
ဗဟိုဘဏ္က တစ္ေဒၚလာ ၂၁၀၀က်ပ္ထိ ေစ်းေျပာင္းတိုက္တာေၾကာင့္ ေဒၚလာေစ်း ကုန္ေစ်းႏႈန္း ဆက္တက္မွာလား ျပန္က်မွာလား ေမးခြန္းအတြက္ အေျဖ…..
ၾသဂုတ္လ ၅ ရက္ေန႔က ဗဟိုဘဏ္ရဲ႕ေျပာင္းလဲလိုက္တဲ့ မူဝါဒသစ္အရ ပို႔ကုန္ရေငြအားလုံး ၁၈၅၀ က်ပ္နဲ႔ အားလုံးသိမ္းဆည္းခဲ့ရာကေန ၆၅ % ပဲ လဲလွယ္သိမ္းဆည္းမယ္လို႔ ထုတ္ျပန္ထားပါတယ္။ အလားတူ ကန္တစ္ေဒၚလာ ၁၈၅၀ က်ပ္ ပုံေသသတ္မွတ္ထားရာကေန ခုဆို ကန္တစ္ေဒၚတစ္လာ ၂၁၀၀ က်ပ္ထိ တိုးျမႇင့္လိုက္တာေတြ႕ရပါတယ္။ ယခုလို ေျပာင္းလဲလိုက္တဲ့ ပို႔ကုန္မူဝါဒတစ္ရပ္ႏွင့္ ေျပာင္းလဲလိုက္တဲ့
ေဒၚလာေစ်းႏႈန္းေတြအရ ျပည္တြင္းမွာ ေဒၚလာေစ်းတက္မွာလား က်မွာလား၊ ကုန္ေစ်းႏႈန္း ဆက္တက္မွာလား ျပန္က်မွာလားဆိုတာေတာ့ အျမင္အမ်ိဳးမ်ိဳးကြဲျပားေနပါတယ္။ ၾဆာေဇာ္ႏိုင္က ”ပို႔ကုန္ရေငြေတြအကုန္လုံးကို တစ္ေဒၚလာ ၁၈၅၀ိ/- ေစ်းနဲ႔လဲၿပီး သိမ္းေနရာကေန အကုန္မသိမ္းေတာ့ဘဲ ၆၅% ပဲ လဲလွယ္သိမ္းဆည္းမယ္။က်န္တဲ့ ၃၅% ကို ဘာလုပ္လို႔ရမွာလဲ? သြင္းကုန္သြင္းတဲ့သူေတြကို Account Transferစာရင္းလႊဲေျပာင္းေရာင္းခ်ခြင့္ေပးမွာလား၊
မေပးဘူးလား၊ မပါေသး။ စာရင္းေျပာင္းေရာင္းခ်ခြင့္ျပဳမယ္လို႔ေတာ့ယူဆရပါတယ္။ ဒါမွသြင္းကုန္သမားေတြအတြက္လည္းအသက္ရႈေပါက္ရမွာေပါ့။ ႏိုင္ငံျခားကေနဘာမွမသြင္းနဲ႔လို႔တံခါးပိတ္ေနလို႔မွမရတာ။ ဗဟိုဘဏ္ရည္ၫႊန္းေစ်းကို တစ္ေဒၚလာ ၁၈၅၀ ကေန ၂၁၀၀ လို႔တိုးၿပီးသတ္မွတ္တယ္။ ၾသဂုတ္လ ၅ ရက္ေန႔ညေနထိ ၾကားရတဲ့ျပင္ပေစ်းကြက္ေပါက္ေစ်းေတြကတစ္ေဒၚလာကို ၂၆၆၀ိ/- ၇၀ိ/- ေလာက္အထိျဖစ္ခဲ့ေတာ့
ဗဟိုဘဏ္အေနနဲ႔ရည္ၫႊန္းေစ်းကို ၂၁၀၀ိ/အထိဆြဲတင္လိုက္တာ ရည္ၫႊန္းေစ်းနဲ႔ ျပင္ပေစ်းကြက္ေပါက္ေစ်းအရမ္းဟေနတာကိုနည္းနည္းဆြဲကပ္လိုက္တာလို႔ျမင္မိပါတယ္။ အဲ့ဒီလိုလုပ္ေဆာင္ခ်က္ႏွစ္ခုကဒီေန႔ျဖစ္ေပၚေနတဲ့ ျပင္ပေစ်းကြက္ေဒၚလာေစ်းကိုဆက္တက္ေစမွာလား? ျပန္က်ေစမွာလား? ဆိုတာကြၽန္ေတာ္စဥ္းစားေနမိပါတယ္။ ေဒၚလာေစ်းတက္ေစ၊က်ေစဖို႔
