အရင်တုန်းက အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံး တက္ကသိုလ်တခုဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အကြောင်း….

Posted on

အရင်တုန်းက အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံး တက္ကသိုလ်တခုဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်အကြောင်း….

ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ် အဖြစ်စတင်တည်ထောင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်တွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ် ဖြစ်သည်။အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်းပါဝင်သည်။

၁၉၀၄ ခုနှစ်တွင် အစိုးရကောလိပ်ဟုအမည်ပြောင်းခဲ့ပြီး၊ ၁၉၂၀ တွင် ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်)ကောလိပ် ဟူ၍ ပေါ်ထွက်လာခဲ့သည်။

ယူနီဗာစီတီ ကောလိပ်မှာဘာသာရေးနှင့် မသက်ဆိုင်သောကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာနှစ်ခြင်းခရစ်ယာန် သာသနာအခြေပြုကျောင်းဖြစ်သည်။

အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ်အား ရန်ကုန်တက္ကသိုလ် လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်းအဖြစ် အသိအမှတ် ပြုခဲ့သည်။ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့နှင့်ကိန်းဘရစ်ခ်ျတက္ကသိုလ်တို့၏စနစ်အတိုင်း ဖွဲ့စည်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၄၀ နှင့် ၅၀ ခုနှစ်များ အတွင်းတွင်အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ် ဖြစ်ခဲ့ပြီး အာရှအဆင့်တွင်လည်း ထိပ်တန်း ရပ်တည်နိုင်ခဲ့ခြင်းကြောင့်အခြား အာရှနိုင်ငံများမှကျောင်းသားများ လာရောက် ပညာဆည်းပူးရာတက္ကသိုလ်ဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကိုပါမောက္ခများ ကောင်စီ၊ ပညာရှင်များနှင့် အစိုးရ အရာရှိများ ပူးပေါင်း အုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင်အဆင့်မြင့် ပညာရေး ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။

ထို့အပြင်ကျောင်းတွင်း သင်ကြားရေး ဘာသာစကားအားလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်းလဲခဲ့ပြန်သည်။မကြာမီ ပညာရေး အဆင့်အတန်းတဖြည်းဖြည်း နိမ့်ကျလာခဲ့ရာအပြည်ပြည်ဆိုင်ရာမှ အသိအမှတ်ပြုခြင်းများ ရပ်တန့်သွားခဲ့ရသည်။

ဆေးပညာ၊ ဘောဂဗေဒနှင့်ပညာရေးဌာနများအား သီးခြားကျောင်းများအဖြစ် ခွဲထုတ်ပြီးချိန်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ဟု အမည် ပြောင်းလဲခဲ့သည်။၈.၈.၈.၈ လူထု အုံကြွမှုကာလအပြီးမှစ၍ ရန်ကုန်တက္ကသိုလ်သည် အချိန်အကန့်အသတ်မရှိ ပိတ်ထားခြင်းခံခဲ့ပြီးဘွဲ့လွန်နှင့် ဒီပလိုမာသင်တန်း အနည်းငယ်သာသင်ကြားပေးလျက်ရှိသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် တရားမျှတမှုမရှိသော တက္ကသိုလ် စည်းမျဉ်းများအတွက် ကျောင်းသားများ ကျောင်းဝင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ်ဦးနေဝင်း၏တပ်များ ပစ်ခတ်မှုကြောင့် တစ်ဒါဇင်ခန့် Gသဆုံးခဲ့ရသည့်အပြင် သမိုင်းဝင်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗ.က.သ) အဆောက်အဦးပါ ဒိုင်းနမိုက်နှင့် ဖောက်ခွဲ ဖျက်စီးခံခဲ့ရသည်။

၁၉၇၄ ဒီဇင်ဘာ ၅ ရက်နေ့တွင်ကျိုက်က္ကဆံကွင်းအတွင်းပြသထားသော ဦးသန့်၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများမှ ခိုးယူပြီး နိုင်ငံတော် ဈာပနဖြင့်သင်္ဂြိုလ်ပေးရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စ.စ်တပ်မှ ကျောင်းဝင်းအတွင်းဝင်ရောက် စီးနင်းပြီး ဦးသန့်အလောင်းကို ပြန်လည် ယူငင်ခဲ့သောကြောင့်ကျောင်းသားအချို့ Gသဆုံးခဲ့ရသည်။

