ျပည္သူ႔ဥစၥာေတြကို ကိုယ္က်ိဳးအတြက္ အဓမၼသိမ္းခဲ့တဲ့သူေတြအတြက္ တန္ျပန္ခံစားရမယ့္ ဝဋ္ေႂကြးကေတာ့… ( ျပည္သူေတြကို သစၥာေဖာက္တဲ့ အံ့ၾသဘဘဏ္ ျပည္သူ႔က်ိန္စာ သင့္ေတာ့မွာလား )

ျပည္သူ႔ဥစၥာေတြကို ကိုယ္က်ိဳးအတြက္ အဓမၼသိမ္းခဲ့တဲ့သူေတြအတြက္ တန္ျပန္ခံစားရမယ့္ ဝဋ္ေႂကြးကေတာ့… ( ျပည္သူေတြကို သစၥာေဖာက္တဲ့ အံ့ၾသဘဘဏ္ ျပည္သူ႔က်ိန္စာ သင့္ေတာ့မွာလား )

ယေန႔ အြန္လိုင္းေပၚမွာ လူေျပာအမ်ားဆုံး ကိစၥရပ္ကေတာ့ ေကေပးေတြ ႐ုတ္တရက္ သုံးမရဘဲ အေကာင့္ထဲ ရွိတဲ့ ေငြေတြကို အံ့ဩဘဘဏ္က သိမ္းဆည္းလိုက္တဲ့ ျဖစ္ရပ္ပဲ ျဖစ္ပါတယ္။စကစက မွတ္ပုံတင္ထားတဲ့ ဆင္းကတ္နဲ႔ ေကေပးဖြင့္ထားတဲ့ ဆင္းကတ္ နာမည္မတူရင္ ေကေပးေတြကို ပိတ္သိမ္းမယ္လို႔ သတင္းထုတ္ျပန္ၿပီးတာနဲ႔ ခ်က္ခ်င္းဆိုသလို ယေန႔မွာ ေကေပး အေကာင့္ေတြကို အက်ိဳးအေၾကာင္းမဲ့ ပိတ္ခ်ပစ္ခဲ့ပါတယ္။ ဆင္းကတ္ မွတ္ပုံတင္နဲ႔ ေကေပး ဖြင့္ထားတဲ့ မွတ္ပုံတင္ မတူရင္ ပိတ္သိမ္းမည္ ျဖစ္ေၾကာင္း

လြန္ခဲ့တဲ့ ၂ ရက္က ေၾကညာခဲ့ေပမယ့္ ယခုလို ႐ုတ္တရက္ ပိတ္ခ်လိုက္တာေၾကာင့္ ျပည္သူေတြမွာ အခက္အခဲေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္။ ေကေပးဆိုတာ ျမန္မာႏိုင္ငံမွာ အသုံးအမ်ားဆုံး မိုဘိုင္း ေငြေပးေခ်မႈ စနစ္ျဖင္ၿပီး အံ့ဩဘဘဏ္ရဲ႕ ေဈးကြက္ ခ်ဲ႕ထြက္မႈအရ လူထုၾကားထဲ အမ်ားဆုံး ပ်ံ႕ႏွံ႔ေနတဲ့ စနစ္တခု ျဖစ္ပါတယ္။ ထိုစနစ္ဟာ ပုံမွန္ဆိုရင္

ဆက္လက္ ဖြြံ႕ၿဖိဳးရမွာ ျဖစ္ေပမယ့္ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ အေကာင့္ပိတ္ျခင္း၊ ဝန္ေဆာင္မႈ အဆင္မေျပျခင္းေတြနဲ႔အတူ နာမည္ပ်က္လာၿပီ ျဖစ္ပါတယ္။ ယခု ရက္ပိုင္းအတြင္း စကစက ဆင္းကတ္မွတ္ပုံတင္ထားတဲ့ နာမည္နဲ႔ ေကေပး ဖြင့္ထားတဲ့ နာမည္ မတူရင္ ပိတ္ပစ္မယ္ဆိုတဲ့ အမိန႔္ေၾကာင့္ ျပည္သူေတြ လႈပ္လႈပ္ခတ္ခတ္ ျဖစ္ေနခ်ိန္မွာ ယေန႔မွာေတာ့ ျပည္သူေတြရဲ႕ ေကေပးအေကာင့္

