ေဘးအိမ္က ယုတ္မာတဲ့အိမ္နီးခ်င္းဟာ သူ႔ရဲ႕အင္အားကို မိမိတို႔အိမ္တံခါးေရွ႕မွာ လာျပေနတယ္လို႔ ထိုင္ဝမ္ေျပာၾကား ( ေဘးအိမ္က ယုတ္မာတဲ့အိမ္နီးခ်င္းတဲ့ ထိုင္ဝမ္ ၾကမ္းၿပီေလ )

ေဘးအိမ္က ယုတ္မာတဲ့အိမ္နီးခ်င္းဟာ သူ႔ရဲ႕အင္အားကို မိမိတို႔အိမ္တံခါးေရွ႕မွာ လာျပေနတယ္လို႔ ထိုင္ဝမ္ေျပာၾကား ( ေဘးအိမ္က ယုတ္မာတဲ့အိမ္နီးခ်င္းတဲ့ ထိုင္ဝမ္ ၾကမ္းၿပီေလ )

ထိုင္ဝမ္ရဲ႕ ေဘးအိမ္က ယုတ္မာတဲ့ အိမ္နီးခ်င္းဟာ သူ႔အင္အားကို မိမိတို႔ တံခါးေရွ႕မွာ လာျပေနတယ္လို႔ ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္က ထိုင္ဝမ္တစ္ဝိုက္ တ႐ုတ္က ျပဳလုပ္ေနတဲ့ စစ္ေရးေလ့က်င့္မႈေတြကို ရည္ၫႊန္းၿပီး ၾသဂုတ္လ ၅ရက္က ေျပာၾကားပါတယ္။ တ႐ုတ္ရဲ႕ ဒုံးက်ည္ပစ္ခတ္မႈေတြနဲ႔ပတ္သက္လို႔ ထိုင္ဝမ္မွာ သတင္းေထာက္ေတြက ေမးျမန္းခ်ိန္မွာ ထိုင္ဝမ္ ဝန္ႀကီးခ်ဳပ္ ဆုဆန္ခ်န္းက

တ႐ုတ္ဟာ စစ္ေရးေလ့က်င့္မႈေတြနဲ႔အတူ ကမာၻမွာ အသုံးျပဳမႈမ်ားတဲ့ ေရလမ္းေၾကာင္းကို တမင္တကာ ဖ်က္ဆီးပစ္ေနတယ္လို႔ ေျဖၾကားၿပီး တ႐ုတ္ရဲ႕ လုပ္ရပ္ကို အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ကမာၻက ျပစ္တင္ရႈံ႕ခ်ထားေၾကာင္း ေျပာၾကားပါတယ္။ ထိုင္ဝမ္ကို အေမရိကန္ လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီမလာေရာက္ဖို႔ တ႐ုတ္က ျပင္းျပင္းထန္ထန္ အႀကိမ္ႀကိမ္ သတိေပးထားခဲ့ေပမယ့္ သူလာေရာက္ခဲ့ၿပီးေနာက္ ေဘဂ်င္းက

ႀကီးမားတဲ့ လက္ေတြ႕ပစ္ခတ္တဲ့ ေလးရက္ၾကာ စစ္ေရးေလ့က်င့္မႈေတြကို ထိုင္ဝမ္ကြၽန္းတစ္ဝိုက္ ေနရာေျခာက္ေနရာထက္မနည္းမွာ ျပဳလုပ္ေနပါတယ္။ ဒီလိုလက္ေတြ႕ ပစ္ခတ္မႈေတြပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈအတြင္း တ႐ုတ္က ပဲ့ထိန္းဒုံးက်ည္ေတြလည္း ပစ္လႊတ္ခဲ့တာေၾကာင့္ အနီးအနားေဒသေတြမွာ စိုးရိမ္မႈေတြ ျဖစ္ေပၚေနပါတယ္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က မီးနဲ႔ မကစားဖို႔ အေမရိကန္ကို သတိေပးၿပီး မီးနဲ႔ ကစားသူ

ဘယ္သူမဆို ကိုယ္ တိုင္ေလာင္ၿမိဳက္ခံရလိမ့္မယ္လို႔ သတိေပးထားခဲ့ေပမယ့္ ပီလိုစီက ထိုင္ဝမ္ကို သြားေရာက္ခဲ့တာျဖစ္ပါတယ္။ တ႐ုတ္က ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ေတြ ထိုင္ဝမ္ကြၽန္းေပၚက ျဖတ္သြားခဲ့တဲ့ ျဖစ္စဥ္ေတြလည္းရွိေၾကာင္း သိရၿပီး ထိုင္ဝမ္က တ႐ုတ္ရဲ႕ လႈပ္ရွားမႈေတြကို