ရန်ကုန်တက္ကသိုလ်နှင့်ထူးခြားမှု

သမိုင်းတန်ဖိုးကြီးမားလွန်းတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်ခန်းမကိုဘာလို့ဆေးမသုတ်ရတာလဲ?ပထမတစ်ခါ ဆေးသုတ်ဖူးပါတယ်။ (1962) ကပါ။ အရေးအခင်းဖြစ်ပါတယ်။

တိုက်ဆိုင်တာပါဆိုပြီးဒုတိယအကြိမ် ဆေးသုတ်ပါတယ်။ (1975) ကပါ။ အရင်ထက်ဆိုးတဲ့အရေးအခင်း ဖြစ်ပါတယ်။ လူတွေသတိထားမိခဲ့ကြပါတယ်။

နောက်ဆုံးတစ်ကြိမ် ဆေးသုတ်တော့ကန့်ကွက်သူတွေထောက်ခံသူတွေ ဆူညံနေပေမယ့် (1988) ဖေဖေါ်ဝါရီလမှာ စတင်ဆေးသုတ်လိုက်ပါတယ်။ 8.8.8.8 လုံး အရေးအခင်းကြီး ဖြစ်ခဲ့ပြီးနောက် ယနေ့ချိန်ထိ မည်သူမှဆေးမသုတ်ကြတော့ပါ။

ဘွဲ့နှင်းသဘင်ရဲ့မျက်နှာစာမှာ ဆေးမသုတ်ရတဲ့အကြောင်းရင်းကအဲဒီဖော်ပြချက်အရချည်းပဲ မဟုတ်ပါဘူး။တက္ကသိုလ်တစ်ခုရဲ့သက်တမ်း ရင့်ကြာမှုကို ဂုဏ်ယူ ဝင့်ကြွားစရာအဖြစ်လည်းထားရှိကြတာပါ။

ဘွဲ့ရရှိသွားခဲ့ကြတဲ့လူငယ်တွေဟာ ဒီသက်တမ်းအိုဘွဲ့နှင်းသဘင်ကို မြင်လေတိုင်းရိုကိုင်းကြပါတယ်။ အလွယ်ပြောရရင်လောကထဲကိုလျှောက်လှမ်းဖို့အတတ်ပညာနဲ့ ခွန်အားတွေကိုမွေးထုတ်ပေးလိုက်တဲ့ မိခင်အဖြစ်ရှုမြင်ကြပါတယ်။

ဒီအဆောက်အဦကိုမြင်လေတိုင်း လွမ်းတသသဖြစ်ကြပါတယ်။ဒါဟာ အသက်အရွယ်ကြီးတဲ့ ပညာရှိကို လေးစားကြသလိုမျိုး ခံစားစေတာပဲ ဖြစ်ပါတယ်။နော်ဂဲလယ်ထူး (စာပေပရဟိတ)

crd
zawgyi
အရင္တုန္းက အေရွ႕ေတာင္အာရွမွာ နာမည္အႀကီးဆုံး တကၠသိုလ္တခုျဖစ္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္အေၾကာင္း….

ရန္ကုန္တကၠသိုလ္ကို ၁၈၇၈ ခုႏွစ္တြင္ ၿဗိတိသွ်-အိႏၵိယရွိ ကလကၠတား တကၠသိုလ္ လက္ေအာက္ခံ ရန္ကုန္ေကာလိပ္ အျဖစ္စတင္တည္ေထာင္ခဲ့သည္။

ရန္ကုန္တကၠသိုလ္သည္ ရန္ကုန္ၿမိဳ႕၊ကမာ႐ြတ္ၿမိဳ႕နယ္တြင္တည္ရွိၿပီး ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ တကၠသိုလ္ ျဖစ္သည္။အေရွ႕ေတာင္အာရွ၏ အေစာဆုံး တကၠသိုလ္မ်ားတြင္လည္းပါဝင္သည္။

၁၉၀၄ ခုႏွစ္တြင္ အစိုးရေကာလိပ္ဟုအမည္ေျပာင္းခဲ့ၿပီး၊ ၁၉၂၀ တြင္ ယူနီဗာစီတီေကာလိပ္ႏွင့္ ဂ်ပ္ဆင္ (ယုဒသန္)ေကာလိပ္ ဟူ၍ ေပၚထြက္လာခဲ့သည္။

