်ေနထိုင္တာေၾကာင့္ နာမည္ဆိုးနဲ႔ေက်ာ္ၾကားခဲ့ပါတယ္။ထိုၿမိဳ႕ဟာ ႏွစ္မ်ားစြာၾကာေအာင္ထြန္းကားခဲ့ေပမယ့္ သူလည္းပဲ မုန္တိုင္းဒဏ္ေတြကိုခံစားခဲ့ရတာေၾကာင့္ပဲ ေရေအာက္ကိုေရာက္ရွိခဲ့ရပါတယ္။ ထိုၿမိဳ႕ကိုျပင္းျပင္းထန္ထန္ဖ်က္ဆီးပစ္လိုက္တဲ့မုန္တိုင္းကေတာ့ ၁၃၆၂ ခုႏွစ္ ဇန္နဝါရီလက တိုက္ခတ္ခဲ့ေသာ Grote Mandrenke ျဖစ္ကာထိုအခ်ိန္မွစ၍ေရေအာက္ကို ႏွစ္ျမဳပ္ေပ်ာက္ကြယ္သြားခဲ့ရပါတယ္။
(၄) Heracleion
ဒီၿမိဳ႕ကေတာ့ ယခင္က အီဂ်စ္ဒ႑ာရီထဲက ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ယုံၾကည္ၾကပါတယ္။ထိုၿမိဳ႕ကိုေတာ့ တခ်ိန္က Helem of Troy နဲ႔ သူ႔ရဲ႕ခ်စ္သူ Paris က သြားေရာက္ခဲ့ၾကၿပီးျပန္လည္ရွာေတြ႕ျခင္းမရွိဘူးလို႔ ဒ႑ာရီဇာတ္လမ္းအရ သိရပါတယ္။ထိုၿမိဳ႕ကိုေတာ့ ၁၉၉၉ ခုႏွစ္မွာ ေရွးေဟာင္းသုေတသနပညာရွင္ Franck Goddio ကရွာေတြ႕ခဲ့ပါတယ္။ ဒီၿမိဳ႕ကေတာ့ ေအဒီ ၈ရာစုအကုန္မွာ ေရေအာက္ကိုႏွစ္ျမဳပ္သြားခဲ့ရတယ္လို႔ ဆိုၾကပါတယ္။
(၅) Atlit Yam
ေက်ာက္ေခတ္ေႏွာင္းပိုင္းကေပၚေပါက္ခဲ့တဲ့ဒီၿမိဳ႕ကေတာ့ အစၥေရးႏိုင္ငံ၊Atlitကမ္း႐ိုးတန္းတစ္ေလ်ာက္မွာတည္ရွိခဲ့ၿပီး ဒီၿမိဳ႕တည္ရွိခဲ့ဟာႏွစ္ေပါင္း ၈၉၀၀ကေန၈၃၀၀ၾကားရွိႏိုင္တယ္လို႔ခန႔္မွန္းထားၾကပါတယ္။Atlit Yam ဟာလူသားေတြရဲ႕သမိုင္းမွာပထမဆုံးေရေအာက္ကိုေရာက္သြားခဲ့ရတဲ့ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ပါတယ္။ထိုၿမိဳ႕ဟာဘာေၾကာင့္နစ္ျမဳပ္ခဲ့ရလည္းဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ဘာေၾကာင့္ဆို ေရေအာက္မွာရွိေနနဲ႔ ထိုၿမိဳ႕ရဲ႕ အသုံးအေဆာင္ေတြဟာေဆြးေျမ့ေနတာေၾကာေလ့လာဖို႔အတြက္သယ္ေဆာင္ရခက္ခဲေနလို႔ဘဲျဖစ္ပါတယ္။
(၆) Shicheng
Lion City လို႔ေခၚၾကတဲ့ဒီၿမိဳ႕ကေတာ့ တ႐ုတ္ျပည္ရဲ႕အတၱလန္တစ္ၿမိဳ႕အျဖစ္လူသိမ်ားၾကပါတယ္။ဒီၿမိဳ႕ေတာ္ကေတာ့ တျခားေရေအာက္ကိုနစ္ျမဳပ္သြားၾကတဲ့ ၿမိဳ႕ေတာ္ေတြနဲ႔မတူဘဲ ထူးျခားတဲ့အေၾကာင္းျပခ်က္တစ္ခုရွိေနပါတယ္။ဒီၿမိဳ႕ဟာေရေအာက္မွာနစ္ျမဳပ္ေနတဲ့ၿမိဳ႕ေတာ္မ်ိဳးျဖစ္ေအာင္ ၁၉၅၉ခုႏွစ္မွာတမင္တကာဖန္တီးယူခဲ့ၾကတာပါ။ဒီၿမိဳ႕ဟာ Xin’an ဆည္တည္ေဆာက္ဖို႔အတြက္နစ္ျမဳပ္ျခင္းခံခဲ့ရတာလည္းျဖစ္ၿပီး ေရေအာက္ကိုမေရာက္ခင္အခ်ိန္မွာေတာ့ Shicheng ဟာအေတာ္ကိုထြန္းကားခဲ့တာဘဲျဖစ္ပါတယ္။ထိုၿမိဳ႕ကိုတည္ေဆာက္ထားတဲ့ ႏွစ္၆၀၀သက္တမ္းရွိတဲ့လက္ရာေတြဟာ ေအးခဲေနေသာေရေတြေၾကာင့္ မူလအတိုင္းမေပ်ာက္မပ်က္တည္ရွိေနခဲ့ပါတယ္။ထိုခမ္းနားတဲ့ အႏုပညာလက္ရာေတြကိုျမင္ေတြ႕ခ်င္ရင္ေတာ့ ယခုအခ်ိန္မွာ ေရငုတ္ကာသြားေရာက္ေလ့လာႏိုင္ၿပီျဖစ္ပါတယ္။
crd