အေတာ္မ်ားမ်ား အပိတ္ခံလိုက္ရၿပီ ျဖစ္ပါတယ္။ တခ်ိဳ႕က ဆင္းကတ္မွတ္ပုံတင္နဲ႔ ေကေပး မွတ္ပုံတင္ တူေပမယ့္လည္း အပိတ္ခံရေၾကာင္း ဝမ္းနည္းဖြယ္သိရွိရပါတယ္။ ယခုလို ေကေပးေတြ ကေယာက္ကယက္ ျဖစ္ေနခ်ိန္မွာ အဓိက ခံရတာေတာ့ အြန္လိုင္းေရွာ့ လုပ္တဲ့သူေတြပဲ ျဖစ္ပါတယ္။ အြန္လိုင္းေရွာ့ ေငြေပးေခ်မႈမွာ ေကေပးကို အဓိက အားထားလာတာ ၃ ႏွစ္ နီးပါး ၾကာျမင့္ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ယေန႔မွာေတာ့ ေကေပးေတြ

အမ်ားအျပား အပိတ္ခံရတဲ့အထဲမွာ အြန္လိုင္းေရွာ့ေတြလည္း ပါဝင္ေနတာကို ေတြ႕ရပါတယ္။ ဝန္ေဆာင္မႈတခုကို လူအမ်ား ယုံၾကည္ဖို႔ဆိုတာ ဝန္ေဆာင္မႈ ေခ်ာေမြ႕ျခင္း၊ ျပတ္ေတာက္မႈ မရွိျခင္း၊ တစုံတရာ လိုအပ္ပါက ခ်က္ခ်င္း ေျဖရွင္းေပးျခင္း စတဲ့ အခ်က္ေတြေပၚ မူတည္ေနပါတယ္။ တကယ္ဆိုရင္ ယခုလို ပိတ္သိမ္းမယ္ဆိုပါက သုံးစြဲသူေတြကို အသိေပးခ်က္ တစုံတရာ ကနဦး ေပးပို႔ရမွာ ျဖစ္ေပမယ့္လည္း

အံ့ဩဘဘဏ္အေနနဲ႔ ပ်က္ကြက္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေကေပးဝန္ေဆာင္မႈ ေကာလ္စင္တာအေနနဲ႔ အခုလို အေကာင့္ေတြပိတ္ထားျခင္းကို ေရရာေသခ်ာစြာ မရွင္းေပးႏိုင္တာေၾကာင့္ အံ့ဩဘဘဏ္အေပၚမွာ မရွိခဲ့တဲ့ လူေတြရဲ႕ ယုံၾကည္မႈဟာ ၿပိဳလဲသြားခဲ့ၿပီ ျဖစ္ပါတယ္။ ျပည္သူေတြရဲ႕ ယုံၾကည္မႈ ၿပိဳလဲျခင္းနဲ႔အတူ အံ့ဩဘဘဏ္မွာ အပ္ႏွံထားတဲ့ ျပည္သူေတြရဲ႕ အပ္ေငြေတြအေပၚ စိုးရိမ္စိတ္ေတြ

ဆင့္ပြားလာပါတယ္။ စကစ အလိုက် အသုံးေတာ္ခံေနရတဲ့ အံ့ဩဘဘဏ္မွာ အပ္ႏွံထားတဲ့ ျပည္သူေတြရဲ႕ ဥစၥာစည္းစိမ္ေတြကို စကစက အခ်ိန္မေ႐ြး ယူေဆာင္သြားႏိုင္တယ္လို႔ ျပည္သူေတြ စိတ္ထဲမွာ စြဲၿမဲစြာ မွတ္ထင္သြားၿပီ ျဖစ္ပါတယ္။ ျပည္သူေတြရဲ႕ မ်က္ႏွာကို မေထာက္တဲ့ အံ့ဩဘဘဏ္အေနနဲ႔ ျပည္သူေတြရဲ႕ သစၥာ စူးေရာက္မႈကို မၾကာခင္မွာ ခံရေတာ့မွာ မလြဲဧကန္ပဲ ျဖစ္ပါတယ္။ သန္း ၅၀ ေသာ ျပည္သူေတြရဲ႕

