လူတိုင်း မသိကြတဲ့ “သာကူစေ့ကို ဘယ်ကရလဲ” ဆိုတဲ့ အကြောင်းကို ဗဟုသုတရဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်…

Posted on

လူတိုင်း မသိကြတဲ့ “သာကူစေ့ကို ဘယ်ကရလဲ” ဆိုတဲ့ အကြောင်းကို ဗဟုသုတရဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်…

ဗဟုသုတ ရရှိစေမည့် အကြောင်းအရာလေးတစ်ခု ဖော်ပြပေးချင်ပါတယ်… သာကူစေ့… ဘယ်က စဖြစ်လဲဆိုတာ သိလိုက်ရသောအခါ…

ကျွန်တော်တို့ ထန်းလျက် သာကူ/သကြား သာကူ နှင့် သာကူစေ့ပါဝင်သော အစားအစာတွေ အများအားဖြင့် စားသုံးဖူး ကြပါတယ် ။ သာကူစေ့ကို saksak, rabia ,sago and sagu ဆိုပြီး ရေးသားခေါ်ဆိုပါတယ်။

ဒါပေမဲ့… သာကူစေ့ကို ဘယ်လို ပြုလုပ် သလဲ.. သာကူစေ့အတွက် ကုန်ကြမ်းပစ္စည်း (raw materials) ကို ဘယ်ကရသလဲ ဆိုတာ သိရှိထားသူ နည်းပါး နိုင်ပါတယ်။

ကျွန်တော် ပြောပြပါ့မယ်… သာကူစေ့အတွက် အဓိက ကုန်ကြမ်း ပစ္စည်းဟာ ဆာဂူပင် (Metroxylon sago palm) မှ ရရှိပါတယ်။ ဆန်၊ ဂျုံ နှင့် ကလောမှုန့်ဖြင့် ပြုလုပ်တဲ့ သာဂူစေ့တွေဟာ သာဂူစေ့အစစ် မဟုတ်ပါ။

ဆာဂူပင် ဆိုတာက ဆီအုန်းပင် ၊ အုန်းပင်များနှင့် ဆင်တူပြီး ဒီအပင်တွေဟာ အာဖရိက၊မလေးရှား၊ အင်ဒိုနီးရှားနှင့် ကုန်းမြင့် မြေပြန့်ဒေသတွေမှာ မြင်တွေ့ နိုင်ပါတယ်။

ဆာဂူပင်ရဲ့ အပြင်ပိုင်း အလွှာဟာ အုန်းပင်ကဲ့သို့ မာကြောပြီး သူရဲ့အတွင်းသားဟာ အရမ်း နူးညံ့ပါတယ်။ ဆာဂူပင်၏ အတွင်းပိုင်း အသားများကို ခွဲခြမ်းစိတ်မွှာပြီး အရည် ညစ်ယူ ပါတယ်။

၎င်းအရည်ကို အရည်ကြည်ခံ အနယ်ထိုင်စေပြီး ကျန်ရှိတဲ့ အနှစ်ကို နေလှန်း၍ ရရှိလာသော အမှုန့်ကို သာကူစေ့အပြင် အခြားသော စားသောက်ကုန် လုပ်ငန်းတွေမှာ ထည့်သွင်း အသုံးပြု ပါတယ်။

ဆာဂူပင် ဟာ တောတွင်းနေ အာဖရိက မျိုးနွယ်စုတွေရဲ့အဓိက အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။

ဆာဂူပင်ကို ပိုင်းဖြတ်ပြီး ထက်ခြမ်းခွဲ၍ ကျွဲ၊ နွား နှင့် ဆိတ်များ ကိုလည်း ကျွေးနိုင်ပါကြောင်း ရေးသား ဖော်ပြ လိုက်ပါသည်

crd
zawgyi










crd

Leave a Reply

Your email address will not be published. Required fields are marked *