သူကြိုက်တဲ့ကာတွန်းကားလေးကြည့်ရဖို့ သူများအိမ်ရှေ့မှာ ရပ်ပြီးချောင်းကြည့်နေရတဲ့ ကလေးငယ်တဦးရဲ့ ရင့်နင့်ဖွယ်မြင်ကွင်း…

Posted on

သူကြိုက်တဲ့ကာတွန်းကားလေးကြည့်ရဖို့ သူများအိမ်ရှေ့မှာ ရပ်ပြီးချောင်းကြည့်နေရတဲ့ ကလေးငယ်တဦးရဲ့ ရင့်နင့်ဖွယ်မြင်ကွင်း…

ဟောင်းနွမ်းနေသည့် အစိမ်းရောင် တီရှပ်နှင့် ညစ်ပတ်တဲ့ ဖိနပ်တစ်ရံကို ဝတ်ဆင်ထားတဲ့ အဆိုပါကောင်လေးက သူ့အား ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ကြည့်နေတာကို သတိမထားမိပုံအရ သူဟာ ကာတွန်းရှိုးမှာ နစ်မြောနေပုံရပါတယ်။ ၎င်း လူပြောများသွားတဲ့ပို့စ်မှာ Angel Fonseca က ” လူတိုင်းဟာ တူညီတဲ့အခွင့်အရေးတွေနဲ့ မွေးဖွားလာတာတော့ မဟုတ်ပါဘူး။

မင်းရဲ့လက်ရှိကောင်းချီးတွေကို ရေတွက်လိုက်ပါ ” ဟု caption တပ်ထားခဲ့တာပါ။ အိမ်မှာ TV ရှိခြင်းက ကမ္ဘာတစ်ဝှမ်းရှိ လူအများစုအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့လည်း ယနေ့ခေတ်မှာ နိမ့်ပါးသောဘဝဖြင့် နေထိုင်ပြီး TV ကို မဝယ်နိုင်တဲ့လူတွေလည်း အများကြီး ရှိနေပါသေးတယ်။ ထို့ပြင် ယနေ့ ကမ္ဘာကြီးမှာ လျှပ်စစ်မီးမရှိဘဲ နေထိုင်နေကြရသူများလည်း ရှိနေပါသေးတယ်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏အဆိုအရ အိမ်မှာ TV မပြောနဲ့ လျှမရပ်စစ်မီးတောင် သုံးစွဲခွင့်မရှိတဲ့ လူပေါင်း ၁.၁ ဘီလီယံခန့် ရှိနေပါတယ်။ မက္ကဆီကိုနိုင်ငံ၊ Las Choapas မြို့ရှိ ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်မှာ ရိုက်ကူးထားတဲ့ အခုဓာတ်ပုံများဟာ အင်တာနက်ပေါ်တွင် ထောင်နှင့်ချီသော နှလုံးသားများကို ထိမိသွားစေခဲ့ပြီး မှတ်ချက်ပေါင်း ၁၃,ဝဝဝ ကျော်ကို ဆွဲဆောင်ခဲ့ပါတယ်။

“ မင်းတို့ကို ပြောပြချင်တာက ဒီကောင်လေးက တခြားကလေးတွေထက် ဘဝအကြောင်းကို ပိုတန်ဖိုးထားတတ်လာလိမ့်မယ်၊ အဲ့တာက ကျွန်တော်တို့ရဲ့အောက်ခြေဘဝကို မမေ့မလျော့စေဘဲ နှိမ့်ချနေချိန်မှာ ရှေ့သို့ဆက်သွားဖို့ ဘုရားသခင်က သွန်သင်ပေးလိုက်တဲ့ ဘဝသင်ခန်းစာတစ်ခုဘဲ ” လို့ တစ်ချိန်က ဒီကောင်လေးလို သနားစရာကောင်းတဲ့ ကလေးဘဝနဲ့ နေထိုင်ခဲ့ရကြောင်း ထုတ်ဖော်ခဲ့တဲ့ အင်တာနက်အသုံးပြုသူတစ်ဦးက ထိုကဲ့သို့ မှတ်ချက်ရေးခဲ့ပါတယ်။