နာက်ည္းမႈကို ဘယ္အရာကမွ တားဆီးႏိုင္မွာ မဟုတ္ပါဘူး။ မိမိ စည္းစိမ္ဥစၥာတည္ၿမဲေရးအတြက္ ျပည္သူေတြကို စေတးခဲ့တဲ့ အံ့ဩဘ ဘဏ္ရဲ႕ နိဂုံး အဆုံးသတ္ကိုေတာ့ ျပည္သူေတြက အဆုံးအျဖတ္ေပးမယ့္ကာလ မၾကာခင္မွာ ေရာက္ရွိလာေတာ့မွာ ျဖစ္တဲ့အေၾကာင္း အသိေပး ေရးသားလိုက္ရပါတယ္ ခင္ဗ်ာ။

crd-

ယူနီကုတ္

ပြည်သူ့ဥစ္စာတွေကို ကိုယ်ကျိုးအတွက် အဓမ္မသိမ်းခဲ့တဲ့သူတွေအတွက် တန်ပြန်ခံစားရမယ့် ဝဋ်ကြွေးကတော့… ( ပြည်သူတွေကို သစ္စာဖောက်တဲ့ အံ့သြဘဘဏ် ပြည်သူ့ကျိန်စာ သင့်တော့မှာလား )

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောအများဆုံး ကိစ္စရပ်ကတော့ ကေပေးတွေ ရုတ်တရက် သုံးမရဘဲ အကောင့်ထဲ ရှိတဲ့ ငွေတွေကို အံ့ဩဘဘဏ်က သိမ်းဆည်းလိုက်တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။စကစက မှတ်ပုံတင်ထားတဲ့ ဆင်းကတ်နဲ့ ကေပေးဖွင့်ထားတဲ့ ဆင်းကတ် နာမည်မတူရင် ကေပေးတွေကို ပိတ်သိမ်းမယ်လို့ သတင်းထုတ်ပြန်ပြီးတာနဲ့ ချက်ချင်းဆိုသလို ယနေ့မှာ ကေပေး အကောင့်တွေကို အကျိုးအကြောင်းမဲ့ ပိတ်ချပစ်ခဲ့ပါတယ်။ ဆင်းကတ် မှတ်ပုံတင်နဲ့ ကေပေး ဖွင့်ထားတဲ့ မှတ်ပုံတင် မတူရင် ပိတ်သိမ်းမည် ဖြစ်ကြောင်း

လွန်ခဲ့တဲ့ ၂ ရက်က ကြေညာခဲ့ပေမယ့် ယခုလို ရုတ်တရက် ပိတ်ချလိုက်တာကြောင့် ပြည်သူတွေမှာ အခက်အခဲတွေ အများအပြားနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ကေပေးဆိုတာ မြန်မာနိုင်ငံမှာ အသုံးအများဆုံး မိုဘိုင်း ငွေပေးချေမှု စနစ်ဖြင်ပြီး အံ့ဩဘဘဏ်ရဲ့ ဈေးကွက် ချဲ့ထွက်မှုအရ လူထုကြားထဲ အများဆုံး ပျံ့နှံ့နေတဲ့ စနစ်တခု ဖြစ်ပါတယ်။ ထိုစနစ်ဟာ ပုံမှန်ဆိုရင်

ဆက်လက် ဖွံ့ဖြိုးရမှာ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အကောင့်ပိတ်ခြင်း၊ ဝန်ဆောင်မှု အဆင်မပြေခြင်းတွေနဲ့အတူ နာမည်ပျက်လာပြီ ဖြစ်ပါတယ်။ ယခု ရက်ပိုင်းအတွင်း စကစက ဆင်းကတ်မှတ်ပုံတင်ထားတဲ့ နာမည်နဲ့ ကေပေး ဖွင့်ထားတဲ့ နာမည် မတူရင် ပိတ်ပစ်မယ်ဆိုတဲ့ အမိန့်ကြောင့် ပြည်သူတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေချိန်မှာ ယနေ့မှာတော့ ပြည်သူတွေရဲ့ ကေပေးအကောင့်

