crd-Aung Kyaw Oo
ယူနီကုတ်
ဒေါ်လာဈေးတွေ တအားတက်နေပေမယ့် ကားဈေးတက်နေပေမယ့် ကားပိုင်ရှင်တွေ မျက်ရည်ကျနေရတဲ့ အဖြစ် ( လိုင်းပေါ်မှာ ဈေးအော်နေသလာက် မြေပြင်မှာ အဝယ်မရှိတဲ့ဘဝ )
ဒေါ်လာဈေးတွေ တအားတက်နေပေမယ့် ကားဈေးက ဒေါ်လာနဲ့ ယှဉ်ရင် သိပ်မတက်ဘူးဆိုရမယ်။ အရင် ဒေါ်လာ ၁၀၀၀၀ တန်ကားက မြန်မာကျပ်ငွေ ၁၃၅ သိန်းပဲ ရှိတယ်။ အခု ဒေါ်လာဈေးနဲ့ဆို ၂၆၅ သိန်း ဖြစ်နေပြီ။ ကားဈေးတွေက တန်ဖိုးလျော့ကျမှု (Depreciation) ရှိတယ်ပဲ ပြောပြော။ ၃ နှစ်အတွင်းမှာဆို တနှစ်ကို ၁၀ ရာခိုင်နှုန်း တန်ဖိုးလျှော့ထားပြီးပဲ တွက်။ ၃ နှစ်ဆို ၃၀ ရာခိုင်နှုန်း နှုတ်ရင်တောင်
ကားဈေးက မတက်ပဲ အရှုံးပြနေတာ။ ဒါတောင် ပြင်ဆင်စရိတ်၊ အပိုပစ္စည်းစရိတ်တွေက လစဉ်ထပ်တိုး ကုန်ရတာက လက်ရှိ ဒေါ်လာပေါက်ဈေးကြောင့် ဝန်ဆောင်ခတွေရော အပိုပစ္စည်းတွေပါ မတရားတက်နေတော့ လက်တင်မောင်း ပြစ်ချက်မရှိတဲ့ ကားဈေးတွေဟာ မတက်ပဲ အရှုံးတောင် ပိုကြီးနေတယ်။ လူများစုက ကားပိုင်ရှင်တွေ၊ စီးလည်း စီးရတယ်။ ဈေးလည်း
တက်တယ် အထင်ကြီးနေကြတာ။ ကားမဝယ်မိရင်တောင် တလ တလ ဆီဖိုးနဲ့ ပြင်စရိတ် ၃ သိန်းကနေ ၅ သိန်းနီးပါ မကုန်တော့ဘူး။ ၁၁၅ သိန်းတန်ကားကို လွန်ခဲ့တဲ့ သုံးနှစ်က မဝယ်ပဲ ရွှေတဆယ်သား ဝယ်ထား။ အခု ထုတ်ရောင်းရင် သိန်း ၂၃၀ က အသာလေးရတယ်။
ကားစီးတဲ့သူတွေ ကားဝယ်မိတဲ့သူတွေ အရင်ခေတ်တွေလို မြတ်တာ မဟုတ်ဘူး။ အရှုံးကြီး ရှုံးနေကြတာ။
crd-Aung Kyaw Oo
Be the first to comment
Leave a Reply
Your email address will not be published.
*