နောက်ထပ် အခြား အင်တာနက်သုံးစွဲသူတဦးက “ ဒီဓာတ်ပုံတွေက ကျွန်တော့်ရဲ့ ငယ်ဘဝအမှတ်တရတွေကို ပြန်အမှတ်ရစေတယ်။ကျွန်တော့်ဘဝက အခုဆို ပိုကောင်းလာပြီ၊ ပိုမိုကောင်းမွန်တဲ့ဘဝကို ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်၊ ဓာတ်ပုံတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ” ဟု မှတ်ချက်ပေးခဲ့ပါသေးတယ်။ ထို့ပြင် ငယ်ငယ်တုန်းက အလားတူ အတွေ့အကြုံကို ကြုံခဲ့ကြရတဲ့ အင်တာနက်သုံးစွဲသူအချို့ကလည်း ၎င်းတို့လည်း ၎င်းတို့အိမ်နီးနားချင်းရဲ့ TV ကို အဝေးကနေ ချောင်းကြည့်ခဲ့ကြရကြောင်းလည်း အချင်းချင်း ပြောဆိုခဲ့ကြပါတယ်။

ဓာတ်ပုံများ ပျံ့နှံ့လာခဲ့ပြီးနောက်မှာ Angel Fonseca ဟာ အာဏာပိုင်များနှင့် ရက်ရောသော အင်တာနက်အသုံးပြုသူများထံမှ အကူအညီလိုအပ်နေတဲ့ Las Choapos မြို့မှ ဒီဆင်းရဲနွမ်းပါးတဲ့ကလေးကိုကူညီပေးရန် လူတိုင်းအား တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။

crd
zawgyi
သူႀကိဳက္တဲ့ကာတြန္းကားေလးၾကည့္ရဖို႔ သူမ်ားအိမ္ေရွ႕မွာ ရပ္ၿပီးေခ်ာင္းၾကည့္ေနရတဲ့ ကေလးငယ္တဦးရဲ႕ ရင့္နင့္ဖြယ္ျမင္ကြင္း…

ေဟာင္းႏြမ္းေနသည့္ အစိမ္းေရာင္ တီရွပ္ႏွင့္ ညစ္ပတ္တဲ့ ဖိနပ္တစ္ရံကို ဝတ္ဆင္ထားတဲ့ အဆိုပါေကာင္ေလးက သူ႔အား ေဖ့စ္ဘြတ္ခ္အသုံးျပဳသူက ၾကည့္ေနတာကို သတိမထားမိပုံအရ သူဟာ ကာတြန္းရႈိးမွာ နစ္ေျမာေနပုံရပါတယ္။ ၎ လူေျပာမ်ားသြားတဲ့ပို႔စ္မွာ Angel Fonseca က ” လူတိုင္းဟာ တူညီတဲ့အခြင့္အေရးေတြနဲ႔ ေမြးဖြားလာတာေတာ့ မဟုတ္ပါဘူး။မင္းရဲ႕လက္ရွိေကာင္းခ်ီးေတြကို ေရတြက္လိုက္ပါ ” ဟု caption တပ္ထားခဲ့တာပါ။ အိမ္မွာ TV ရွိျခင္းက ကမာၻတစ္ဝွမ္းရွိ လူအမ်ားစုအတြက္ ျဖစ္႐ိုးျဖစ္စဥ္တစ္ခုျဖစ္ေပမဲ့လည္း ယေန႔ေခတ္မွာ နိမ့္ပါးေသာဘဝျဖင့္ ေနထိုင္ၿပီး TV ကို မဝယ္ႏိုင္တဲ့လူေတြလည္း အမ်ားႀကီး ရွိေနပါေသးတယ္။ ထို႔ျပင္ ယေန႔ ကမာၻႀကီးမွာ လွ်ပ္စစ္မီးမရွိဘဲ ေနထိုင္ေနၾကရသူမ်ားလည္း ရွိေနပါေသးတယ္။

