US ဘဏ်တချို့ရဲ့ ပြိုလဲမှုကြောင့် ရိုက်ခတ်မှုရှိလာတဲ့ ပြည်တွင်းမြန်မာ့ ရွှေဈေးကွက် အခြေအနေ…
Posted on
US ဘဏ်တချို့ရဲ့ ပြိုလဲမှုကြောင့် ရိုက်ခတ်မှုရှိလာတဲ့ ပြည်တွင်းမြန်မာ့ ရွှေဈေးကွက် အခြေအနေ…
မတ်လ ၁၃ ရက် ယနေ့မှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး YGEA ရည်ညွှန်းစျေးနှုန်းမှာလည်း အကယ်ဒမီမီလင်းရွှေတစ်ကျပ်သားလျှင် ၂၂ သိန်းအထက်သို့ ရောက်ရှိလာတာတွေ့ရပါတယ်။
အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့် ကမ္ဘာ့ရွှေဈေးမှာလည်းမြင့်တက်လာပြီး ယနေ့မတ်လ(၁၃) ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၃ ကျပ်ဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းစျေးနှုန်းမှာ ၂၂၁၈၄၀၀ ကျပ်ဖြင့် ထုတ်ပြန်ထားပါတယ်
ပြင်ပစျေးကွက်အတွင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၂၈၆၅၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သား ၂၆၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေတယ်လို့ စျေးကွက်အတွင်းမှ သိရပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ” အဓိကတော့ကမ္ဘာ့ရွှေဈေးတက်လို့ တက်လာတာပေါ့။ အမေရိကန်က Signature Bank ကဒေဝါလီခံလိုက်တော့ ပြည်တွင်းမှာလည်း စျေးအပြောင်းအလဲဖြစ်လာတာပေါ့။ စျေးအပြောင်းအလဲရှိပေမယ့် အရောင်းအဝယ်ကတော့အေးပါတယ်။ စျေးမြင့်တက်တာတစ်ခုပဲရှိတယ်”လို့ ပြောဆိုထားပါတယ်။
ယင်းအပြင် ပြင်ရွှေစျေးကွက်နှင့်ငွေကြေးစျေးကွက်အတွင်း၌လည်း ရွှေစျေးနှုန်းမြင့်တက်နေပြီး ငွေလဲနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။
crd
zawgyi
မတ်လ ၁၃ ရက် ယနေ့မှာ ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး YGEA ရည်ညွှန်းဈေးနှုန်းမှာလည်း အကယ်ဒမီမီလင်းရွှေတစ်ကျပ်သားလျှင် ၂၂ သိန်းအထက်သို့ ရောက်ရှိလာတာတွေ့ရပါတယ်။
အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့် ကမ္ဘာ့ရွှေဈေးမှာလည်းမြင့်တက်လာပြီး ယနေ့မတ်လ(၁၃) ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၃ ကျပ်ဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၂၁၈၄၀၀ ကျပ်ဖြင့် ထုတ်ပြန်ထားပါတယ်
ပြင်ပဈေးကွက်အတွင်းမှာတော့ အခေါက်ရွှေ တကျပ်သား ၂၈၆၅၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သား ၂၆၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
ယင်းအပြင် ပြင်ရွှေဈေးကွက်နှင့်ငွေကြေးဈေးကွက်အတွင်း၌လည်း ရွှေဈေးနှုန်းမြင့်တက်နေပြီး ငွေလဲနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။
crd
Leave a Reply
Your email address will not be published. Required fields are marked *