အေၾကာင္းရင္းခံအေၾကာင္းတရားေတြအမ်ားႀကီး ရွိပါတယ္။ အေမရိကန္ဗဟိုဘဏ္ရဲ႕ထိန္းေက်ာင္းမႈ ကမာၻ႔ႏိုင္ငံေရးအေျခအေန ျမန္မာ့ႏိုင္ငံေရးအေျခအေန ျမန္မာႏိုင္ငံရဲ႕ပို႔ကုန္၊သြင္းကုန္ ပိုေငြ၊လိုေငြအေျခအေန ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံျခား အရန္ေငြပမာဏ
ကမာၻ႔ႏိုင္ငံေတြကျမန္မာႏိုင္ငံအေပၚကူညီမႈ၊ပိတ္ဆို႔မႈ စတဲ့အေၾကာင္းတရားေတြအမ်ားႀကီးပါ။ ေဒၚလာေစ်း ဆက္တက္မွာလား? ျပန္က်မွာလား?ကုန္ေစ်းႏႈံးေတြ ဆက္တက္မွာလား၊ က်မွာလား? ၾဆာေဇာ္ႏိုင္” ဆိုၿပီး သုံးသပ္ေျပာဆိုထားပါတယ္။ စာဖတ္သူေတြအေနနဲ႔ ေဒၚလာေစ်း ကုန္ေစ်းႏႈန္း ဘာဆက္ျဖစ္မလဲဆိုတာ ဝင္ေရာက္ေဆြးေႏြးေပးခဲ့ၾကပါအုံးေနာ္။
crd-
ယူနီကုတ္
ဗဟိုဘဏ်က တစ်ဒေါ်လာ ၂၁၀၀ကျပ်ထိ ဈေးပြောင်းတိုက်တာကြောင့် ဒေါ်လာဈေး ကုန်ဈေးနှုန်း ဆက်တက်မှာလား ပြန်ကျမှာလား မေးခွန်းအတွက် အဖြေ…..
သြဂုတ်လ ၅ ရက်နေ့က ဗဟိုဘဏ်ရဲ့ပြောင်းလဲလိုက်တဲ့ မူဝါဒသစ်အရ ပို့ကုန်ရငွေအားလုံး ၁၈၅၀ ကျပ်နဲ့ အားလုံးသိမ်းဆည်းခဲ့ရာကနေ ၆၅ % ပဲ လဲလှယ်သိမ်းဆည်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ အလားတူ ကန်တစ်ဒေါ်လာ ၁၈၅၀ ကျပ် ပုံသေသတ်မှတ်ထားရာကနေ ခုဆို ကန်တစ်ဒေါ်တစ်လာ ၂၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်တာတွေ့ရပါတယ်။ ယခုလို ပြောင်းလဲလိုက်တဲ့ ပို့ကုန်မူဝါဒတစ်ရပ်နှင့် ပြောင်းလဲလိုက်တဲ့
ဒေါ်လာဈေးနှုန်းတွေအရ ပြည်တွင်းမှာ ဒေါ်လာဈေးတက်မှာလား ကျမှာလား၊ ကုန်ဈေးနှုန်း ဆက်တက်မှာလား ပြန်ကျမှာလားဆိုတာတော့ အမြင်အမျိုးမျိုးကွဲပြားနေပါတယ်။ ဆြာဇော်နိုင်က ”ပို့ကုန်ရငွေတွေအကုန်လုံးကို တစ်ဒေါ်လာ ၁၈၅၀ိ/- ဈေးနဲ့လဲပြီး သိမ်းနေရာကနေ အကုန်မသိမ်းတော့ဘဲ ၆၅% ပဲ လဲလှယ်သိမ်းဆည်းမယ်။ကျန်တဲ့ ၃၅% ကို ဘာလုပ်လို့ရမှာလဲ? သွင်းကုန်သွင်းတဲ့သူတွေကို Account Transferစာရင်းလွှဲပြောင်းရောင်းချခွင့်ပေးမှာလား၊
မပေးဘူးလား၊ မပါသေး။ စာရင်းပြောင်းရောင်းချခွင့်ပြုမယ်လို့တော့ယူဆရပါတယ်။ ဒါမှသွင်းကုန်သမားတွေအတွက်လည်းအသက်ရှုပေါက်ရမှာပေါ့။ နိုင်ငံခြားကနေဘာမှမသွင်းနဲ့လို့တံခါးပိတ်နေလို့မှမရတာ။ ဗဟိုဘဏ်ရည်ညွှန်းဈေးကို တစ်ဒေါ်လာ ၁၈၅၀ ကနေ ၂၁၀၀ လို့တိုးပြီးသတ်မှတ်တယ်။ သြဂုတ်လ ၅ ရက်နေ့ညနေထိ ကြားရတဲ့ပြင်ပဈေးကွက်ပေါက်ဈေးတွေကတစ်ဒေါ်လာကို ၂၆၆၀ိ/- ၇၀ိ/- လောက်အထိဖြစ်ခဲ့တော့
ဗဟိုဘဏ်အနေနဲ့ရည်ညွှန်းဈေးကို ၂၁၀၀ိ/အထိဆွဲတင်လိုက်တာ ရည်ညွှန်းဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးအရမ်းဟနေတာကိုနည်းနည်းဆွဲကပ်လိုက်တာလို့မြင်မိပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ချက်နှစ်ခုကဒီနေ့ဖြစ်ပေါ်နေတဲ့ ပြင်ပဈေးကွက်ဒေါ်လာဈေးကိုဆက်တက်စေမှာလား? ပြန်ကျစေမှာလား? ဆိုတာကျွန်တော်စဉ်းစားနေမိပါတယ်။ ဒေါ်လာဈေးတက်စေ၊ကျစေဖို့
အကြောင်းရင်းခံအကြောင်းတရားတွေအများကြီး ရှိပါတယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ထိန်းကျောင်းမှု ကမ္ဘာ့နိုင်ငံရေးအခြေအနေ မြန်မာ့နိုင်ငံရေးအခြေအနေ မြန်မာနိုင်ငံရဲ့ပို့ကုန်၊သွင်းကုန် ပိုငွေ၊လိုငွေအခြေအနေ မြန်မာနိုင်ငံရဲ့နိုင်ငံခြား အရန်ငွေပမာဏ
ကမ္ဘာ့နိုင်ငံတွေကမြန်မာနိုင်ငံအပေါ်ကူညီမှု၊ပိတ်ဆို့မှု စတဲ့အကြောင်းတရားတွေအများကြီးပါ။ ဒေါ်လာဈေး ဆက်တက်မှာလား? ပြန်ကျမှာလား?ကုန်ဈေးနှုံးတွေ ဆက်တက်မှာလား၊ ကျမှာလား? ဆြာဇော်နိုင်” ဆိုပြီး သုံးသပ်ပြောဆိုထားပါတယ်။ စာဖတ်သူတွေအနေနဲ့ ဒေါ်လာဈေး ကုန်ဈေးနှုန်း ဘာဆက်ဖြစ်မလဲဆိုတာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအုံးနော်။
crd-
Leave a Reply