အျပည္ျပည္ဆိုင္ရာ စြမ္းအင္ေအဂ်င္စီ၏အဆိုအရ အိမ္မွာ TV မေျပာနဲ႔ လွ်မရပ္စစ္မီးေတာင္ သုံးစြဲခြင့္မရွိတဲ့ လူေပါင္း ၁.၁ ဘီလီယံခန႔္ ရွိေနပါတယ္။ မကၠဆီကိုႏိုင္ငံ၊ Las Choapas ၿမိဳ႕ရွိ ဆင္းရဲႏြမ္းပါးတဲ့ ရပ္ကြက္မွာ ႐ိုက္ကူးထားတဲ့ အခုဓာတ္ပုံမ်ားဟာ အင္တာနက္ေပၚတြင္ ေထာင္ႏွင့္ခ်ီေသာ ႏွလုံးသားမ်ားကို ထိမိသြားေစခဲ့ၿပီး မွတ္ခ်က္ေပါင္း ၁၃,ဝဝဝ ေက်ာ္ကို ဆြဲေဆာင္ခဲ့ပါတယ္။

“ မင္းတို႔ကို ေျပာျပခ်င္တာက ဒီေကာင္ေလးက တျခားကေလးေတြထက္ ဘဝအေၾကာင္းကို ပိုတန္ဖိုးထားတတ္လာလိမ့္မယ္၊ အဲ့တာက ကြၽန္ေတာ္တို႔ရဲ႕ေအာက္ေျခဘဝကို မေမ့မေလ်ာ့ေစဘဲ ႏွိမ့္ခ်ေနခ်ိန္မွာ ေရွ႕သို႔ဆက္သြားဖို႔ ဘုရားသခင္က သြန္သင္ေပးလိုက္တဲ့ ဘဝသင္ခန္းစာတစ္ခုဘဲ ” လို႔ တစ္ခ်ိန္က ဒီေကာင္ေလးလို သနားစရာေကာင္းတဲ့ ကေလးဘဝနဲ႔ ေနထိုင္ခဲ့ရေၾကာင္း ထုတ္ေဖာ္ခဲ့တဲ့ အင္တာနက္အသုံးျပဳသူတစ္ဦးက ထိုကဲ့သို႔ မွတ္ခ်က္ေရးခဲ့ပါတယ္။

ေနာက္ထပ္ အျခား အင္တာနက္သုံးစြဲသူတဦးက “ ဒီဓာတ္ပုံေတြက ကြၽန္ေတာ့္ရဲ႕ ငယ္ဘဝအမွတ္တရေတြကို ျပန္အမွတ္ရေစတယ္။ကြၽန္ေတာ့္ဘဝက အခုဆို ပိုေကာင္းလာၿပီ၊ ပိုမိုေကာင္းမြန္တဲ့ဘဝကို ရရွိေအာင္ လုပ္ေဆာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္တယ္၊ ဓာတ္ပုံေတြအတြက္လည္း ေက်းဇူးတင္ပါတယ္။ ” ဟု မွတ္ခ်က္ေပးခဲ့ပါေသးတယ္။ ထို႔ျပင္ ငယ္ငယ္တုန္းက အလားတူ အေတြ႕အႀကဳံကို ႀကဳံခဲ့ၾကရတဲ့ အင္တာနက္သုံးစြဲသူအခ်ိဳ႕ကလည္း ၎တို႔လည္း ၎တို႔အိမ္နီးနားခ်င္းရဲ႕ TV ကို အေဝးကေန ေခ်ာင္းၾကည့္ခဲ့ၾကရေၾကာင္းလည္း အခ်င္းခ်င္း ေျပာဆိုခဲ့ၾကပါတယ္။

ဓာတ္ပုံမ်ား ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္မွာ Angel Fonseca ဟာ အာဏာပိုင္မ်ားႏွင့္ ရက္ေရာေသာ အင္တာနက္အသုံးျပဳသူမ်ားထံမွ အကူအညီလိုအပ္ေနတဲ့ Las Choapos ၿမိဳ႕မွ ဒီဆင္းရဲႏြမ္းပါးတဲ့ကေလးကိုကူညီေပးရန္ လူတိုင္းအား တိုက္တြန္းႏႈိးေဆာ္ထားခဲ့ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *