လူတွေအားလုံးထဲကမှ” ခြင်”က သင့်ကိုပဲ ရွေးပြီးကိုက်နေတဲ့ အကြောင်းအရင်း.. (ဒါကြောင့်ကိုး……)
ကမ္ဘာပေါ်မှာရှိတဲ့ ၂၀ ရာခိုင်နှုန်းသော လူတွေကတော့ ခြင်တွေရဲ့ ရူးရူးမူးမူး စွဲမက်နှစ်ခြိုက်စွာ ကိုက်ခြင်းကို ခံနေရတဲ့ သူတွေပါတဲ့။သင်ရော အဲဒီ ၂၀ ရာခိုင်နှုန်းသော လူတွေထဲမှာ ပါနေပြီလား။ဒါဆိုရင်တော့ ခြင်တွေက လူတွေအများကြီး ရှိတဲ့အထဲကမှ သင့်ကိုပဲ ရွေးပြီး ကိုက်ရတဲ့ အကြောင်းအရင်းကို သိဖို့လိုအပ်နေပါပြီ။ဘာအကြောင်းရင်းတွေကြောင့် သင်ဟာ အမြဲတမ်း ခြင်တွေရဲ့ သားကောင်ဖြစ်နေရလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
အဝတ်အစား
ခြင်တွေကတော့ သူတို့ရဲ့ သားကောင်ကို အမြင်နဲ့ပဲ ရှာဖွေလေ့ရှိပါတယ်။ခြင်တွေကတော့ အမြင်အာရုံကောင်းကြပြီး ညနေပိုင်းအချိန်မှာ အမြင်အာရုံနဲ့ပဲ လူတွေကို ရှာဖွေပါတယ်။
ချက်ခြင်းမြင်တွေ့လွယ်တဲ့ အရောင်တွေဖြစ်တဲ့ အနီ၊အနက်နဲ့ နက်ပြာရောင် ဝတ်ထားတဲ့ သူတွေကတော့ အများဆုံး အကိုက်ခံရပါတယ်။
အပူနဲ့ချွေး
ချွေးမှာပါတဲ့ လက်တစ်အက်ဆစ်၊ယူရစ် အက်ဆစ်နဲ့ အမိုးနီးယားတို့ကို ခြင်တွေ အနံ့ခံနိုင်ပါတယ်။
ချွေးစိုနေပြီး ခန္ဓာကိုယ် နွေးနေတဲ့သူတွေကို ခြင်တွေက သဘောကျကြပါတယ်။
အသားအရေ
ခြင်တွေကတော့ ဘတ်တီးရီးယားတွေများတဲ့ အသားအရေတွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။
တံတောင်၊ခြေထောက်နေရာကို ခြင်အကိုက်များရတဲ့ အကြောင်းအရင်းကလည်း ဒါကြောင့်ပါပဲ။
သွေးအမျိုးအစား
အရွယ်ရောက်ပြီးဖြစ်တဲ့ ခြင်ထီးတွေကတော့ ဝတ်မှုန်တွေကို စားသုံးကြပေမယ့် ခြင်မတွေကတော့ ဥဥဖို့အတွက် သွေးကို သူတို့ရဲ့ အာဟာရအဖြစ် သောက်သုံးရပါတယ်။
O သွေး အမျိုးအစားတွေကတော့ A နဲ့ B အမျိုးအစားတွေထက် ခြင်တွေကို ညို့ယူနိုင်ပါတယ်။
၈၅ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့ သွေးအမျိုးအစားအလိုက် သူတို့ရဲ့ ဆဲလ်ကနေ အချက်ပြတဲ့အရာလေးတွေ ထုတ်လွှတ်နိုင်ပါတယ်။
ဂတ်စ်
ခြင်တွေကတော့ ပေ ၁၆၀ အကွာကနေတောင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနံ့ခံနိုင်ပါတယ်။
အဲဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို များများ ရှုထုတ်တဲ့ နေရာတွေကို ခြင်တွေ ပိုလာကြပါတယ်။
လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို နှာခေါင်းနဲ့ ပါးစပ်ကနေ ရှုထုတ်တာကြောင့် ခြင်တွေက ခေါင်းနားမှာ တဝီဝီ လာလုပ်ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ညကျရင် နားတွေညီးရတာပေါ့။
ကိုယ်ဝန်
လေ့လာမှုတွေအရတော့ ငှက်ဖျားဖြစ်စေတဲ့ခြင်တွေဟာ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။
ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက်ရှုထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏက ကိုယ်ဝန်မရှိတဲ့သူထက် ၂၁ ရာခိုင်နှုန်း ပိုများပါတယ်။
ကိုယ်ဝန်ရှိတဲ့သူတွေက ခန္ဓာကိုယ်မှာ အပူလည်း ပိုများတာကြောင့် သွေးနွေးသက်ရှိတွေကို ကြိုက်တဲ့ ခြင်တွေရဲ့ သားကောင်ဖြစ်နေရတာလည်း ဖြစ်ပါတယ်။
ဘီယာ
လေ့လာမှုတွေအရတော့ လူတစ်ယောက်ကို ဘီယာ ၁၂ အောင်စ သောက်ခိုင်းပြီးတဲ့နောက်မှာ မသောက်ခင်ကထက် ခန္ဓာကိုယ်ပေါ်ကို ခြင်တွေပိုပြီးတော့ ရောက်လာကြပါတယ်။
ဘီယာသောက်လိုက်တာကြောင့် ချွေးနဲ့ အရေပြားထဲမှာ Ethanol ပါဝင်မှုမြင့်တက်လာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
ခြင်တွေနဲ့ ဘီယာရဲ့ ကြားက တိကျဆက်စပ်မှုကိုတော့ အခုအထိ ရှာမတွေ့သေးပါဘူးတဲ့။
Knight News Team
crd
zawgyi
လူေတြအားလုံးထဲကမွ” ျခင္”က သင့္ကိုပဲ ေ႐ြးၿပီးကိုက္ေနတဲ့ အေၾကာင္းအရင္း.. (ဒါေၾကာင့္ကိုး……)
ကမာၻေပၚမွာရွိတဲ့ ၂၀ ရာခိုင္ႏႈန္းေသာ လူေတြကေတာ့ ျခင္ေတြရဲ႕ ႐ူး႐ူးမူးမူး စြဲမက္ႏွစ္ၿခိဳက္စြာ ကိုက္ျခင္းကို ခံေနရတဲ့ သူေတြပါတဲ့။သင္ေရာ အဲဒီ ၂၀ ရာခိုင္ႏႈန္းေသာ လူေတြထဲမွာ ပါေနၿပီလား။ဒါဆိုရင္ေတာ့ ျခင္ေတြက လူေတြအမ်ားႀကီး ရွိတဲ့အထဲကမွ သင့္ကိုပဲ ေ႐ြးၿပီး ကိုက္ရတဲ့ အေၾကာင္းအရင္းကို သိဖို႔လိုအပ္ေနပါၿပီ။ဘာအေၾကာင္းရင္းေတြေၾကာင့္ သင္ဟာ အၿမဲတမ္း ျခင္ေတြရဲ႕ သားေကာင္ျဖစ္ေနရလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။
အဝတ္အစား
ျခင္ေတြကေတာ့ သူတို႔ရဲ႕ သားေကာင္ကို အျမင္နဲ႔ပဲ ရွာေဖြေလ့ရွိပါတယ္။ျခင္ေတြကေတာ့ အျမင္အာ႐ုံေကာင္းၾကၿပီး ညေနပိုင္းအခ်ိန္မွာ အျမင္အာ႐ုံနဲ႔ပဲ လူေတြကို ရွာေဖြပါတယ္။
ခ်က္ျခင္းျမင္ေတြ႕လြယ္တဲ့ အေရာင္ေတြျဖစ္တဲ့ အနီ၊အနက္နဲ႔ နက္ျပာေရာင္ ဝတ္ထားတဲ့ သူေတြကေတာ့ အမ်ားဆုံး အကိုက္ခံရပါတယ္။
အပူနဲ႔ေခြၽး
ေခြၽးမွာပါတဲ့ လက္တစ္အက္ဆစ္၊ယူရစ္ အက္ဆစ္နဲ႔ အမိုးနီးယားတို႔ကို ျခင္ေတြ အနံ႔ခံႏိုင္ပါတယ္။
ေခြၽးစိုေနၿပီး ခႏၶာကိုယ္ ေႏြးေနတဲ့သူေတြကို ျခင္ေတြက သေဘာက်ၾကပါတယ္။