ယူနီဗာစီတီ ေကာလိပ္မွာဘာသာေရးႏွင့္ မသက္ဆိုင္ေသာေက်ာင္းျဖစ္ၿပီး၊ ဂ်ပ္ဆင္ေကာလိပ္မွာႏွစ္ျခင္းခရစ္ယာန္ သာသနာအေျချပဳေက်ာင္းျဖစ္သည္။

အေမရိကန္ႏွစ္ျခင္းခရစ္ယာန္သာသနာျပဳအဖြဲ႕မွ ဂ်ပ္ဆင္ေကာလိပ္အား ရန္ကုန္တကၠသိုလ္ လက္ေအာက္ခံ သီးျခားလြတ္လပ္သည့္ေက်ာင္းအျဖစ္ အသိအမွတ္ ျပဳခဲ့သည္။ရန္ကုန္တကၠသိုလ္ကို အဂၤလန္ႏိုင္ငံရွိ ေအာက္စဖို႔ႏွင့္ကိန္းဘရစ္ခ္်တကၠသိုလ္တို႔၏စနစ္အတိုင္း ဖြဲ႕စည္း တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

၁၉၄၀ ႏွင့္ ၅၀ ခုႏွစ္မ်ား အတြင္းတြင္အေရွ႕ေတာင္အာရွ၏ အေကာင္းဆုံးတကၠသိုလ္ ျဖစ္ခဲ့ၿပီး အာရွအဆင့္တြင္လည္း ထိပ္တန္း ရပ္တည္ႏိုင္ခဲ့ျခင္းေၾကာင့္အျခား အာရွႏိုင္ငံမ်ားမွေက်ာင္းသားမ်ား လာေရာက္ ပညာဆည္းပူးရာတကၠသိုလ္ျဖစ္ခဲ့သည္။

ရန္ကုန္တကၠသိုလ္ကိုပါေမာကၡမ်ား ေကာင္စီ၊ ပညာရွင္မ်ားႏွင့္ အစိုးရ အရာရွိမ်ား ပူးေပါင္း အုပ္ခ်ဳပ္ခဲ့ေသာ္လည္း ၁၉၆၂ ခုႏွစ္၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ လက္ထက္တြင္အဆင့္ျမင့္ ပညာေရး ဦးစီးဌာနမွ တိုက္႐ိုက္ခ်ဳပ္ကိုင္ခဲ့သည္။

ထို႔အျပင္ေက်ာင္းတြင္း သင္ၾကားေရး ဘာသာစကားအားလည္း အဂၤလိပ္ဘာသာမွ ျမန္မာဘာသာသို႔ ေျပာင္းလဲခဲ့ျပန္သည္။မၾကာမီ ပညာေရး အဆင့္အတန္းတျဖည္းျဖည္း နိမ့္က်လာခဲ့ရာအျပည္ျပည္ဆိုင္ရာမွ အသိအမွတ္ျပဳျခင္းမ်ား ရပ္တန႔္သြားခဲ့ရသည္။

ေဆးပညာ၊ ေဘာဂေဗဒႏွင့္ပညာေရးဌာနမ်ားအား သီးျခားေက်ာင္းမ်ားအျဖစ္ ခြဲထုတ္ၿပီးခ်ိန္တြင္ ရန္ကုန္ ဝိဇၨာႏွင့္ သိပၸံ တကၠသိုလ္ဟု အမည္ ေျပာင္းလဲခဲ့သည္။၈.၈.၈.၈ လူထု အုံႂကြမႈကာလအၿပီးမွစ၍ ရန္ကုန္တကၠသိုလ္သည္ အခ်ိန္အကန႔္အသတ္မရွိ ပိတ္ထားျခင္းခံခဲ့ၿပီးဘြဲ႕လြန္ႏွင့္ ဒီပလိုမာသင္တန္း အနည္းငယ္သာသင္ၾကားေပးလ်က္ရွိသည္။

၁၉၆၂ ခုႏွစ္ ဇူလိုင္ ၇ ရက္ေန႔တြင္ တရားမွ်တမႈမရွိေသာ တကၠသိုလ္ စည္းမ်ဥ္းမ်ားအတြက္ ေက်ာင္းသားမ်ား ေက်ာင္းဝင္းအတြင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပေနစဥ္ဦးေနဝင္း၏တပ္မ်ား ပစ္ခတ္မႈေၾကာင့္ တစ္ဒါဇင္ခန႔္ Gသဆုံးခဲ့ရသည့္အျပင္ သမိုင္းဝင္ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားသမဂၢ (ဗ.က.သ) အေဆာက္အဦးပါ ဒိုင္းနမိုက္ႏွင့္ ေဖာက္ခြဲ ဖ်က္စီးခံခဲ့ရသည္။