အနီးကပ္ေစာင့္ၾကည့္ ေနသလို ပဋိပကၡအတြက္ ႀကိဳတင္ျပင္ဆင္ထားေၾကာင္း ေျပာဆိုထားပါတယ္။ ထိုင္ဝမ္အေျခအေနနဲ႔ပတ္သက္လို႔ အတြက္အခ်က္မမွားၾကဖို႔ ထိန္းထိန္းသိမ္းသိမ္းရွိၾကဖို႔ စင္ကာပူဝန္ႀကီးခ်ဳပ္ကေရာ အာဆီယံ ေခါင္းေဆာင္ေတြကပါ တိုက္တြန္းထားပါတယ္။

CRD-

ယူနီကုတ္

ဘေးအိမ်က ယုတ်မာတဲ့အိမ်နီးချင်းဟာ သူ့ရဲ့အင်အားကို မိမိတို့အိမ်တံခါးရှေ့မှာ လာပြနေတယ်လို့ ထိုင်ဝမ်ပြောကြား ( ဘေးအိမ်က ယုတ်မာတဲ့အိမ်နီးချင်းတဲ့ ထိုင်ဝမ် ကြမ်းပြီလေ )

ထိုင်ဝမ်ရဲ့ ဘေးအိမ်က ယုတ်မာတဲ့ အိမ်နီးချင်းဟာ သူ့အင်အားကို မိမိတို့ တံခါးရှေ့မှာ လာပြနေတယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ်က ထိုင်ဝမ်တစ်ဝိုက် တရုတ်က ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရည်ညွှန်းပြီး သြဂုတ်လ ၅ရက်က ပြောကြားပါတယ်။ တရုတ်ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ထိုင်ဝမ်မှာ သတင်းထောက်တွေက မေးမြန်းချိန်မှာ ထိုင်ဝမ် ဝန်ကြီးချုပ် ဆုဆန်ချန်းက

တရုတ်ဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့အတူ ကမ္ဘာမှာ အသုံးပြုမှုများတဲ့ ရေလမ်းကြောင်းကို တမင်တကာ ဖျက်ဆီးပစ်နေတယ်လို့ ဖြေကြားပြီး တရုတ်ရဲ့ လုပ်ရပ်ကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာက ပြစ်တင်ရှုံ့ချထားကြောင်း ပြောကြားပါတယ်။ ထိုင်ဝမ်ကို အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီမလာရောက်ဖို့ တရုတ်က ပြင်းပြင်းထန်ထန် အကြိမ်ကြိမ် သတိပေးထားခဲ့ပေမယ့် သူလာရောက်ခဲ့ပြီးနောက် ဘေဂျင်းက

ကြီးမားတဲ့ လက်တွေ့ပစ်ခတ်တဲ့ လေးရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ကျွန်းတစ်ဝိုက် နေရာခြောက်နေရာထက်မနည်းမှာ ပြုလုပ်နေပါတယ်။ ဒီလိုလက်တွေ့ ပစ်ခတ်မှုတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်က ပဲ့ထိန်းဒုံးကျည်တွေလည်း ပစ်လွှတ်ခဲ့တာကြောင့် အနီးအနားဒေသတွေမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က မီးနဲ့ မကစားဖို့ အမေရိကန်ကို သတိပေးပြီး မီးနဲ့ ကစားသူ

ဘယ်သူမဆို ကိုယ် တိုင်လောင်မြိုက်ခံရလိမ့်မယ်လို့ သတိပေးထားခဲ့ပေမယ့် ပီလိုစီက ထိုင်ဝမ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ တရုတ်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ ထိုင်ဝမ်ကျွန်းပေါ်က ဖြတ်သွားခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိကြောင်း သိရပြီး ထိုင်ဝမ်က တရုတ်ရဲ့ လှုပ်ရှားမှုတွေကို

အနီးကပ်စောင့်ကြည့် နေသလို ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောဆိုထားပါတယ်။ ထိုင်ဝမ်အခြေအနေနဲ့ပတ်သက်လို့ အတွက်အချက်မမှားကြဖို့ ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ စင်ကာပူဝန်ကြီးချုပ်ကရော အာဆီယံ ခေါင်းဆောင်တွေကပါ တိုက်တွန်းထားပါတယ်။

CRD-

Be the first to comment

Leave a Reply

Your email address will not be published.


*