အတော်များများ အပိတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ တချို့က ဆင်းကတ်မှတ်ပုံတင်နဲ့ ကေပေး မှတ်ပုံတင် တူပေမယ့်လည်း အပိတ်ခံရကြောင်း ဝမ်းနည်းဖွယ်သိရှိရပါတယ်။ ယခုလို ကေပေးတွေ ကယောက်ကယက် ဖြစ်နေချိန်မှာ အဓိက ခံရတာတော့ အွန်လိုင်းရှော့ လုပ်တဲ့သူတွေပဲ ဖြစ်ပါတယ်။ အွန်လိုင်းရှော့ ငွေပေးချေမှုမှာ ကေပေးကို အဓိက အားထားလာတာ ၃ နှစ် နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ ကေပေးတွေ

အများအပြား အပိတ်ခံရတဲ့အထဲမှာ အွန်လိုင်းရှော့တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ဝန်ဆောင်မှုတခုကို လူအများ ယုံကြည်ဖို့ဆိုတာ ဝန်ဆောင်မှု ချောမွေ့ခြင်း၊ ပြတ်တောက်မှု မရှိခြင်း၊ တစုံတရာ လိုအပ်ပါက ချက်ချင်း ဖြေရှင်းပေးခြင်း စတဲ့ အချက်တွေပေါ် မူတည်နေပါတယ်။ တကယ်ဆိုရင် ယခုလို ပိတ်သိမ်းမယ်ဆိုပါက သုံးစွဲသူတွေကို အသိပေးချက် တစုံတရာ ကနဦး ပေးပို့ရမှာ ဖြစ်ပေမယ့်လည်း

အံ့ဩဘဘဏ်အနေနဲ့ ပျက်ကွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကေပေးဝန်ဆောင်မှု ကောလ်စင်တာအနေနဲ့ အခုလို အကောင့်တွေပိတ်ထားခြင်းကို ရေရာသေချာစွာ မရှင်းပေးနိုင်တာကြောင့် အံ့ဩဘဘဏ်အပေါ်မှာ မရှိခဲ့တဲ့ လူတွေရဲ့ ယုံကြည်မှုဟာ ပြိုလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု ပြိုလဲခြင်းနဲ့အတူ အံ့ဩဘဘဏ်မှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ အပ်ငွေတွေအပေါ် စိုးရိမ်စိတ်တွေ

ဆင့်ပွားလာပါတယ်။ စကစ အလိုကျ အသုံးတော်ခံနေရတဲ့ အံ့ဩဘဘဏ်မှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ ဥစ္စာစည်းစိမ်တွေကို စကစက အချိန်မရွေး ယူဆောင်သွားနိုင်တယ်လို့ ပြည်သူတွေ စိတ်ထဲမှာ စွဲမြဲစွာ မှတ်ထင်သွားပြီ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မျက်နှာကို မထောက်တဲ့ အံ့ဩဘဘဏ်အနေနဲ့ ပြည်သူတွေရဲ့ သစ္စာ စူးရောက်မှုကို မကြာခင်မှာ ခံရတော့မှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။ သန်း ၅၀ သော ပြည်သူတွေရဲ့

နာကျည်းမှုကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ မိမိ စည်းစိမ်ဥစ္စာတည်မြဲရေးအတွက် ပြည်သူတွေကို စတေးခဲ့တဲ့ အံ့ဩဘ ဘဏ်ရဲ့ နိဂုံး အဆုံးသတ်ကိုတော့ ပြည်သူတွေက အဆုံးအဖြတ်ပေးမယ့်ကာလ မကြာခင်မှာ ရောက်ရှိလာတော့မှာ ဖြစ်တဲ့အကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။

crd-

Be the first to comment

Leave a Reply

Your email address will not be published.


*