၁၉၇၄ ဒီဇင္ဘာ ၅ ရက္ေန႔တြင္က်ိဳက္ကၠဆံကြင္းအတြင္းျပသထားေသာ ဦးသန႔္၏ ႐ုပ္အေလာင္းကို ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားမွ ခိုးယူၿပီး ႏိုင္ငံေတာ္ ဈာပနျဖင့္သၿဂႋဳလ္ေပးရန္ဆႏၵျပေတာင္းဆိုခဲ့ၾကသည္။

ဒီဇင္ဘာ ၁၁ ရက္ေန႔တြင္ စ.စ္တပ္မွ ေက်ာင္းဝင္းအတြင္းဝင္ေရာက္ စီးနင္းၿပီး ဦးသန႔္အေလာင္းကို ျပန္လည္ ယူငင္ခဲ့ေသာေၾကာင့္ေက်ာင္းသားအခ်ိဳ႕ Gသဆုံးခဲ့ရသည္။

ရန္ကုန္တကၠသိုလ္ႏွင့္ထူးျခားမႈ

သမိုင္းတန္ဖိုးႀကီးမားလြန္းတဲ့ ရန္ကုန္တကၠသိုလ္ရဲ႕ ဘြဲ႕ႏွင္းသဘင္ခန္းမကိုဘာလို႔ေဆးမသုတ္ရတာလဲ?ပထမတစ္ခါ ေဆးသုတ္ဖူးပါတယ္။ (1962) ကပါ။ အေရးအခင္းျဖစ္ပါတယ္။

တိုက္ဆိုင္တာပါဆိုၿပီးဒုတိယအႀကိမ္ ေဆးသုတ္ပါတယ္။ (1975) ကပါ။ အရင္ထက္ဆိုးတဲ့အေရးအခင္း ျဖစ္ပါတယ္။ လူေတြသတိထားမိခဲ့ၾကပါတယ္။

ေနာက္ဆုံးတစ္ႀကိမ္ ေဆးသုတ္ေတာ့ကန႔္ကြက္သူေတြေထာက္ခံသူေတြ ဆူညံေနေပမယ့္ (1988) ေဖေဖၚဝါရီလမွာ စတင္ေဆးသုတ္လိုက္ပါတယ္။ 8.8.8.8 လုံး အေရးအခင္းႀကီး ျဖစ္ခဲ့ၿပီးေနာက္ ယေန႔ခ်ိန္ထိ မည္သူမွေဆးမသုတ္ၾကေတာ့ပါ။

ဘြဲ႕ႏွင္းသဘင္ရဲ႕မ်က္ႏွာစာမွာ ေဆးမသုတ္ရတဲ့အေၾကာင္းရင္းကအဲဒီေဖာ္ျပခ်က္အရခ်ည္းပဲ မဟုတ္ပါဘူး။တကၠသိုလ္တစ္ခုရဲ႕သက္တမ္း ရင့္ၾကာမႈကို ဂုဏ္ယူ ဝင့္ႂကြားစရာအျဖစ္လည္းထားရွိၾကတာပါ။

ဘြဲ႕ရရွိသြားခဲ့ၾကတဲ့လူငယ္ေတြဟာ ဒီသက္တမ္းအိုဘြဲ႕ႏွင္းသဘင္ကို ျမင္ေလတိုင္း႐ိုကိုင္းၾကပါတယ္။ အလြယ္ေျပာရရင္ေလာကထဲကိုေလွ်ာက္လွမ္းဖို႔အတတ္ပညာနဲ႔ ခြန္အားေတြကိုေမြးထုတ္ေပးလိုက္တဲ့ မိခင္အျဖစ္ရႈျမင္ၾကပါတယ္။

ဒီအေဆာက္အဦကိုျမင္ေလတိုင္း လြမ္းတသသျဖစ္ၾကပါတယ္။ဒါဟာ အသက္အ႐ြယ္ႀကီးတဲ့ ပညာရွိကို ေလးစားၾကသလိုမ်ိဳး ခံစားေစတာပဲ ျဖစ္ပါတယ္။ေနာ္ဂဲလယ္ထူး (စာေပပရဟိတ)

crd

Leave a Reply

Your email address will not be published. Required fields are marked *