အသားအေရ
ျခင္ေတြကေတာ့ ဘတ္တီးရီးယားေတြမ်ားတဲ့ အသားအေရေတြကို ပိုၿပီးေတာ့ ကိုက္ေလ့ရွိပါတယ္။
တံေတာင္၊ေျခေထာက္ေနရာကို ျခင္အကိုက္မ်ားရတဲ့ အေၾကာင္းအရင္းကလည္း ဒါေၾကာင့္ပါပဲ။
ေသြးအမ်ိဳးအစား
အ႐ြယ္ေရာက္ၿပီးျဖစ္တဲ့ ျခင္ထီးေတြကေတာ့ ဝတ္မႈန္ေတြကို စားသုံးၾကေပမယ့္ ျခင္မေတြကေတာ့ ဥဥဖို႔အတြက္ ေသြးကို သူတို႔ရဲ႕ အာဟာရအျဖစ္ ေသာက္သုံးရပါတယ္။
O ေသြး အမ်ိဳးအစားေတြကေတာ့ A နဲ႔ B အမ်ိဳးအစားေတြထက္ ျခင္ေတြကို ညိဳ႕ယူႏိုင္ပါတယ္။
၈၅ ရာခိုင္ႏႈန္းေသာလူေတြက သူတို႔ရဲ႕ ေသြးအမ်ိဳးအစားအလိုက္ သူတို႔ရဲ႕ ဆဲလ္ကေန အခ်က္ျပတဲ့အရာေလးေတြ ထုတ္လႊတ္ႏိုင္ပါတယ္။
ဂတ္စ္
ျခင္ေတြကေတာ့ ေပ ၁၆၀ အကြာကေနေတာင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အနံ႔ခံႏိုင္ပါတယ္။
အဲဒါေၾကာင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို မ်ားမ်ား ရႈထုတ္တဲ့ ေနရာေတြကို ျခင္ေတြ ပိုလာၾကပါတယ္။
လူေတြက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ႏွာေခါင္းနဲ႔ ပါးစပ္ကေန ရႈထုတ္တာေၾကာင့္ ျခင္ေတြက ေခါင္းနားမွာ တဝီဝီ လာလုပ္ၾကတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္လည္း ညက်ရင္ နားေတြညီးရတာေပါ့။
ကိုယ္ဝန္
ေလ့လာမႈေတြအရေတာ့ ငွက္ဖ်ားျဖစ္ေစတဲ့ျခင္ေတြဟာ ကိုယ္ဝန္မရွိတဲ့ အမ်ိဳးသမီးေတြထက္ ကိုယ္ဝန္ေဆာင္ေတြကို ပိုၿပီးေတာ့ ကိုက္ေလ့ရွိပါတယ္။
ကိုယ္ဝန္အရင့္အမာနဲ႔ အမ်ိဳးသမီးတစ္ေယာက္ရႈထုတ္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ပမာဏက ကိုယ္ဝန္မရွိတဲ့သူထက္ ၂၁ ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။
ကိုယ္ဝန္ရွိတဲ့သူေတြက ခႏၶာကိုယ္မွာ အပူလည္း ပိုမ်ားတာေၾကာင့္ ေသြးေႏြးသက္ရွိေတြကို ႀကိဳက္တဲ့ ျခင္ေတြရဲ႕ သားေကာင္ျဖစ္ေနရတာလည္း ျဖစ္ပါတယ္။
ဘီယာ
ေလ့လာမႈေတြအရေတာ့ လူတစ္ေယာက္ကို ဘီယာ ၁၂ ေအာင္စ ေသာက္ခိုင္းၿပီးတဲ့ေနာက္မွာ မေသာက္ခင္ကထက္ ခႏၶာကိုယ္ေပၚကို ျခင္ေတြပိုၿပီးေတာ့ ေရာက္လာၾကပါတယ္။
ဘီယာေသာက္လိုက္တာေၾကာင့္ ေခြၽးနဲ႔ အေရျပားထဲမွာ Ethanol ပါဝင္မႈျမင့္တက္လာခဲ့တယ္လို႔ သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ပါတယ္။
ျခင္ေတြနဲ႔ ဘီယာရဲ႕ ၾကားက တိက်ဆက္စပ္မႈကိုေတာ့ အခုအထိ ရွာမေတြ႕ေသးပါဘူးတဲ့။
Knight News Team
crd